Quran with Burmese translation - Surah Al-hijr ayat 98 - الحِجر - Page - Juz 14
﴿فَسَبِّحۡ بِحَمۡدِ رَبِّكَ وَكُن مِّنَ ٱلسَّٰجِدِينَ ﴾
[الحِجر: 98]
﴿فسبح بحمد ربك وكن من الساجدين﴾ [الحِجر: 98]
Ba Sein ၉၈။ သို့သော်သင်သည် မိမိ၏ ကျေးဇူးတော်သခင်၏ ဂုဏ်ကျေးဇူးတော်ကို ရင့်ကျူးလော့။ အရှင်မြတ်အား ဝပ်တွား ရှိခိုးပူဇော်သူတို့ဘောင်တွင် ပါဝင်လော့။ |
Ghazi Mohammad Hashim သို့ဖြစ်ပေရာ အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို ချီးမွမ်းထောမနာပြု ခြင်းနှင့်အတူ (ထိုအရှင်မြတ်၏)ဂုဏ်တော်ကိုလည်း ထင်ရှားစေပါလေ။၎င်းပြင် အသင်သည်(ထိုအရှင်မြတ်အား)ပျပ်ဝပ်ဦးချသူတို့တွင်အပါအဝင် ဖြစ်ပါလေ။ |
Hashim Tin Myint သို့ဖြစ်ရာ အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ကို ချီးမွမ်းမှုနှင့်အတူ သန့်ရှင်းစင်ကြယ်ကြောင်း ပြောဆိုပါ။ ထို့ပြင် အသင်သည် စဂျ်ဒဟ်ဦးချသူများထဲ၌ အပါအဝင်ဖြစ်လိုက်ပါ။ |