Quran with Burmese translation - Surah Hud ayat 5 - هُود - Page - Juz 11
﴿أَلَآ إِنَّهُمۡ يَثۡنُونَ صُدُورَهُمۡ لِيَسۡتَخۡفُواْ مِنۡهُۚ أَلَا حِينَ يَسۡتَغۡشُونَ ثِيَابَهُمۡ يَعۡلَمُ مَا يُسِرُّونَ وَمَا يُعۡلِنُونَۚ إِنَّهُۥ عَلِيمُۢ بِذَاتِ ٱلصُّدُورِ ﴾
[هُود: 5]
﴿ألا إنهم يثنون صدورهم ليستخفوا منه ألا حين يستغشون ثيابهم يعلم ما﴾ [هُود: 5]
Ba Sein ၅။ မှတ်သားကြလော့။ (ယခုသူတို့သည် မိမိတို့၏ အကြံအစည်အတွေးအတောများကို အလ္လာဟ်အရှင်မြတ်အထံ တော်မှ ဖုံးကွယ်ထားရန် မိမိတို့ရင်များကို ဖုံးပိတ်ထားကြ၏။) သူတို့သည် မိမိကိုယ်များကို အဝတ်အစားနှင့် ဖုံးအုပ်ထားနေစဉ်ပင်လျှင် အရှင်မြတ်သည် သူတို့ကို အကြွင်းမဲ့သိမြင်တော်မူ၏။ မှတ်သားကြလော့၊ အရှင်မြတ် သည် လူသားတို့၏ စိတ်နှလုံးအတွင်းရှိရှိသမျှတို့ကို သိမြင်တော်မူ၏။ |
Ghazi Mohammad Hashim သတိပြုကြလေကုန်၊ ဧကန်မလွဲ ၎င်းတို့သည်(မိမိတို့၏စကားများကို) အလ္လာဟ်အရှင်မြတ်အပေါ် ၌လျှို့ဝှက်ဖုံးအုပ်နိုင်ကြရန် မိမိတို့၏ ရင်ဘတ်စိတ်ကို ခေါက်ကြလေသည်။ သတိပြုကြလေကုန်။ ထိုသူတို့သည် မိမိတို့၏အဝတ်အထည်များကို လွှမ်းခြုံကြသောအခါ(၌လည်း)ထိုအရှင်မြတ်သည် ထိုသူတို့ ဖုံးကွယ်ထားကြသည်များ ကိုလည်းကောင်း၊ ယင်းသူတို့ ထင်ရှားစေကြသည်များကိုလည်းကောင်း၊သိရှိတော်မူ၏။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် စတ်နှလုံးအတွင်း ကိန်းအောင်းလျက်ရှိသည်တို့ကို အကြွင်းမဲ့ သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint သတိပြုကြပါ၊ အမှန်စင်စစ် သူတို့သည် (သူတို့၏စကားများကို) အလ္လာဟ်အရှင်မြတ်အပေါ်တွင် ဖုံးကွယ်ထားရန် သူတို့၏ရင်းတွင်းရှိအကြံအစည်များကို လျှို့ဝှက်ထားကြသည်။ သတိပြုကြပါ၊ သူတို့သည် သူတို့၏အဝတ်အစားများကို ဖုံးအုပ်သောအခါ၌လည်း အရှင်မြတ်သည် သူတို့ ဖုံးအုပ်ထားသည်များနှင့် သူတို့ ဖော်ထုတ်ကြသည်များကို သိရှိတော်မူသည်။ အမှန်စင်စစ် အရှင်မြတ်သည် ရင်ဘတ်(စိတ်)များထဲ၌ ကိန်းအောင်းနေသည်များကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူသည်။ |