Quran with Burmese translation - Surah Al-hijr ayat 65 - الحِجر - Page - Juz 14
﴿فَأَسۡرِ بِأَهۡلِكَ بِقِطۡعٖ مِّنَ ٱلَّيۡلِ وَٱتَّبِعۡ أَدۡبَٰرَهُمۡ وَلَا يَلۡتَفِتۡ مِنكُمۡ أَحَدٞ وَٱمۡضُواْ حَيۡثُ تُؤۡمَرُونَ ﴾
[الحِجر: 65]
﴿فأسر بأهلك بقطع من الليل واتبع أدبارهم ولا يلتفت منكم أحد وامضوا﴾ [الحِجر: 65]
Ba Sein ၆၅။ ထို့ကြောင့်ညဉ့်ကာလအချိန်တွင် သင်၏ အိမ်ထောင်သူအိမ်ထောင်သားတို့နှင့်တကွ၊ ဤအရပ်ဒေသမှ ထွက်သွား ပါလော့၊ သင်သည် သူတို့၏ နောက်မှ လိုက်ပါသွားကုန်လော့။ သင်တို့အနက် တစုံတယောက်မှ ပြန်လှည့်မလာပဲ အမိန့်ပေးတော်မူရာသို့ ထွက်သွားကြပါလော့ဟု ပြောဆိုကြ၏။ |
Ghazi Mohammad Hashim သို့ဖြစ်ပေရာ အသင်သည် မိမိအိမ်သူအိမ်သားတို့ကို ည၏အစိတ်အပိုင်းတစ်ခုခုတွင် ခေါ်ဆောင်၍ ထွက်ခွာသွားပါလေ။ ၎င်းနောက် အသင်သည် ၎င်းတို့၏နောက်မှ လိုက်သွားပါလေ။ ၎င်းပြင် အသင်တို့၏အနက်မှ တစ်ဦးတစ်ယောက်မျှပင်(နောက်သို့) ပြန်လှည့်၍မကြည့်ရ။ ၎င်းနောက် အသင်တို့(အားလုံး)သည် မိမိတို့၏အမိန့်ပေးခြင်းခံရသော နေရာသို့သာလျှင် (အာရုံစူးစိုက်၍)သွားကြလေကုန်။ |
Hashim Tin Myint သို့ဖြစ်ရာ အသင်သည် အသင်၏အိမ်သူအိမ်သားများအား ည၏အစိတ်အပိုင်း တစ်စုံတစ်ခု(အချိန်တစ်ချိန်)တွင် ခေါ်ဆောင်ပြီး ထွက်ခွာသွားပါ။* ထို့နောက် အသင်သည် အသင်သည် သူတို့၏နောက်မှလိုက်သွားပါ။ ၎င်းနောက် အသင်တို့ထဲမှ မည်သူမှ နောက်ပြန် လှည့်မကြည့်ရပေ။ ၎င်းနောက် အသင်တို့သည် အသင်တို့ အမိန့်ပေးခြင်းခံရသောနေရာထံသို့သာ သွားကြပါ။ |