×

(အမှန်တရားသစ္စာသည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ထံတော်မှ အသင်တမန်တော်မြတ်ထံသို့ ချမှတ်ပေးအပ်ခြင်းခံရကြောင်းကို သိနားလည်လျက် ယုံကြည်သူသည် အမှန်တရားကို မြင်နိုင်စွမ်းမရှိသော မျက်မမြင်သူကဲ့သို့ 13:19 Burmese translation

Quran infoBurmeseSurah Ar-Ra‘d ⮕ (13:19) ayat 19 in Burmese

13:19 Surah Ar-Ra‘d ayat 19 in Burmese (البورمية)

Quran with Burmese translation - Surah Ar-Ra‘d ayat 19 - الرَّعد - Page - Juz 13

﴿۞ أَفَمَن يَعۡلَمُ أَنَّمَآ أُنزِلَ إِلَيۡكَ مِن رَّبِّكَ ٱلۡحَقُّ كَمَنۡ هُوَ أَعۡمَىٰٓۚ إِنَّمَا يَتَذَكَّرُ أُوْلُواْ ٱلۡأَلۡبَٰبِ ﴾
[الرَّعد: 19]

(အမှန်တရားသစ္စာသည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ထံတော်မှ အသင်တမန်တော်မြတ်ထံသို့ ချမှတ်ပေးအပ်ခြင်းခံရကြောင်းကို သိနားလည်လျက် ယုံကြည်သူသည် အမှန်တရားကို မြင်နိုင်စွမ်းမရှိသော မျက်မမြင်သူကဲ့သို့ ဖြစ်နိုင်မည်လော။ စူးစမ်းလေ့လာတွေးခေါ် ဆင်ခြင်ချင့်ချိန်သုံးသပ်နိုင်ကြသော ပညာရှင်များသည်သာလျှင် ပညာရှိနှင့်ပညာမဲ့ကိုလည်းကောင်း၊ အရှင်မြတ်အား နာခံအပ်နှံသူနှင့်အာခံဖီဆန်သူတို့ကိုလည်းကောင်း ခွဲခြားသိမြင်နိုင်ပြီး အလေးအနက် အရေးစိုက်၍ သတိထားလျက်) အပြန်အလှန်ထုတ်ဖော်ဖွင့်ဟပြောဆိုကြ၏။

❮ Previous Next ❯

ترجمة: أفمن يعلم أنما أنـزل إليك من ربك الحق كمن هو أعمى إنما, باللغة البورمية

﴿أفمن يعلم أنما أنـزل إليك من ربك الحق كمن هو أعمى إنما﴾ [الرَّعد: 19]

Ba Sein
၁၉။ အကြင်သူသည် သင်၏ အရှင်သခင်အထံတော်မှ သင့်အား ချပေးသနားတော်မူသောကျမ်းတော်သည် တရားစစ် တရားမှန်ဟု သိနားလည်အ့ံ။ ထိုသူသည် မျက်စိကန်းသူနှင့်ထပ်တူထပ်မျှဖြစ်သလော။ သို့သော်အသိအလိမ္မာ ဉာာဏ်ပညာရှိသူတို့သာလျှင် ဂရုစိုက်ကြ၏။
Ghazi Mohammad Hashim
အကြင်သူသည် စက္ခုအလင်းမရရှိသော မျက်ကန်းကဲ့သို့ဖြစ်နိုင်ပါမည်လော။ ထိုသူသည် အသင်၏ထံသို့အသင့်အား ဖန်ဆင်းမွေးမြူတော်မူ သောအရှင်မြတ်အထံတော်မှ ကျရောက်လာသောအရာသည် အမှန်တရားပင် ဖြစ်သည်ဟုကောင်းစွာ ယုံကြည်လေသည်။ (စင်စစ်မှာမူကား) နိသမ္မဉာဏ်ရှင်တို့ သည်သာသာလျှင် တရားကျကြကုန်သတည်း။
Hashim Tin Myint
အကြင်သူသည် အသင်၏ထံသို့ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ထံမှ ကျ‌ရောက်လာ‌သောအရာသည် အမှန်တရားဖြစ်သည်ဟု သိရှိယုံကြည်သည်။ ထိုသူသည် မျက်ကန်းနှင့် တူနိုင်ပါမည်‌လော။ (အမှန်စင်စစ်) အသိဉာဏ်ရှိ‌သောသူများသည်သာ တရားရကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek