×

သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏အမှန်တရား သစ္စာဘက်သို့ ဖိတ်ခေါ်တော်မူခြင်းအား ယုံကြည်၍အရှင့်စည်းမျဉ်းတော်များနှင့်အညီ လိုက်နာကျင့်ကြံခြင်းဖြင့် တုံ့ပြန် ကြသူတို့အတွက် အရှင်မြတ်ထံတော်၌ အကောင်းမြတ်ဆုံးသော အကျိုးဆုလဒ်များရှိပြီး 13:18 Burmese translation

Quran infoBurmeseSurah Ar-Ra‘d ⮕ (13:18) ayat 18 in Burmese

13:18 Surah Ar-Ra‘d ayat 18 in Burmese (البورمية)

Quran with Burmese translation - Surah Ar-Ra‘d ayat 18 - الرَّعد - Page - Juz 13

﴿لِلَّذِينَ ٱسۡتَجَابُواْ لِرَبِّهِمُ ٱلۡحُسۡنَىٰۚ وَٱلَّذِينَ لَمۡ يَسۡتَجِيبُواْ لَهُۥ لَوۡ أَنَّ لَهُم مَّا فِي ٱلۡأَرۡضِ جَمِيعٗا وَمِثۡلَهُۥ مَعَهُۥ لَٱفۡتَدَوۡاْ بِهِۦٓۚ أُوْلَٰٓئِكَ لَهُمۡ سُوٓءُ ٱلۡحِسَابِ وَمَأۡوَىٰهُمۡ جَهَنَّمُۖ وَبِئۡسَ ٱلۡمِهَادُ ﴾
[الرَّعد: 18]

သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏အမှန်တရား သစ္စာဘက်သို့ ဖိတ်ခေါ်တော်မူခြင်းအား ယုံကြည်၍အရှင့်စည်းမျဉ်းတော်များနှင့်အညီ လိုက်နာကျင့်ကြံခြင်းဖြင့် တုံ့ပြန် ကြသူတို့အတွက် အရှင်မြတ်ထံတော်၌ အကောင်းမြတ်ဆုံးသော အကျိုးဆုလဒ်များရှိပြီး ထိုသို့ မတုံ့ပြန်ကြသူတို့မူကား အကယ်၍ ဧကန်ပင်၊ သူတို့အတွက် ကမ္ဘာဂြိုလ်၌ရှိနေသမျှသော အရာအားလုံးအပြင် ယင်းတို့နှင့်အတူ အလားတူနောက်ထပ်အရာများကိုလည်း ထပ်တူထပ်မျှပိုင်ဆိုင်စေလျှက် ထိုပိုင်ဆိုင်အားလုံးကို ပြစ်ဒဏ်မှလွတ် မြောက်စေမည့် လျှော်ကြေးအဖြစ် ပေးဆောင်ရန် အမှန်ပင်ကမ်းလှမ်းလာကြလျှင်လည်း ထိုသူတို့သည် သူတိုအတွက် အလွန်ဆိုးဝါး၍ ကြောက်မက်ဖွယ်ကောင်းသော အရေးယူမှုဆိုင်ရာ စာရင်းရှင်းတမ်းကိုသာ ရရှိကြလမ့် မည်။ ထို့ပြင် သူတို့အတွက် တမလွန်၏ ဗိမာန်နေရာထိုင်ခင်းသည် ငရဲဘုံပင် ဖြစ်ပေမည်။ စင်စစ်သော်ကား ယင်း နေရာထိုင်ခင်းသည် အလွန်ပင် ဆိုးရွားလှပေသည်တကား။

❮ Previous Next ❯

ترجمة: للذين استجابوا لربهم الحسنى والذين لم يستجيبوا له لو أن لهم ما, باللغة البورمية

﴿للذين استجابوا لربهم الحسنى والذين لم يستجيبوا له لو أن لهم ما﴾ [الرَّعد: 18]

