Quran with Burmese translation - Surah Ta-Ha ayat 13 - طه - Page - Juz 16
﴿وَأَنَا ٱخۡتَرۡتُكَ فَٱسۡتَمِعۡ لِمَا يُوحَىٰٓ ﴾
[طه: 13]
﴿وأنا اخترتك فاستمع لما يوحى﴾ [طه: 13]
Ba Sein ၁၃။ ထို့ပြင်ငါသည် သင့်ကို ရွေးကောက်တော်မူပြီ၊ ထို့ကြောင့်သင်သည် ငါ၏ဗျာဒိတ်တော်ကို ကြားနာလော့။ |
Ghazi Mohammad Hashim စင်စစ် ငါအရှင်မြတ်သည် အသင့်အား (နဗီတမန်တော်အဖြစ်) ရွေးချယ်တော်မူပြီးဖြစ်ရာ အသင်သည်(မိမိထံသို့ ငါအရှင်မြတ်အထံတော်မှ) ထုတ်ပြန် ခြင်းခံရသောအမိန့်တော်များကို နားထောင်ပါလေ။ |
Hashim Tin Myint ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား (တမန်တော်အဖြစ်)ရွေးချယ်တော်မူပြီး ဖြစ်သည့်အတွက် အသင်သည် (အသင်၏ထံသို့ ငါအရှင်မြတ်ထံမှ) ထုတ်ပြန်ခြင်းခံရသော အမိန့်တော်များကို (သေချာစွာ)နားထောင်ပါ။ |