Quran with Burmese translation - Surah Al-Baqarah ayat 23 - البَقَرَة - Page - Juz 1
﴿وَإِن كُنتُمۡ فِي رَيۡبٖ مِّمَّا نَزَّلۡنَا عَلَىٰ عَبۡدِنَا فَأۡتُواْ بِسُورَةٖ مِّن مِّثۡلِهِۦ وَٱدۡعُواْ شُهَدَآءَكُم مِّن دُونِ ٱللَّهِ إِن كُنتُمۡ صَٰدِقِينَ ﴾
[البَقَرَة: 23]
﴿وإن كنتم في ريب مما نزلنا على عبدنا فأتوا بسورة من مثله﴾ [البَقَرَة: 23]
Ba Sein ၂၃။ သင်တို့သည် ငါအရှင်က ငါ၏ကျေးကျွန်တမန်တော်ထံသို့ ချပေးသနားတော်မူသော ကုရ်အာန် ကျမ်းတော်၌ သံသယရှိလျှင် ဤကျမ်းတော်နှင့်တူသော စူရာဟ်တစ်ခုစီကုံးရေးသားကြလော့။ သင်တို့သည် အမှန်ကို ဆိုသူများဖြစ်ကြလျှင် အရှင်မြတ်မှတပါး သင်တို့သက်သေများကို ဖိတ်ခေါ်ကြ လော့။ |
Ghazi Mohammad Hashim ငါ၏အစေတော် နဗီတမန်တော် မုဟမ္မဒ် (ဆွ) အထံသို့ ငါအရှင်ထုတ်ပြန်ပို့ချတော်မူသော ကုရ်အာန်ကျမ်းမြတ်နှင့် စပ်လျဉ်း၍ အကယ်၍ အသင်တို့(စိတ်၌) ယုံမှားသံသယ ဒွိဟရှိခဲ့ပါလျှင် ထိုကျမ်းမြတ်နှင့် အလားတူ ကဏ္ဍတစ်ခုမျှ (စီကုန်း ရေးသား၍) ယူဆောင်လာကြကုန်လော့။ အကယ်၍ အသင်တို့သည် (သစ္စဝါဒီ) မှန်ကန်သော စကားပြောဆိုသူများ ဖြစ်ကြပါလျှင် သို့စီကုန်းရေးသားရာ၌ အလ္လာဟ်အရှင်မြတ်နှင့် ပြိုင်ဆိုင်၍ အသင်တို့အား ကူညီ ယိုင်းပင်းမည့် သူများကိုလည်း ခေါ်ဆောင်လာ ကြကုန်လော့။ |
Hashim Tin Myint ထို့ပြင် အကယ်၍ အသင်တို့သည် ငါအရှင်မြတ်က ငါအရှင်မြတ်၏ကျွန်(ဖြစ်သူ တမန်တော်မုဟမ္မဒ်(ဆွ) အပေါ်ချပေးတော်မူခဲ့သည့်အရာ (ကုရ်အာန်ကျမ်းတော်မြတ်)ကို (ငါအရှင်၏ထံမှမဟုတ်၊ မုဟမ္မဒ်(ဆွ)သည် မိမိသဘောနှင့်ပြောခဲ့သည်ဟု အသင်တို့) သံသယဖြစ်ခဲ့ကြသည်ဆိုလျှင် အသင်တို့အနေဖြင့် (စကားကြွယ်ဝသည့် အာရဗ်များပီသစွာ) ငါအရှင်ချပေးတော်မူခဲ့သော ထို(ကုရ်အာန်)နှင့်တူသည့် စူရဟ်ဏ္ဍတစ်ပုဒ် (မျှရေးသားပြုစုပြီး) ယူဆောင်လာခဲ့ကြပါ။ ထို့နောက် (တမန်တော်မုဟမ္မဒ်(ဆွ)၏စကားဟု အသင်တို့ပြောသည်မှာ မှန်မည်ဆိုလျှင်) အသင်တို့သည် စကားမှန်ပြောသူများဖြစ်ကြမည်ဆိုလျှင် အလ္လာဟ် အရှင်မြတ်မှလွဲ၍ အသင်တို့ကို သက်သေခံပေးမည့်သူ(ကူညီမည့်)သူများကိုလည်း ခေါ်ဆောင်လာခဲ့ကြပါ။ |