Quran with Burmese translation - Surah An-Nahl ayat 10 - النَّحل - Page - Juz 14
﴿هُوَ ٱلَّذِيٓ أَنزَلَ مِنَ ٱلسَّمَآءِ مَآءٗۖ لَّكُم مِّنۡهُ شَرَابٞ وَمِنۡهُ شَجَرٞ فِيهِ تُسِيمُونَ ﴾
[النَّحل: 10]
﴿هو الذي أنـزل من السماء ماء لكم منه شراب ومنه شجر فيه﴾ [النَّحل: 10]
Ba Sein ၁ဝ။ အရှင်မြတ်သည် မိုးကောင်းကင်မှ ရေသွန်းချတော်မူ၏။ ထိုရေမှ သင်တို့သောက်ရေရကြ၏။ ထိုရေမှ သစ်ပင် ဝါးပင်များပေါက်ရောက်ကြ၏။ ထိုသစ်ပင်ဝါးပင်၏ အရွက်အလက်များကို သင်တို့သည် မိမိတို့၏ ခြေလေးချောင်း တိရိစ္ဆာန်များအား ကျွေးမွေးကြ၏။ |
Ghazi Mohammad Hashim ထို(အလ္လာဟ်)အရှင်မြတ်သည်ပင်လျှင် (အသင်တို့အဖို့) မိုးကောင်းကင်မှ ရေကိုချပေးတော်မူခဲ့သော အရှင်ဖြစ်တော်မူ၏။ ထိုရေမှပင် အသင်တို့သည် သောက်သုံးကြကုန်၏။ ၎င်းပြင် ထိုရေကြောင့်ပင် (သစ်ပင်၊ မြက်ပင်စသည်ဖြင့်၊အမျိုးမျိုးသော)အပင်(များ)သည် ပေါက်ရောက်လေသည်။အသင်တို့သည် ထိုအပင်များ၌ပင်(တိရစ္ဆာန်များကို) ထိန်းကျောင်းကြပေသည်။ |
Hashim Tin Myint အရှင်မြတ်ပင် အသင်တို့အတွက် မိုးကောင်းကင်မှ မိုးရေကို ချပေးတော်မူသောအရှင်ဖြစ်တော်မူသည်။ ထိုရေမှပင် အသင်တို့သည် သောက်သုံးကြသည်။ ၎င်းနောက် ထိုရေကြောင့်ပင် အပင်များပေါက်ရောက်သည်။ အသင်တို့သည် ထိုအပင်များ၌ပင် (တိရစာ္ဆန်များကို)ထိန်းကျောင်းကြသည်။ |