Quran with Burmese translation - Surah Al-Baqarah ayat 73 - البَقَرَة - Page - Juz 1
﴿فَقُلۡنَا ٱضۡرِبُوهُ بِبَعۡضِهَاۚ كَذَٰلِكَ يُحۡيِ ٱللَّهُ ٱلۡمَوۡتَىٰ وَيُرِيكُمۡ ءَايَٰتِهِۦ لَعَلَّكُمۡ تَعۡقِلُونَ ﴾
[البَقَرَة: 73]
﴿فقلنا اضربوه ببعضها كذلك يحي الله الموتى ويريكم آياته لعلكم تعقلون﴾ [البَقَرَة: 73]
Ba Sein ၇၃။ ထိုအခါ ငါအရှင်က သင်တို့သည် သူ့အားရိုက်နှက်ကြလော့ဟု ဗျာဒိတ်ပေးတော်မူ၏။ ယင်းသို့ အလ္လာဟ်အရှင်မြတ်သည် ထိုသေသူကို ပြန်ရှင်တော်မူစေ၍ သင်တို့အသိတရားရစေခြင်းငှာ မိမိ၏ နမိတ်လက္ခဏာ အ့ံဖွယ်တော်များကို ပြသတော်မူ၏။ |
Ghazi Mohammad Hashim ထို့နောက် ငါအရှင်မြတ်သည် (ဤသို့) မိန့်ကြားတော် မူခဲ့လေသည်၊ အသင်တို့သည်ယင်း (အသတ်ခံရသောသူ၏ ရုပ်ကလာပ်) ကိုထို (နွားမ) ၏ အချို့အစိတ်အပိုင်းဖြင့် ရိုက်ခတ်ကြကုန်လော့။ အလ္လာဟ် အရှင်မြတ်သည် (ကိယာမတ် ရှင်ပြန်ထရမည့်နေ့၌လည်း) ထိုကဲ့သို့ပင် သေသူများအား ရှင်စေတော်မူလတ္တံ။ ထို့ပြင် ထိုအရှင်မြတ်သည် အသင်တို့ နားလည်ကြရန်အလို့ငှါ မိမိ၏သက်သေခံလက္ခဏာ ရပ်များ ကို ပြသတော် မူလေသတည်း။ |
Hashim Tin Myint ထို့နောက် ငါအရှင်မြတ်သည် မိန့်ကြားတော်မူခဲ့သည်- အသင်တို့သည် ထိုသူ(သေ)ကို ထို(နွားမ)၏အစိတ်အပိုင်းနှင့် ရိုက်ခတ်လိုက်ကြပါ။ အလ္လာဟ်အရှင်မြတ်သည် ထိုကဲ့သို့ပင် သေသူများကို ရှင်စေတော်မူမည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့နားလည်ကြရန်အတွက် အရှင်မြတ်၏လက္ခဏာများကို ပြသတော်မူသည်။ |