Quran with Burmese translation - Surah Al-‘Asr ayat 3 - العَصر - Page - Juz 30
﴿إِلَّا ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ وَتَوَاصَوۡاْ بِٱلۡحَقِّ وَتَوَاصَوۡاْ بِٱلصَّبۡرِ ﴾
[العَصر: 3]
﴿إلا الذين آمنوا وعملوا الصالحات وتواصوا بالحق وتواصوا بالصبر﴾ [العَصر: 3]
Ba Sein ၃။ သို့သော် ယုံကြည်လျက် ကောင်းမှုပွားများ၍ သစ္စာတရား၊ ခန္တီပါရမီများသို့ တိုက်တွန်းနှိုးဆော်သောသူတို့သည် ယင်းဆုံးရှုံးခြင်းသို့ မရောက်ချေ။ |
Ghazi Mohammad Hashim အကြင်သူတို့မှတပါး ထိုသူတို့သည် (အီမာန်)သက်ဝင်ယုံကြည်ခဲ့ကြ၏။ ၎င်းပြင် ကောင်းမြတ်သော အကျင့်သီလများကိုလည်း ကျင့်မူဆောက်တည်ခဲ့ကြ ၏။ ထို့ပြင် အချင်းချင်း မှန်ကန်သော (သာသနာပေါ်၌ ကြံ့ခိုင်စွာ)တည်ရှိကြရန်လည်း ဆုံးမကြကုန်၏။ ထိုမှတပါး ၎င်းတို့သည် သည်းခံကြရန်လည်း အချင်းချင်း ဆုံးမကြကုန်သတည်း။ |
Hashim Tin Myint အကြင်သူများမှလွဲ၍ ၊ ထိုသူများသည် အီမာန် ယုံကြည်ခဲ့ကြပြီး ကောင်းမြတ်သည့်လုပ်ရပ်များ ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် အမှန်တရားအပေါ်တွင် ရပ်တည်ကြရန်အချင်းချင်း တိုက်တွန်းဆုံးမကြသည်။ ထို့ပြင် သူတို့သည် သည်းခံကြရန်လည်း အချင်းချင်း တိုက်တွန်းဆုံးမကြသည်။ ###၂ |