Quran with Burmese translation - Surah Al-Baqarah ayat 2 - البَقَرَة - Page - Juz 1
﴿ذَٰلِكَ ٱلۡكِتَٰبُ لَا رَيۡبَۛ فِيهِۛ هُدٗى لِّلۡمُتَّقِينَ ﴾
[البَقَرَة: 2]
﴿ذلك الكتاب لا ريب فيه هدى للمتقين﴾ [البَقَرَة: 2]
Ba Sein ၂။ ဤတော်မြတ်သည် သံသယကင်းသောကျမ်းတော်ဖြစ်၏။ ဒုစရိုက်မကောင်းမှုကို ရှောင်သူတို့အဖို့ လမ်းညွှန်ဖြစ်၏။ |
Ghazi Mohammad Hashim ဤကျမ်းသည် (ထုတ်ပြန် ပို့ချပြီးသော ကျမ်းဂန်အသီးသီးတို့၌ ဗျာဒိတ်ပေးထားပြီးဖြစ်သော ကုရ်အာန်) ဓမ္မက္ခန်တည်း။ ယင်းကျမ်းမြတ် နှင့်စပ်လျဉ်း၍ ယုံမှားသံသယ ဝိစိကိစ္ဆာဖြစ်ဘွယ်ရာ အကြောင်း အလျှင်းမရှိပြီ။ ယင်းကျမ်းမြတ်သည် သူတော်စင်များအဘို့ တရားလမ်းမှန်ကို ညွှန်ကြားပြသသော တရားဓမ္မဖြစ်သတည်း။ |
Hashim Tin Myint ဤကျမ်းသည် (ယခင်ထုတ်ပြန်ခဲ့သောကျမ်းများထဲ၌ ကြိုတင်အမိန့်ရှိထားသည့် ကျမ်းဂန်ဖြစ်လေရာ (ဝါ) အသင်တို့က ငါအရှင်မြတ်ထံတွင် ”ကျွန်ုပ်တို့အား ဖြောင့်မတ်မှန်ကန်သောလမ်းကို ညွှန်ကြားပြသတော်မူပါ” ဟု တောင်းခံခြင်းကို ငါအရှင်လက်ခံတော်မူ၍ ချပေးတော်မူလိုက်သည့် လမ်းမှန်ညွှန်ကြားပြသချက်ကျမ်းဂန်ဖြစ်လေရာ) ၎င်းကျမ်းဂန်နှင့်ပတ်သက်၍ သံသယဖြစ်စရာမရှိပေ။ ဤကျမ်းဂန်သည် မုသ်သကီန် ကြောက်ရွံ့ အပြစ်ရှောင် ကောင်းကျိုးဆောင်သူများအတွက် လမ်းမှန်ညွှန်ကြားပြသချက်ဖြစ်သည်။ |