Quran with Burmese translation - Surah Al-Baqarah ayat 29 - البَقَرَة - Page - Juz 1
﴿هُوَ ٱلَّذِي خَلَقَ لَكُم مَّا فِي ٱلۡأَرۡضِ جَمِيعٗا ثُمَّ ٱسۡتَوَىٰٓ إِلَى ٱلسَّمَآءِ فَسَوَّىٰهُنَّ سَبۡعَ سَمَٰوَٰتٖۚ وَهُوَ بِكُلِّ شَيۡءٍ عَلِيمٞ ﴾
[البَقَرَة: 29]
﴿هو الذي خلق لكم ما في الأرض جميعا ثم استوى إلى السماء﴾ [البَقَرَة: 29]
Ba Sein ၂၉။ အလ္လာဟ်အရှင်မြတ်သည် မြေပေါ်ဝယ် ရှိရှိသမျှတို့ကို သင်တို့အဘို့အရာ ဖန်ဆင်းထားတော်မူ၏။ ထို့နောက် မိုးကောင်းကင်ဘက်သို့လှည့်တော်မူ၍ ကောင်းကင်ခုနှစ်ထပ်ကို ဖန်ဆင်းတော်မူ၏။ အရှင်မြတ်သည် ခပ်သိမ်းကုန်သောအရာများကို သိတော်မူသော အရှင်ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim ထို(အလ္လာဟ်)အရှင်မြတ်သည် သင်တို့အကျိုးအလို့ငှာ ပထဝီမြေတွင် ရှိရှိသမျှသော ဝတ္ထုအစုစုကို ဖန်ဆင်းတော်မူ၏။ ထို့နောက် ထိုအရှင်သည် မိမိဆန္ဒတော် အတိုင်းမိုးကောင်းကင်ဘက်သို့ လှည့်တော်မူ၍ မိုးခုနစ်ထပ်ကို နေထားကျနစွာ ပြုလုပ်တော်မူ၏၊ စင်စစ်တမူကား ထိုအရှင်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူသည်။ |
Hashim Tin Myint ထိုအရှင်မြတ်သည် အသင်တို့အတွက် မြေပထဝီ၌ အလုံးစုံသောအရာကို ဖန်ဆင်းတော်မူခဲ့သည်။ ၎င်းနောက် အရှင်မြတ်သည် ကောင်းကင်ဘက်သို့ လှည့်တော်မူခဲ့ပြီး မိုးခုနှစ်ထပ်ကို နေသားတကျဖြစ်ရန် ပြုလုပ်တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် အရာရာတိုင်းအား အကြွင်းမဲ့သိရှိသောမူသော အရှင်ဖြစ်တော်မူသည်။ |