Ba Sein
၁၈။ အလ္လာဟ်အရှင်မြတ်၏ ဗျာဒိတော်ကို လိုက်နာဆောင်ရွက်သူတို့အတွက် ချမ်းသာသုခရှိ၏။ သို့သော်အရှင်မြတ်၏ ဗျာဒိတ်တော်ကို မလိုက်နာသူတို့မှာမူကား၊ အကယ်၍သူတို့သည် ကမ္ဘာမြေပေါ်ရှိရှိသမျှတို့ကို ပိုင်ဆိုင်လျှင် လည်းကောင်း၊ လောကီစည်းစိမ်ကို တဆတိုးပြီး ပေါင်းနှစ်ဆကို အပြစ်လွတ်ငြိမ်းရန် လျော်ကြေးပေးကြလတ့ံ။ ဤလူများသည် အလွန်ကြောက်မက်ဖွယ်ကောင်းသောအစစ်အကြောကို ခံကြရလတ့ံ။ သူတို့၏ ဗိမာန်သည် ငရဲဖြစ်မည်။ အလွန်ဆိုးသွမ်းယုတ်ည့ံသောဗိမာန်ဖြစ်၏။
Ghazi Mohammad Hashim
မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ အမိန့်တော်ကို လက်ခံနာယူကြကုန် သောသူတို့အဖို့အကောင်းမြတ်ဆုံးသောအကျိုးသည်ရှိပေသည်။ သို့ရာတွင်ထိုအရှင်မြတ်၏ အမိန့်တော်ကို လက်ခံနာယူခြင်းမပြုခဲ့ကြသောသူတို့မူကား အကယ်၍ ဧကန်စင်စစ် ၎င်းတို့၌ ကမ္ဘာမြေဝယ်ရှိသမျှသော အရာဝတ္ထုအလုံးစုံတို့အပြင် ယင်းနှင့်အတူထိုမျှလောက် နောက်ထပ်ရှိပါလျှင်လည်း အမှန်ပင် ၎င်းတို့သည် ထိုအလုံးစုံတို့ကို လျော်ကြေးအဖြစ် ပေးကြမည်သာတည်း။ ဤသူများပင် ၎င်းတို့၌ အလွန်ပြင်းထန်ပူ ဆွေးဖွယ်ဖြစ်သော စစ်ဆေးမှုသည်ရှိချေမည်။ ထို့ပြင် ၎င်းတို့၏ နေရာထိုင်ခင်းသည် ဂျဟန္နမ်ငရဲဘုံပင် ဖြစ်ပေမည်။ စင်စစ်သော်ကား ယင်းနေရာထိုင်ခင်းသည် အလွန်ပင် ဆိုးရွားလှပေသည်တကား။
Hashim Tin Myint
သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏အမိန့်‌တော်ကို လက်ခံလိုက်နာ‌သောသူများအတွက် အ‌ကောင်းဆုံးအကျိုးရှိသည်။ ၎င်း‌နောက် အရှင်မြတ်၏အမိန့်‌တော်ကို လက်ခံလိုက်နာခြင်းမရှိ‌သောသူများကမူ အကယ်၍ သူတို့၌ ကမာ္ဘ‌မြေတွင် ရှိသမျှအရာအားလုံးနှင့် ထိုအရာများနှင့်အတူ (‌နောက်ထပ်)ထိုမျှခန့်ရှိ‌သေးလျှင်လည်း သူတို့သည် ထိုအရာများကို (ကိယာမသ်‌နေ့၏ အပြစ်ဒဏ်မှ လွတ်ကင်းရန် ‌ပေးရမည်ဆိုလျှင်လည်း)အမှန်ပင် ‌လျော်‌ကြေးအဖြစ် ‌ပေးကြမည်ဖြစ်သည်။ ဤသူများပင် သူတို့အတွက် ပြင်းထန်ဆိုးဝါး‌သော စစ်‌ဆေးမှုရှိမည်။ ထို့ပြင် သူတို့၏‌နေရာထိုင်ခင်းသည် ဂျဟန္နမ် ငရဲဘုံပင်ဖြစ်သည်။ ထို့ပြင် ထို‌နေရာထိုင်ခင်းသည် အဘယ်မျှ ဆိုးရွားလိုက်သနည်း။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek