Quran with Burmese translation - Surah An-Nahl ayat 78 - النَّحل - Page - Juz 14
﴿وَٱللَّهُ أَخۡرَجَكُم مِّنۢ بُطُونِ أُمَّهَٰتِكُمۡ لَا تَعۡلَمُونَ شَيۡـٔٗا وَجَعَلَ لَكُمُ ٱلسَّمۡعَ وَٱلۡأَبۡصَٰرَ وَٱلۡأَفۡـِٔدَةَ لَعَلَّكُمۡ تَشۡكُرُونَ ﴾
[النَّحل: 78]
﴿والله أخرجكم من بطون أمهاتكم لا تعلمون شيئا وجعل لكم السمع والأبصار﴾ [النَّحل: 78]
Ba Sein ၇၈။ တဖန် အလ္လာဟ်အရှင်မြတ်သည် သင်တို့အား အမိဝမ်းတွင်းမှ ထုတ်ယူတော်မူ၏။ ထိုအခါသင်တို့သည် ဘာ မှမသိကြချေ။ ထို့နောက်သင်တို့သည် ဂုဏ်ကျေးဇူးတော်ကို သတိရချီးမွမ်းကြစေရန် နား၊ မျက်စိ၊ စိတ်နှလုံး စသည်တို့ကို ပေးသနားတော်မူ၏။ |
Ghazi Mohammad Hashim ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အား အသင်တို့၏မိခင်များ၏ဝမ်းတွင်းမှ ထွက်စေတော်မူခဲ့လေသည်။ ထိုအချိန်တွင် အသင်တို့ တစ်စုံတစ်ရာကိုမျှ မသိကြပေ။ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့ကျေးဇူးတော်ကို သိတတ်ကြအံ့သောငှာ အသင်တို့အဖို့ ကြားနိုင်စွမ်းကို လည်းကောင်း၊ မြင်နိုင်စွမ်းကိုလည်းကောင်း၊ စိတ်နှလုံးကိုလည်းကောင်း၊ ထည့်သွင်းပေးတော်မူခဲ့လေသည်။ |
Hashim Tin Myint ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အသင်တို့၏မိခင်၏ဝမ်းထဲမှ ထွက်စေတော်မူခဲ့သည်။ ထိုအချိန်က အသင်တို့သည် မည်သည့်အရာကိုမျှ မသိကြသေးပေ။ ထို့ပြင် အရှင်မြတ်သည် အသင်တို့ ကျေးဇူးသိတတ်ကြရန် အသင်တို့အတွက် ကြားနိုင်စွမ်း၊ မြင်နိုင်စွမ်းများနှင့် စိတ်နှလုံးများကို ထည့်သွင်းပေးတော်မူခဲ့သည်။ |