Quran with Burmese translation - Surah Ar-Ra‘d ayat 6 - الرَّعد - Page - Juz 13
﴿وَيَسۡتَعۡجِلُونَكَ بِٱلسَّيِّئَةِ قَبۡلَ ٱلۡحَسَنَةِ وَقَدۡ خَلَتۡ مِن قَبۡلِهِمُ ٱلۡمَثُلَٰتُۗ وَإِنَّ رَبَّكَ لَذُو مَغۡفِرَةٖ لِّلنَّاسِ عَلَىٰ ظُلۡمِهِمۡۖ وَإِنَّ رَبَّكَ لَشَدِيدُ ٱلۡعِقَابِ ﴾
[الرَّعد: 6]
﴿ويستعجلونك بالسيئة قبل الحسنة وقد خلت من قبلهم المثلات وإن ربك لذو﴾ [الرَّعد: 6]
Ba Sein ၆။ သူတို့မဖြစ်ပွားမီ မှတ်သားလောက်သောအပြစ်ဒဏ်တော်များဖြစ်ပေါ်ပြီးသော်လည်း သူတို့သည် သင်တမန်တော် အား အကျိုးသုခကို မတောင်းပဲ အပြစ်ဒုက္ခကိုသာ အမြန်ပေးရန် တောင်းဆိုကြ၏။ သို့သော်မှတ်သားကြလော့။ သင်၏ အရှင်သခင်သည် လူသားတို့၌ အပြစ်ရှိပြီးသော်လည်း သူတို့ကို ရက်ရက်ရောရောအပြစ်လွှတ်ထားတော် မူ၏။ တဖန်မှတ်သားလော့။ သင်၏ အရှင်သခင်သည် အပြစ်ဒဏ်ခတ်ရာ၌ ပြင်းထန်တော်မူ၏။ |
Ghazi Mohammad Hashim စင်စစ်သော်ကား ၎င်းတို့သည် အသင့်ထံ၌ ဘေးရန်ကင်းငြိမ်းခြင်းထက် အလျင် ဘေးအန္တရာယ်ကို အသင့်ထံ၌အလျင်စလိုတောင်းဆွဲကြကုန်၏။ အမှန်စင်စစ်သော်ကား ပြစ်ဒဏ်ခတ်မှုများသည် ၎င်းတို့အလျင်ရှိခဲ့ပြီး ဖြစ်ခဲ့ပေသည်။ ၎င်းပြင် မလွဲဧကန် အသင့်အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် လူတို့နှင့်ပတ်သက်၍ ၎င်းတို့သည် မတရားမှုကိုကျူးလွန်သူများဖြစ်ကြပါလျက် လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်မြတ်လည်း ဖြစ်တော်မူပေသည်။ ထိုမှတစ်ပါးအသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ပြင်းထန်စွာအပြစ်ပေးတော်မူသော အရှင်မြတ်လည်း အမှန်ပင်ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint ထို့ပြင် သူတို့သည် ကောင်းခြင်းထက် မကောင်းခြင်းကို အသင့်ထံမှ အလျင်စလို ရလိုကြသည်။ ထို့ပြင် အမှန်စင်စစ် သူတို့မတိုင်မီ၌ လူများအား သေးသိမ်စေသော အပြစ်ဒဏ်များ ကျရောက်ခဲ့သည့်အဖြစ်အပျက်များ* ကုန်လွန်ခဲ့ပြီဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် လူများနှင့်ပတ်သက်၍ သူတို့သည် မတရားကျူးလွန်သူများဖြစ်ကြပါလျက် (ချက်ချင်းအရေးမယူဘဲ၊ သူတို့ ဝန်ချတောင်းပန်လျှင်) လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသော အရှင်မြတ်ဖြစ်တော်မူသည်။ ထို့ပြင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် (သွေဖည်မှုထဲ၌ပင် ဇွတ်ပေနေသူများအား) ပြင်းထန်စွာ အပြစ်ပေးတော်မူသောအရှင်မြတ်လည်း အမှန်ပင် ဖြစ်တော်မူသည်။ |