Quran with Burmese translation - Surah Al-Baqarah ayat 46 - البَقَرَة - Page - Juz 1
﴿ٱلَّذِينَ يَظُنُّونَ أَنَّهُم مُّلَٰقُواْ رَبِّهِمۡ وَأَنَّهُمۡ إِلَيۡهِ رَٰجِعُونَ ﴾
[البَقَرَة: 46]
﴿الذين يظنون أنهم ملاقو ربهم وأنهم إليه راجعون﴾ [البَقَرَة: 46]
Ba Sein ၄၆။ ထိုသူတို့သည် သူတို့၏အရှင်သခင်အား တွေ့ရမည်ကိုသော်လည်းကောင်း၊ သူတို့သည် အရှင်မြတ် ထံသို့ ပြန်ကြရမည်ကိုသော်လည်းကောင်း သူတို့သိကြ၏။ |
Ghazi Mohammad Hashim (ခန္တီတရားထားရှိကုန်သော မုအ်မင် တို့သည်) မုချဧကန် မိမိတို့အား မွေးမြူတော်မူသော အရှင်ကို ဖူးတွေ့ကြရမည်သူများ ဖြစ်ကြကုန်၏ဟူ၍လည်းကောင်း၊ ထိုအရှင်၏အထံတော်သို့လည်း ပြန်လှည့်ကြမည့်သူများ ဖြစ်ကြသည် ဟူ၍လည်းကောင်း၊ အမှန်ယုံကြည်ကြကုန်သည်။ |
Hashim Tin Myint ထို(ကြောက်ရွံ့ရိုးကျိုး)သူများသည် အမှန်မုချ သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို ဖူးတွေ့ကြရမည့်သူများဖြစ်သည်ဟု ယုံကြည်ကြသည့်အပြင် ထိုအရှင်မြတ်ထံသို့ ပြန်လှည့်ကြရမည့်သူများဖြစ်သည်ဟူ၍လည်း ယုံကြည်ကြသည်။ |