×

အကယ်၍ သူတို့သည် အသင် (တမန်တော်) အား (မဟုတ်မတရား မမှန်မကန်စွပ်စွဲ၍) ငြင်းပယ်ကြလျှင် (သူတို့အား) “ကျွန်ုပ်သည် ကျွန်ုပ်၏ပြုမူလုပ်ဆောင်ချက်အတွက်လည်းကောင်း၊ သင်တို့သည် 10:41 Burmese translation

Quran infoBurmeseSurah Yunus ⮕ (10:41) ayat 41 in Burmese

10:41 Surah Yunus ayat 41 in Burmese (البورمية)

Quran with Burmese translation - Surah Yunus ayat 41 - يُونس - Page - Juz 11

﴿وَإِن كَذَّبُوكَ فَقُل لِّي عَمَلِي وَلَكُمۡ عَمَلُكُمۡۖ أَنتُم بَرِيٓـُٔونَ مِمَّآ أَعۡمَلُ وَأَنَا۠ بَرِيٓءٞ مِّمَّا تَعۡمَلُونَ ﴾
[يُونس: 41]

အကယ်၍ သူတို့သည် အသင် (တမန်တော်) အား (မဟုတ်မတရား မမှန်မကန်စွပ်စွဲ၍) ငြင်းပယ်ကြလျှင် (သူတို့အား) “ကျွန်ုပ်သည် ကျွန်ုပ်၏ပြုမူလုပ်ဆောင်ချက်အတွက်လည်းကောင်း၊ သင်တို့သည် သင်တို့၏ပြုမူလုပ်ဆောင်ချက်အတွက်လည်းကောင်း (တာဝန်ရှိပြီး) သင်တို့သည် ကျွန်ုပ်ပြုမူလုပ်ဆောင်သမျှမှလည်းကောင်း၊ ကျွန်ုပ်သည် သင်တို့ပြုမူလုပ်ဆောင်သမျှမှလည်းကောင်း၊ (မည်သို့မျှ မသက်ဆိုင်ဘဲ) လုံးဝ ကင်းလွတ်၏။”

❮ Previous Next ❯

ترجمة: وإن كذبوك فقل لي عملي ولكم عملكم أنتم بريئون مما أعمل وأنا, باللغة البورمية

﴿وإن كذبوك فقل لي عملي ولكم عملكم أنتم بريئون مما أعمل وأنا﴾ [يُونس: 41]

Ba Sein
၄၁။ သူတို့သည် သင့်ကို ဖယ်ရှားလျှင် ဟောကြားလော့၊ အကျွနု်ပ်ပြုကျင့်မှုသည် အကျွနု်ပ်အတွက်ဖြစ်သည်။ သင်တို့ကျင့်ကြံမှုသည် သင်တို့အတွက်ဖြစ်သည်။ သင်တို့သည် အကျွနု်ပ်ပြုလုပ်မှုအတွက် အပြစ်မသင့်။ အကျွနု်ပ် လည်း သင်တို့အပြုအမူအတွက် တာဝန်မရှိချေ။
Ghazi Mohammad Hashim
၎င်း ပြင် (အို-နဗီတမန်တော်) အကယ်၍ ထိုသူတို့သည် အသင့်အား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ် လျက်ရှိကြပါလျှင် အသင်သည် (၎င်း တို့အား ဤသို့) ဖြေကြားပါလေ။ငါ၏ အပြုအမူသည် ငါ၏အဖို့သာဖြစ်၍ အသင်တို့၏ အပြုအမူသည် အသင်တို့အဖို့သာ ဖြစ်ချေသည်။ အသင်တို့သည်ငါပြုသမျှနှင့်(မည်သို့မျှမဆိုင်၊လုံးဝ)လွတ်ကင်းသူများ ဖြစ်ကြကုန်၏။ ငါသည်လည်း အသင်တို့ပြုသမျှ တို့နှင့်(မည်သို့မျှမဆိုင်၊ လုံးဝ)လွတ်ကင်းသည်။
Hashim Tin Myint
ထို့ပြင် အကယ်၍ သူတို့သည် အသင်(တမန်‌တော်)အား မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်‌နေသည်ဆိုလျှင် (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “ငါ့လုပ်ရပ်(၏ အဆိုးအ‌ကောင်းရလဒ်)သည် ငါ၏အတွက်ပင်ဖြစ်၍ အသင်တို့လုပ်ရပ်(၏ အဆိုးအ‌ကောင်းရလဒ်)သည် အသင်တို့၏အတွက်ပင်ဖြစ်သည်။ အသင်တို့သည် ငါပြုလုပ်သမျှနှင့် လွတ်ကင်းသူများဖြစ်ကြ၍ ငါသည်လည်း အသင်တို့ပြုလုပ်သမျှများနှင့် လွတ်ကင်းသူဖြစ်သည်။“
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek