Quran with Burmese translation - Surah Al-Baqarah ayat 24 - البَقَرَة - Page - Juz 1
﴿فَإِن لَّمۡ تَفۡعَلُواْ وَلَن تَفۡعَلُواْ فَٱتَّقُواْ ٱلنَّارَ ٱلَّتِي وَقُودُهَا ٱلنَّاسُ وَٱلۡحِجَارَةُۖ أُعِدَّتۡ لِلۡكَٰفِرِينَ ﴾
[البَقَرَة: 24]
﴿فإن لم تفعلوا ولن تفعلوا فاتقوا النار التي وقودها الناس والحجارة أعدت﴾ [البَقَرَة: 24]
Ba Sein ၂၄။ သို့သော် သင်တို့သည် မစီကုံးမရေးသားနိုင်လျှင် အမှန်ပင် သင်တို့မရေးစွမ်းနိုင်ပေ။ သင်တို့သည် အဝီစိငရဲမီးမှ ကာကွယ်ကြလော့။ ထိုမီး၏ထင်းမှာ လူများနှင့်ကျောက်ခဲများဖြစ်၏။ ထိုငရဲကို မယုံကြည်သူတို့အဖို့ ပြင်ဆင်ထားတော်မူ၏။ |
Ghazi Mohammad Hashim အသင်တို့သည် ကုရ်အာန်ကျမ်းမြတ်နှင့် ယှဉ်ပြိုင်ခြင်းများကို အတိတ်ကာလတွင် မလုပ်နိုင်ခဲ့ကြ၊ ယခုမျက်မှောက် ပစ္စုပ္ပန်ကာလတွင် လုပ်နိုင်ကြသည်လည်းမဟုတ်၊ နောင်အနာဂတ်ကာလတွင်လည်း အလျှင်းလုပ်နိုင်ကြမည် မဟုတ်ပေ၊ သို့ဖြစ်ရာ အသင်တို့သည် ငရဲမီးဘေးမှ ဝေးစွာရှောင်ရှားကြကုန်၊ ထိုမီး၏မီးစာမှာ (အယူမှောက်မှားသော) ကာဖိရ် မိစ္ဆာဒိဋ္ဌိ များနှင့် (ထိုမိစ္ဆာ ဒိဋ္ဌိများ ဆည်းကပ်ကိုးကွယ်ကြသည့်) ကျောက်တုံးများ ဖြစ်ချေသည်။ ထိုမီးသည် ကာဖိရ် များအဘို့ အသင့်ပြုလုပ်ထားရှိပြီး ဖြစ်ပေသည်။ |
Hashim Tin Myint ထို့နောက် (အာရဗ်များသည် လူရေးသည့်ကုရ်အာန်ဟုပြောပြီး လက်တွေ့မရေးနိုင်ကြသောအခါ အလ္လာဟ်အရှင်မြတ်က သူတို့အားမိန့်ကြားတော်မူသည်) အကယ်၍ အသင်တို့သည် (အတိတ်၌ ကုရ်အာန်ကျမ်းတော်မြတ်နှင့်ပတ်သက်၍ ယှဉ်ပြိုင်မှုများ) မပြုလုပ်နိုင်ခဲ့ကြဘူးဆိုလျှင်၊ ထို့ပြင် (အနာဂတ်၌လည်း) မည်သည့်အခါမှ အသင်တို့ ပြုလုပ်နိုင်ကြမည် မဟုတ်ပေ။* သို့ဖြစ်ပေရာ အသင်တို့သည် ငရဲမီးမှ ကြောက်ရွံ့ရှောင်ကြဉ်ကြပါ။ ထိုငရဲမီး၏မီးစာသည် (ငြင်းပယ်သော ကာဖိရ်) လူသားများနှင့် (ကာဖိရ်များ၏ကိုးကွယ်ရာ) ကျောက်တုံးများဖြစ်သည်။* ထိုငရဲမီးသည် ကာဖိရ်ငြင်းပယ်သူများအတွက် အသင့်ပြုလုပ်ထားပြီးဖြစ်သည်။ |