×

မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်အတွင်းရှိ မျက်ကွယ်ရာများကို အရှင်မြတ်ဖြစ်တည်စေတော်မူပြီး အရှင့်အချုပ်အခြာထဲ၌ ရှိသောကြောင့် အလ္လာဟ်အရှင်မြတ်ပိုင်ဆိုင်တော်မူသောအရာများဖြစ်ပြီး စီမံချက်အရေးကိစ္စဟူသမျှသည်လည်း (အရှင့်နိယာမတရားများနှင့်အညီ) အရှင်မြတ်ဘက်သို့သာ ဦးတည်ရောက်ရှိစေခြင်း ခံရလိမ့်မည်။ သို့ဖြစ်ပေရာ 11:123 Burmese translation

Quran infoBurmeseSurah Hud ⮕ (11:123) ayat 123 in Burmese

11:123 Surah Hud ayat 123 in Burmese (البورمية)

Quran with Burmese translation - Surah Hud ayat 123 - هُود - Page - Juz 12

﴿وَلِلَّهِ غَيۡبُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَإِلَيۡهِ يُرۡجَعُ ٱلۡأَمۡرُ كُلُّهُۥ فَٱعۡبُدۡهُ وَتَوَكَّلۡ عَلَيۡهِۚ وَمَا رَبُّكَ بِغَٰفِلٍ عَمَّا تَعۡمَلُونَ ﴾
[هُود: 123]

မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်အတွင်းရှိ မျက်ကွယ်ရာများကို အရှင်မြတ်ဖြစ်တည်စေတော်မူပြီး အရှင့်အချုပ်အခြာထဲ၌ ရှိသောကြောင့် အလ္လာဟ်အရှင်မြတ်ပိုင်ဆိုင်တော်မူသောအရာများဖြစ်ပြီး စီမံချက်အရေးကိစ္စဟူသမျှသည်လည်း (အရှင့်နိယာမတရားများနှင့်အညီ) အရှင်မြတ်ဘက်သို့သာ ဦးတည်ရောက်ရှိစေခြင်း ခံရလိမ့်မည်။ သို့ဖြစ်ပေရာ အရှင်မြတ်ပေါ်တွင်သာ (အရေးကိစ္စဟူသမျှအတွက်) ယုံကြည်ကိုးစား၍ ပုံအပ်ကြလော့။ အမှန်စင်စစ်၊ သင့်အားဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် သင်တို့ပြုမူကျင့်ကြံသမျှအား သတိမမူဘဲ မေ့လျော့တော်မူမည့်အရှင်မြတ် မဟုတ်ချေ။

❮ Previous Next ❯

ترجمة: ولله غيب السموات والأرض وإليه يرجع الأمر كله فاعبده وتوكل عليه وما, باللغة البورمية

﴿ولله غيب السموات والأرض وإليه يرجع الأمر كله فاعبده وتوكل عليه وما﴾ [هُود: 123]

Ba Sein
၁၂၃။ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်နှင့် ကမ္ဘာမြေပေါ်ဝယ် မမြင်စွမ်းနိုင်သောအရာဝထ္ထုအပေါင်းတို့ကို စိုးပိုင်တော်မူ၏။ အရာခပ်သိမ်းကုန်တို့သည် အရှင်မြတ်အထံတော်သို့ ပြန်ရမည်သာတည်း။ ထို့ကြောင့် သင်တမန် တော်သည် အရှင်မြတ်အား ကိုးကွယ်လော့။ ကိုးစားယုံကြည်လော့။ မှတ်သားလော့။ သင်၏ အရှင်သခင်သည် သင်လူသားတို့ပြုကျင့်သည်ကို မသိမမြင်တော်မူသည်မဟုတ်ပေ။
Ghazi Mohammad Hashim
စင်စစ်သော်ကား မိုးကောင်းကင်များ၌ လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ မမြင်နိုင် သောအရာများ(ကိုစိုးပိုင်ခြင်းနှင့် သိစွမ်းနိုင်ခြင်း)သည် အလ္လာဟ်အရှင်မြတ်၌သာလျှင် ရှိပေသည်။ ထိုမှတစ်ပါး အရေးကိစ္စအလုံးစုံတို့သည်ထိုအရှင်မြတ် အထံသို့သာလျှင် ပြန်လည်ရောက်ခြင်းကိုခံကြရပေမည်။ သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ထိုအရှင်မြတ်ကိုသာလျှင် ဆည်းကပ်ကိုးကွယ်ပါလေ။၎င်းပြင် အသင်သည် ထိုအရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်စိတ်ချလွှဲအပ်ပါလေ။ စင်စစ်သော်ကား အသင်၏အရှင်မြတ်သည် အသင်တို့ကျင့်မူလျက် ရှိကြသည်များကို မေ့လျော့တော်မူမည့် အရှင်မြတ်မဟုတ်ချေ။
Hashim Tin Myint
ထို့ပြင် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင် မမြင်နိုင်‌သော အကွယ်မှအရာများ(ကို စိုးပိုင်ခြင်းနှင့် သိစွမ်းနိုင်ခြင်း)သည် အလ္လာဟ်အရှင်မြတ်၌ပင် ရှိသည်။ ထို့ပြင် အ‌ရေးကိစ္စအားလုံးသည် အရှင်မြတ်ထံသို့ပင် ပြန်လည်‌ရောက်ရှိ‌စေခြင်းကို ခံကြရမည်။ သို့ဖြစ်ရာ အသင်သည် အရှင်မြတ်ကိုသာ ကိုးကွယ်ပါ။ ၎င်း‌နောက် အသင်သည် အရှင်မြတ်အ‌ပေါ်၌သာ ယုံပုံလွှဲအပ်ပါ။ ထို့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် အသင်တို့ ပြုလုပ်‌နေသည်များကို ‌မေ့‌လျော့‌တော်မူမည့်အရှင် မဟုတ်‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek