Quran with Burmese translation - Surah Al-Kahf ayat 65 - الكَهف - Page - Juz 15
﴿فَوَجَدَا عَبۡدٗا مِّنۡ عِبَادِنَآ ءَاتَيۡنَٰهُ رَحۡمَةٗ مِّنۡ عِندِنَا وَعَلَّمۡنَٰهُ مِن لَّدُنَّا عِلۡمٗا ﴾
[الكَهف: 65]
﴿فوجدا عبدا من عبادنا آتيناه رحمة من عندنا وعلمناه من لدنا علما﴾ [الكَهف: 65]
Ba Sein ၆၅။ ထိုအခါသူတို့သည် ငါ့အထံတော်မှ ကောင်းကြီးမင်္ဂလာတော်နှင့် အသိဉာာဏ်ပညာတို့ဖြင့် ငါချီးမြှောက်တော်မူသော ငါ၏ ကျေးကျွန်တယောက်ကို တွေ့ကြ၏။ |
Ghazi Mohammad Hashim ထိုအခါ ထိုနှစ်ဦးသည် ငါအရှင်မြတ်၏ ကျွန်များအနက် ကျွန်တစ်ပါးကို တွေ့ရှိကြလေသည်။ ငါ အရှင်မြတ်သည် ထိုကျွန်အား မိမိအထံတော်မှ အထူးကျေးဇူးတော်တစ်ရပ်ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ၎င်းပြင် ငါအရှင်မြတ်သည် (အထူး)ပညာတစ်ရပ်ကို လည်း ထိုကျွန်အား သင်ကြား၍ပေးတော်မူခဲ့လေသတည်း။ |
Hashim Tin Myint ထို့ပြင် ၎င်းတို့နှစ်ဦးသည် ငါအရှင်မြတ်၏ကျွန်များထဲမှ ကျွန်တစ်ဦး(ဖြစ်သူ ခိဿွ်ရ်)ကို တွေ့ရှိကြသည်။ ငါအရှင်မြတ်သည် ထိုကျွန်ကို ငါအရှင်မြတ်ထံတော်မှ ကရုဏာတော်ကို ပေးသနားထားပြီး ငါအရှင်မြတ်ထံတော်မှ ပညာကို ၎င်းအား သင်ပေးထားတော်မူသည်။ |