×

စင်စစ်သော်ကား (လူသားအား လွတ်လပ်စွာရွေးချယ်ဆုံးဖြတ်ပိုင်ခွင့် ချီးမြှင့်တော်မူသည့်အတွက် ဘဝ တည်ဆောက်ရေးလမ်းစဉ်အမျိးမျိုးကို ကြံဆတီထွင်ကြရာ) ထိုလမ်းစဉ်များတွင် (ယင်းတို့နှင့်အညီ ဘဝဆောက်တည်ခြင်းဖြင့် အစွန်းရောက်ပြီး လမ်းမှားရောက်စေသည့်) 16:9 Burmese translation

Quran infoBurmeseSurah An-Nahl ⮕ (16:9) ayat 9 in Burmese

16:9 Surah An-Nahl ayat 9 in Burmese (البورمية)

Quran with Burmese translation - Surah An-Nahl ayat 9 - النَّحل - Page - Juz 14

﴿وَعَلَى ٱللَّهِ قَصۡدُ ٱلسَّبِيلِ وَمِنۡهَا جَآئِرٞۚ وَلَوۡ شَآءَ لَهَدَىٰكُمۡ أَجۡمَعِينَ ﴾
[النَّحل: 9]

စင်စစ်သော်ကား (လူသားအား လွတ်လပ်စွာရွေးချယ်ဆုံးဖြတ်ပိုင်ခွင့် ချီးမြှင့်တော်မူသည့်အတွက် ဘဝ တည်ဆောက်ရေးလမ်းစဉ်အမျိးမျိုးကို ကြံဆတီထွင်ကြရာ) ထိုလမ်းစဉ်များတွင် (ယင်းတို့နှင့်အညီ ဘဝဆောက်တည်ခြင်းဖြင့် အစွန်းရောက်ပြီး လမ်းမှားရောက်စေသည့်) ကွေ့ကောက်မှုများလည်းရှိသောကြောင့် (အစွန်းမရောက်ဘဲ ပန်းတိုင်အရောက်ဦးတည်စေရန် လမ်းညွှန်များပါရှိသော) အလ္လာဟ်အရှင်မြတ်၏ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်တော်အပေါ်၌သာ အခြေခံ၍ ဘဝတည်ဆောက်ရာ၏။ သို့ရာတွင် အကယ်၍သာ အရှင့်ဆန္ဒတော် ၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် အသင်တို့အားလုံးကို ဧကန်မုချပင်၊ တရားလမ်းမှန် ညွှန်ပြတော်မူနိုင်၏။

❮ Previous Next ❯

ترجمة: وعلى الله قصد السبيل ومنها جائر ولو شاء لهداكم أجمعين, باللغة البورمية

﴿وعلى الله قصد السبيل ومنها جائر ولو شاء لهداكم أجمعين﴾ [النَّحل: 9]

Ba Sein
၉။ ထို့အပြင်အရှင်မြတ်အဖို့မှာ လမ်းညွှန်ပြခြင်းဖြစ်၏။ လမ်းအချို့တို့သည် မဖြောင့်မမတ် ကွေ့ကောက်၏။ အကယ်၍ အရှင်မြတ်အလိုတော်ရှိခဲ့ပါလျှင် သင်တို့အားလုံးအား လမ်းမှန်ကို ပြတော်မူခဲ့လတ့ံ။
Ghazi Mohammad Hashim
စင်စစ်သော်ကား ဖြောင့်မှန်သော လမ်းကိုပြတော်မူရန်မှာ အလ္လာဟ်အရှင်မြတ်အပေါ်၌သာလျှင် တည်ရှိပေသည်။ စင်စစ် ထိုလမ်းများအနက် ကွေ့ ကောက်သောလမ်းများသည်လည်းရှိပေသည်။ သို့ရာတွင် အကယ်၍သာ ထိုအရှင်မြတ်သည် အလိုရှိတော် မူခဲ့ပါလျှင် အသင်တို့အားလုံးကိုတရားလမ်းမှန်ကို ပြတော်မူခဲ့ပြီး ဖြစ်ပေသတည်း။
Hashim Tin Myint
ထို့ပြင် ‌ဖြောင့်မတ်‌သောလမ်းကို ပြသရန်မှာ အလ္လာဟ်အရှင်မြတ်အ‌ပေါ်၌သာ မူတည်သည်။ ၎င်း‌နောက် ထိုလမ်းများထဲ၌ ‌ကွေ့‌ကောက်‌သောလမ်းလည်းရှိသည်။ ထို့ပြင် အရှင်မြတ်အလိုရှိ‌တော်မူလျှင် အသင်တို့အားလုံးကို အမှန်ပင် လမ်းမှန်‌ပေါ်‌ရောက်‌အောင် ပို့‌ဆောင်ညွှန်ကြား‌တော်မူခဲ့လိုက်ပြီးဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek