×

سورة طه باللغة البورمية

ترجمات القرآنباللغة البورمية ⬅ سورة طه

ترجمة معاني سورة طه باللغة البورمية - Burmese

القرآن باللغة البورمية - سورة طه مترجمة إلى اللغة البورمية، Surah TaHa in Burmese. نوفر ترجمة دقيقة سورة طه باللغة البورمية - Burmese, الآيات 135 - رقم السورة 20 - الصفحة 312.

بسم الله الرحمن الرحيم

طه (1)
တွာ ဟာ။
مَا أَنزَلْنَا عَلَيْكَ الْقُرْآنَ لِتَشْقَىٰ (2)
ငါအရှင်မြတ်သည် အသင်က စိတ်သောကဒုက္ခဝေဒနာခံစားရန် အသင့်အပေါ်ဝယ် ကုရ်အာန်ကျမ်းတော် မြတ်ကို ချမှတ်ပေးအပ်တော်မူခဲ့သည် မဟုတ်ပေ။
إِلَّا تَذْكِرَةً لِّمَن يَخْشَىٰ (3)
စင်စစ်မှာမူကား (ဤကုရ်အာန်ကျမ်းတော်မြတ်သည် သူ့နှလုံးသား၌ ငါအရှင်မြတ်အား) ကြောက်ရွံ့ရိုသေ သောသူအတွက် သတိရ တသ၍ ဖွင့်ဟထုတ်ဖော်စရာ (ဆုံးမသြဝါဒပင်) ဖြစ်၏။
تَنزِيلًا مِّمَّنْ خَلَقَ الْأَرْضَ وَالسَّمَاوَاتِ الْعُلَى (4)
(ထိုကုရ်အာန်ကျမ်းတော်မြတ်သည်) ကမ္ဘာဂြိုဟ်နှင့်မြင့်မားလှစွာသော မိုးကောင်းကင်များကို ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရှင်မြတ်ထံတော်မှ တဖြည်းဖြည်းချင်း ထုတ်ပြန်ချမှတ်ပေးအပ်ရာ (အဖြစ် ချ မှတ်ပေးအပ်တော်မူသော ကျမ်းတော်) ဖြစ်၏။
الرَّحْمَٰنُ عَلَى الْعَرْشِ اسْتَوَىٰ (5)
(ကျမ်းတော်မြတ်ကုရ်အာန်ကို ချမှတ်ပေးအပ်တော်မူသော) အနန္တကရုဏာတော်ရှင်သည်ကား (စကြဝဋ္ဌာအလုံးစုံအား နိယာမတရားတော်များဖြင့် မျှတလိုက်ဘက်စွာ ထိန်းချုပ်တော်မူသည့်) အရှင့်တန်ခိုးအာ ဏာစက်ကို အရ်ရှ်ပလ္လင်တော်ထက်ဝယ် အတိမ်းအစောင်းကင်းမဲ့စွာဖြင့် နေထားတကျဖြစ်အောင် ထူထောင်တော်မူ၏။
لَهُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ وَمَا بَيْنَهُمَا وَمَا تَحْتَ الثَّرَىٰ (6)
မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ ရှိသမျှတို့သည်လည်းကောင်း၊ ယင်းတို့ကြားဝယ် ရှိသမျှတို့သည် လည်းကောင်း၊ မြေဆီလွှာအောက်၌ ရှိသမျှတို့သည်လည်းကောင်း၊ (အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရာများဖြစ်၍ အရှင့်စည်းမျဉ်းတော်နှင့်အညီသာ အသုံးချသင့်သည့်) ထိုအရှင်မြတ်ပိုင် ဆိုင်တော်မူသော အရာများပင် ဖြစ်၏။
وَإِن تَجْهَرْ بِالْقَوْلِ فَإِنَّهُ يَعْلَمُ السِّرَّ وَأَخْفَى (7)
(အို၊ ရစူလ်တမန်တော်) အကယ်၍ အသင်သည် ပြောဆိုချက်များနှင့်စပ်လျဉ်း၍ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလျှင် (အရှင်မြတ်အတွက် မထူးခြားပေ အကြောင်းမှာ) ဧကန်ပင် ထိုအရှင်မြတ်သည် စိတ်ထဲတွင် သိုသို သိပ်သိပ်ထားသည်ကိုလည်းကောင်း၊ လျှို့ဝှက်ကြံစည်၍ ဖုံးဖိထားသည်ကိုလည်းကောင်း၊ သိနေတော်မူ၏။
اللَّهُ لَا إِلَٰهَ إِلَّا هُوَ ۖ لَهُ الْأَسْمَاءُ الْحُسْنَىٰ (8)
အလ္လာဟ်အရှင်မြတ်သည် (သက်ရှိသက်မဲ့အားလုံးကို ဖြစ်တည်စေတော်မူပြီး လိုအပ်သည့် နိယာမတရား များနှင့်စည်းစနစ်များကိုလည်း ဖွံဖြိုးစေတော်မူသော အရှင်ဖြစ်တော်မူ၍ မည်သည့်အရာကိုမျှ မမှီခိုဘဲ တစ်ပါးတည်း ပကတိရပ်တည်နေတော်မူသောအရှင် ဖြစ်တော်မူသောကြောင့်) ထိုအရှင်မှအပ အခြား (ပူဇော်ပသ၊ ရှိခိုး ကန်တော့၊ ဆည်းကပ်ကိုးကွယ်ထိုက်သော) အရှင်ဟူ၍ အလျှင်း မရှိပေ။ အမွန် မြတ်ဆုံးသော နာမတော်၊ ဂုဏ်တော်များသည် ထိုအရှင်မြတ်နှင့်သာ ထိုက်တန်တော်မူ၏။
وَهَلْ أَتَاكَ حَدِيثُ مُوسَىٰ (9)
ထို့ပြင် (တမန်တော်) မူဆာ၏သတင်းအချက်အလက်နှင့်အကြောင်းအရာသည် အသင် (တမန်တော်မုဟမ္မဒ်) ထံ ရောက်လာခဲ့ပြီလော။
إِذْ رَأَىٰ نَارًا فَقَالَ لِأَهْلِهِ امْكُثُوا إِنِّي آنَسْتُ نَارًا لَّعَلِّي آتِيكُم مِّنْهَا بِقَبَسٍ أَوْ أَجِدُ عَلَى النَّارِ هُدًى (10)
(တမန်တော်မူဆာသည် မိသားစုနှင့်အတူ သဲကန္တာရခရီးထွက်ခဲ့ရာ တမန်တော်) မူဆာသည် မီးကို မြင်လေသော် သူ့မိသားစုအား ''သင်တို့သည် (ဤနေရာ၌ပင် ခဏ) စောင့်နေကြလော့။ ဧကန်ပင်၊ ကျွန်ုပ်သည် မီးတစ်မျိုးကို တွေ့မြင်ခဲ့ပြီဖြစ်ရာ ယင်းမီးမှ မီးကျီးမီးခဲကို အသင်တို့ထံ ယူဆောင်လာနိုင်ကောင်း ယူဆောင်လာနိုင်၏။ သို့တည်းမဟုတ် ကျွန်ုပ်သည် ယင်းမီးပေါ်အခြေခံ၍ လမ်းညွှန် တစ်စုံတစ်ရာကို တွေ့ရှိနိုင်၏။'' ဟု ပြောဆိုလေ၏။
فَلَمَّا أَتَاهَا نُودِيَ يَا مُوسَىٰ (11)
ထို့နောက် (တမန်တော်) မူဆာသည် ထိုမီး၏အနီးသို့ ရောက်လတ်သော် “အို၊ မူဆာ၊” ဟု ခေါ်ဆိုခြင်းကို ခံခဲ့ရလေ၏။
إِنِّي أَنَا رَبُّكَ فَاخْلَعْ نَعْلَيْكَ ۖ إِنَّكَ بِالْوَادِ الْمُقَدَّسِ طُوًى (12)
ဧကန်ပင်၊ (အသင့်အား ခေါ်သူမှာ ငါအရှင်မြတ်ပင်ဖြစ်ပြီး) ငါအရှင်မြတ်သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ အသင်သည် သင့်ကြိုးသိုင်းဖိနပ်ကို ချွတ်လော့။ ဧကန်စင်စစ်၊ အသင်သည် ထူးမြတ်သော ''တွုဝါ'' တောင်ကြားချိုင့်ဝှမ်းအရပ်၌ ရောက်ရှိနေ၏။
وَأَنَا اخْتَرْتُكَ فَاسْتَمِعْ لِمَا يُوحَىٰ (13)
စင်စစ် ငါအရှင်မြတ်သည် အသင့်အား (နဗီတမန်တော်အဖြစ်) ရွေးချယ်တော်မူပြီးဖြစ်ရာ အသင်သည် (ငါအရှင့်ထံတော်မှ) ဝဟီအမိန့်တော်ထုတ်ပြန် ပို့ချပေးအပ်ခြင်း ခံရသမျှကို နားယူလော့။
إِنَّنِي أَنَا اللَّهُ لَا إِلَٰهَ إِلَّا أَنَا فَاعْبُدْنِي وَأَقِمِ الصَّلَاةَ لِذِكْرِي (14)
ဧကန်ပင်၊ ငါအရှင်မြတ်သည် အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူပြီး (သက်ရှိသက်မဲ့အားလုံးကို ဖွဲ့စည်းဖြစ်တည်စေတော်မူလျက် လိုအပ်သည့် နိယာမတရားများနှင့်စည်းစနစ်များကိုလည်း ဖွံဖြိုးစေတော်မူသောအရှင် ဖြစ်တော်မူရုံသာမက မည်သည့်အရာကိုမျှ မမှီခိုဘဲ တစ်ပါးတည်း ပကတိရပ်တည်နေတော်မူသော အရှင်ဖြစ်တော်မူသောကြောင့်) ထိုအရှင်မှအပ အခြား (ပူဇော်ပသ၊ ရှိခိုးကန်တော့၊ ဆည်းကပ်ကိုးကွယ်ထိုက်သော) အရှင်ဟူ၍ အလျှင်း မရှိပေ။ သို့ဖြစ်ပေရာ ငါအရှင်မြတ်ကိုသာလျှင် နာခံကိုးကွယ်လော့။ ထို့ပြင် ငါအရှင်မြတ် အား သတိရ တသ၍ ဖွင့်ဟနိုင်ရန်အလို့ငှာ ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ မြဲမြံစွာ) ဆောက်တည်လော့။
إِنَّ السَّاعَةَ آتِيَةٌ أَكَادُ أُخْفِيهَا لِتُجْزَىٰ كُلُّ نَفْسٍ بِمَا تَسْعَىٰ (15)
ဧကန်မလွဲ၊ ငါအရှင်မြတ်သည် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့် စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မ ဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) တိုင်းက ယင်းကို အသုံးပြု၍ ရုန်း ကန်ကြိုးပမ်းသမျှ၏အကျိုးဆက်အား အပြည့်အဝ ချီးမြှင့်ခြင်း ခံရရန်အလို့ငှာ ရှင်ပြန်ထမြောက်ရမည့် နောက်ဆုံးနေ့ရက် အချိန်နာရီရောက်ရှိလာမည့်အကြောင်းအား (မည်သူ့ကိုမျှ အသိပေးတော်မူခြင်း မရှိဘဲ) လျှို့ဝှက်ထားတော်မူ၏။
فَلَا يَصُدَّنَّكَ عَنْهَا مَن لَّا يُؤْمِنُ بِهَا وَاتَّبَعَ هَوَاهُ فَتَرْدَىٰ (16)
သို့ဖြစ်ပေရာ အသင် (တမန်တော်) သည် ထို (ရှင်ပြန်ထမြောက်ရမည့် နောက်ဆုံးနေ့ရက် အချိန်နာရီ) ကို မယုံကြည်၍ သူ့စိတ်အလိုဆန္ဒရမ္မက်အတိုင်းသာ လိုက်စားသောသူအား အသင်ကိုယ်တိုင် ဆုံးရှုံးပျက် စီးသော်ငြားလည်း ယင်းကို ယုံကြည်ခြင်းမှ တားဆီးပိတ်ပင်နိုင်ရန် ခွင့်မပြုလေနှင့်။
وَمَا تِلْكَ بِيَمِينِكَ يَا مُوسَىٰ (17)
ထို့ပြင် အို၊ မူဆာ၊ သင်၏ညာလက်၌ ရှိသောအရာသည် အဘယ်အရာနည်း။
قَالَ هِيَ عَصَايَ أَتَوَكَّأُ عَلَيْهَا وَأَهُشُّ بِهَا عَلَىٰ غَنَمِي وَلِيَ فِيهَا مَآرِبُ أُخْرَىٰ (18)
(တမန်တော်) မူဆာက (အို၊ အရှင်မြတ်) ဤသည် ကျွန်တော်မျိုး၏တောင်ဝှေးဖြစ်ပြီး ကျွန်ုပ်သည် ယင်း ပေါ်၌ မှီ၍ အထောက်အကူရရုံသာမက ယင်းဖြင့်ပင် ကျွန်ုပ်၏ဆိတ်များအတွက် သစ်ရွက်များကိုလည်း ခြွေနိုင်သည့်အပြင် ယင်း၌ ကျွန်ုပ်အတွက် အခြားနောက်ဆက်တွဲ အသုံးဝင်မှုများလည်း ရှိသေး၏။” ဟု လျှောက်ထား အစီရင်ခံလေ၏။
قَالَ أَلْقِهَا يَا مُوسَىٰ (19)
(ထိုစဉ် အရှင်မြတ်က) “အို၊ မူဆာ အသင်သည် ယင်း (တောင်ဝှေး) ကို (မြေကြီးပေါ်သို့) ပစ်ချလော့။” ဟု မိန့်ကြားတော်မူလေ၏။
فَأَلْقَاهَا فَإِذَا هِيَ حَيَّةٌ تَسْعَىٰ (20)
သို့ဖြစ်ပေရာ (တမန်တော်) မူဆာသည် ယင်းကို (မြေကြီးပေါ်သို့) ပစ်ချသောအခါ ယင်းသည် သွက် လက် လျင်မြန်စွာ တွန့်လိမ့်လှုပ်ရှားနေသော မြွေတစ်ကောင် ဖြစ်လေ၏။
قَالَ خُذْهَا وَلَا تَخَفْ ۖ سَنُعِيدُهَا سِيرَتَهَا الْأُولَىٰ (21)
အရှင်မြတ်က “(အို၊ မူဆာ) အသင်သည် ယင်း (မြွေ) ကို ဖမ်းကိုင်လော့။ သို့သော် မကြောက်ရွံ့လေနှင့်။ ငါအရှင်မြတ်သည် ယင်းမြွေကို ယင်း၏မူလပထမအခြေအနေအတိုင်း ပြန်လည်၍ ဖြစ်စေတော်မူမည်။” ဟု မိန့် တော်မူ၏။
وَاضْمُمْ يَدَكَ إِلَىٰ جَنَاحِكَ تَخْرُجْ بَيْضَاءَ مِنْ غَيْرِ سُوءٍ آيَةً أُخْرَىٰ (22)
ထို့ပြင် အသင်သည် ယာဘက်လက်ကို သင့်ဘက်သို့ (ဆွဲကာ ချိုင်းကြားတွင်) ထည့်သွင်း၍ ပြန် ဆွဲထုတ်လော့။ ယင်းလက်မှာ မည်သည့် အပြစ်အနာအဆာ မရှိသောနောက်ထပ် သက်သေလက္ခဏာတော်တစ် ပါးအဖြစ်၊ လင်းဝင်း ထွန်းတောက်လျက် ထွက်လာလိမ့်မည်။
لِنُرِيَكَ مِنْ آيَاتِنَا الْكُبْرَى (23)
(ထိုသို့ ဖြစ်စေတော်မူခြင်းမှာ) ငါအရှင်မြတ်သည် အသင့်အား ကြီးကျယ်စွာသော သက်သေလက္ခဏာတော်များအနက် (အချို့ကို) ပြသတော်မူရန် ဖြစ်ချေ၏။
اذْهَبْ إِلَىٰ فِرْعَوْنَ إِنَّهُ طَغَىٰ (24)
ဖါရိုမင်းထံသို့ သွားလော့။ ဧကန်ပင်၊ သူသည် (အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်၍) အာခံပုန်ကန် သူပင် ဖြစ်၏။
قَالَ رَبِّ اشْرَحْ لِي صَدْرِي (25)
(ထိုအခါ တမန်တော်) မူဆာက အို၊ ကျွန်တော်မျိုးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်အတွက် (အရှင့်အလင်းတော်ဖြင့်) ကျွန်ုပ်၏ရင်ကို ကျယ်ဝန်းစေတော်မူပါ။
وَيَسِّرْ لِي أَمْرِي (26)
ထို့ပြင် ကျွန်ုပ်၏စီမံချက်အရေးကိစ္စကို ကျွန်ုပ်အတွက် လွယ်ကူစေတော်မူပါ။
وَاحْلُلْ عُقْدَةً مِّن لِّسَانِي (27)
ထို့ပြင် (ဘာသာစကား၌ ပိုမို၍ သွက်လက်ကျွမ်းကျင်မှုရှိစေရန်) ကျွန်ုပ်၏နှုတ်လျှာမှ အထုံးအထစ်ကို ပြေပြစ်စေတော်မူပါ။
يَفْقَهُوا قَوْلِي (28)
သို့မှသာ ကျွန်ုပ်၏သွန်သင်ပြောဆိုချက်များကို (လူတို့) နားလည်နိုင်ကြမည် ဖြစ်၏။
وَاجْعَل لِّي وَزِيرًا مِّنْ أَهْلِي (29)
ထို့ပြင် ကျွန်ုပ်၏မိသားစုအနက်မှပင် ကျွန်ုပ်အတွက် (ကျွန်ုပ်၏တာဝန်ဝန်ထုပ်ကို မျှဝေထမ်းရွက်နိုင်မည့်) ကူညီယိုင်းပင်းသူတစ်ဦး ဖြစ်ပေါ် ခန့်အပ်စေတော်မူပါ။
هَارُونَ أَخِي (30)
ကျွန်တော်မျိုး၏နောင်တော် ဟာရူန်ကို (ကျွန်ုပ်အတွက် အင်အား ဖြစ်စေတော်မူပါ။)
اشْدُدْ بِهِ أَزْرِي (31)
သူအားဖြင့် ကျွန်တော်မျိုး၏အင်အားကို တောင့်တင်းခိုင်မာစေတော်မူပါ။
وَأَشْرِكْهُ فِي أَمْرِي (32)
ထို့ပြင် သူ့ကို ကျွန်ပ်စီမံချက်အရေးကိစ္စတွင် တာဝန်ခွဲဝေလုပ်ဆောင်သူအဖြစ် ဖြစ်စေတော်မူပါ။
كَيْ نُسَبِّحَكَ كَثِيرًا (33)
သို့မှသာ ကျွန်ုပ်တို့သည် အရှင်မြတ်က (ချို့တဲ့မှု လုံးဝ ကင်းရှင်းပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်သော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို များစွာ ဂုဏ်တင်ခွင့်ရမည်ဖြစ်၏။
وَنَذْكُرَكَ كَثِيرًا (34)
ကျွန်ုပ်တို့သည် အသင် (အရှင်မြတ်) အား များစွာ သတိရ တသလျက် ထုတ်ဖော်ဖွင့်ဟနိုင်မည် ဖြစ်၏။
إِنَّكَ كُنتَ بِنَا بَصِيرًا (35)
ဧကန်ပင်၊ အသင် (အရှင်မြတ်) သည် ကျွန်ုပ်တို့ (၏အခြေအနေအရပ်ရပ်) နှင့်စပ်လျဉ်း အစဉ် မြင်နေတော်မူသောအရှင် (စောင့်ကြည့်နေတော်မူသောအရှင်) ပင် ဖြစ်တော်မူ၏။
قَالَ قَدْ أُوتِيتَ سُؤْلَكَ يَا مُوسَىٰ (36)
(ထိုစဉ်) အရှင်မြတ်က “အို၊ မူဆာ၊ ဧကန်မလွဲ၊ သင်၏တောင်းခံချက်သည် ချီးမြှင့် ပေးသနားတော်မူ ခြင်းကို ခံရလေပြီးဖြစ်၏။
وَلَقَدْ مَنَنَّا عَلَيْكَ مَرَّةً أُخْرَىٰ (37)
အမှန်စင်စစ်မူကား၊ ငါအရှင်မြတ်သည် အသင့်အပေါ်၌ (ယခင်ကအတိုင်းပင်) နောက်ထပ်တစ်ကြိမ် (စွမ်းရည် လမ်းညွှန်တော်နှင့်အခွင့်အလမ်း စသော အရှင့်) ကျေးဇူးတော်များဖြင့် ဂုဏ်ပေး (မျက်နှာသာပေး) ခဲ့ပြီ။
إِذْ أَوْحَيْنَا إِلَىٰ أُمِّكَ مَا يُوحَىٰ (38)
ငါအရှင်မြတ်သည် အသင်၏မိခင်ထံသို့ အမိန့်တော်ထုတ်ပြန်ပို့ချပေးအပ်ခြင်း ခံရဖွယ်ရာ (အကြောင်း) ကို (သူမ၏အာရုံထဲ၌ ဖြစ်ပေါ်စေတော်မူလျက်) ထုတ်ပြန်ပို့ချ ပေးအပ်တော်မူခဲ့၏။
أَنِ اقْذِفِيهِ فِي التَّابُوتِ فَاقْذِفِيهِ فِي الْيَمِّ فَلْيُلْقِهِ الْيَمُّ بِالسَّاحِلِ يَأْخُذْهُ عَدُوٌّ لِّي وَعَدُوٌّ لَّهُ ۚ وَأَلْقَيْتُ عَلَيْكَ مَحَبَّةً مِّنِّي وَلِتُصْنَعَ عَلَىٰ عَيْنِي (39)
(တမန်တော်မူဆာ၏မိခင်အား) “အသင်မသည် မူဆာအား သေတ္တာထဲသို့ ထည့်လော့။ ထို့နောက် ယင်း (သေတ္တာ) ကို မြစ်ရေ၌ မျှောချလော့။ ထိုအခါ ထိုမြစ်ရေသည် ယင်းကို ကမ်းခြေသို့ (သောင်တင်) ဆိုက် ရောက်စေမည်။” (အမိန့်တော်အား အာရုံထဲ၌ ဖြစ်စေတော်မူသည့်အတိုင်း ပြုခဲ့သော်) ငါအရှင်မြတ်၏ရန်သူလည်းဖြစ်၊ သူ၏ရန်သူလည်း ဖြစ်သောသူသည် မူဆာကို (ရေထဲမှ) ဆယ်ယူလိမ့်မည်။” (ဟု သူမ ၏အာရုံထဲ၌ ဖြစ်ပေါ်စေတော်မူ၏။) ထို့နောက် ငါအရှင်မြတ်သည် (အသင့်အား မြင်သူတိုင်း ချစ်ခင်အံ့သောငှာ) အသင် (တမန်တော် မူဆာ) အပေါ်၌ အရှင့်ထံတော်မှ ချစ်ခြင်းမေတ္တာကို သက်ရောက် (တည် တံ့) စေတော်မူပြီး ငါအရှင်မြတ်၏မျက်မှောက်တော်၌ပင် (အစစအရာရာ၌ အကာအကွယ်ရ စေတော်မူလျက်) လူလားမြောက်အောင် ကျွေးမွေး သုတ်သင်စေတော်မူခဲ့၏။
إِذْ تَمْشِي أُخْتُكَ فَتَقُولُ هَلْ أَدُلُّكُمْ عَلَىٰ مَن يَكْفُلُهُ ۖ فَرَجَعْنَاكَ إِلَىٰ أُمِّكَ كَيْ تَقَرَّ عَيْنُهَا وَلَا تَحْزَنَ ۚ وَقَتَلْتَ نَفْسًا فَنَجَّيْنَاكَ مِنَ الْغَمِّ وَفَتَنَّاكَ فُتُونًا ۚ فَلَبِثْتَ سِنِينَ فِي أَهْلِ مَدْيَنَ ثُمَّ جِئْتَ عَلَىٰ قَدَرٍ يَا مُوسَىٰ (40)
(တမန်တော်မူဆာ၏မိခင် ညွှန်ကြားသည့်အတိုင်း သင့်အစ်မက ယင်းသေတ္တာကို ခြေရာခံလိုက်လျက်) သင်၏အစ်မသည် (ဖါရိုမင်း၏နန်းတော်အရောက်) လျှောက်လှမ်းခဲ့ပြီးနောက် သူမက “ကျွန်မသည် သင်တို့အား သူ့ကို (ကောင်းစွာ) ကျွေးမွေး၍ ပြုစုစောင့်ရှောက်မည့် နိုင်မည့်သူတစ်ဦးအား ညွှန်ပြရမည်လော။” ဟု မေးမြန်း ခဲ့၏။ ထိုသို့ဖြင့် ငါအရှင်မြတ်သည် အသင်အား သင်၏မိခင်ထံသို့ပြန်လည် အပ်စေတော်၍ သူမ၏ (စိတ်နှလုံးနှင့်) မျက်စိကို ငြိမ်းချမ်းအေးမြစေတော်မူသောကြောင့် ဝမ်းနည်းပူဆွေးခြင်းလည်း မရှိခဲ့ပေ။ ထို့ပြင် (အရွယ်ရောက်လာသည့်အချိန်တွင် တရားမျှတမှုကို အလေးပေး၍ မတရားမှုကို တော်လှန်ခဲ့စဉ်) အသင်သည် လူတစ်ယောက်ကို (မရည်ရွယ်ဘဲ မတော်တဆ) သတ်မိခဲ့ရာ ငါအရှင်မြတ်သည် စိတ်ဒုက္ခရောက်ရှိခြင်းမှ သင့်ကို ကယ်တင်တော် မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား (အရည်အချင်နှင့်စွမ်းရည်များဖြင့် ပြီးပြည့်စုံစေတော်မူရန်) စမ်း သပ်မှုကြီးဖြင့် စမ်းသပ်တော်မူခဲ့လေ၏။ သို့ဖြစ်ပေရာ အသင်သည် မဒ်ယန်ပြည် သူတို့ ကြားတွင် နှစ်ရှည်လများ နေထိုင်စေတော်မူလေ၏။ ထို့နောက် တစ်ဖန် အို၊ မူဆာ၊ အသင်သည် (ရှိသင့် ရှိထိုက်သော နှလုံးရည်ကို ရရှိလာသောအခါ) သင့်အတွက် သတ်မှတ်ပြဌာန်းထားသော အချိန်သို့ ရောက်ရှိလာခဲ့လေ၏။
وَاصْطَنَعْتُكَ لِنَفْسِي (41)
ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား ငါအရှင်မြတ်၏စည်းမျဉ်းတော်များနှင့်အညီ ဘဝဆောက်တည်ရန် အတွက် (နဗီတမန်တော်အဖြစ်) ရွေးချယ်တော်မူခဲ့လေပြီ ဖြစ်၏။
اذْهَبْ أَنتَ وَأَخُوكَ بِآيَاتِي وَلَا تَنِيَا فِي ذِكْرِي (42)
(သို့ဖြစ်ပေရာ) အသင်နှင့်အသင့်နောင်တော်တို့သည် ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော် များနှင့်တကွ သွားကြလော့။ ထို့ပြင် အသင်တို့နှစ်ဦးသည် ငါအရှင်မြတ်၏သတိရ တသ၍ ဖွင့်ဟစရာ (ဖြစ်သော ကျမ်းတော်) ၌ ပေါ့ဆလျော့ပါးခြင်း မပြုကြလေနှင့်။
اذْهَبَا إِلَىٰ فِرْعَوْنَ إِنَّهُ طَغَىٰ (43)
သင်တို့နှစ်ဦးသည် ဖါရိုမင်းဆက်ထံသို့ သွားကြလော့။ ဧကန်ပင်၊ သူသည် (အရှင့်စည်းမျဉ်းတော်များကို) လွန်စွာ ဖောက်ဖျက်ကျူးလွန်သူပင် ဖြစ်၏။
فَقُولَا لَهُ قَوْلًا لَّيِّنًا لَّعَلَّهُ يَتَذَكَّرُ أَوْ يَخْشَىٰ (44)
ထို့နောက် အသင်တို့နှစ်ဦးသည် (ဖါရိုမင်းဆက်က အရှင့်လမ်းညွှန်တော်ကို) သတိရ တသ၍ ထုတ်ဖော် ဖွင့်ဟနိုင်ရန် သို့တည်းမဟုတ် အရှင်မြတ်ကို ကြောက်ရွံ့ရိုသေနိုင်ရန် သူ့အား နူးညံ့သိမ်မွေ့သောစကားကို ပြောဆိုကြလော့။
قَالَا رَبَّنَا إِنَّنَا نَخَافُ أَن يَفْرُطَ عَلَيْنَا أَوْ أَن يَطْغَىٰ (45)
(ထိုအခါ တမန်တော်မူဆာနှင့်ဟာရူန်တို့နှစ်ဦးက) အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ဧကန်ပင်၊ ကျွန်တော်မျိုးတို့သည် (ဖါရိုမင်းဆက်နှင့်အပေါင်းပါတို့အား အရှင့်အမိန့်ပညတ်ချက်များနှင့်စပ်လျဉ်း၍ ဆုံးခန်းတိုင်အောင် မဟောကြားမီ) သူက ကျွန်ုပ်တို့အား ဆန့်ကျင်၍ အဆောတလျင် (ပိုကဲလျက်) ဒုက္ခပေးမည် သို့တည်းမဟုတ် ပိုမို၍ပင် (နိုင်လိုမင်းထက်ပြုလျက်) ဖောက်ဖျက် ကျူးလွန်မည် စိုးရိမ်ကြောင့်ကြမိကြပါ၏။” ဟု လျှောက်ထားပန်ကြားခဲ့ကြလေ၏။
قَالَ لَا تَخَافَا ۖ إِنَّنِي مَعَكُمَا أَسْمَعُ وَأَرَىٰ (46)
အရှင်မြတ်က “အသင်တို့နှစ်ဦးသည် မစိုးရိမ်ကြလေနှင့်။ ဧကန်ပင်၊ ငါအရှင်မြတ်သည် (အခြေအနေနှင့်အကြောင်းအရာ အလုံးစုံတို့ကို အကြွင်းမဲ့) ကြားနေ မြင်နေတော်မူလျက် အသင်တို့ နှစ်ဦးနှင့်အတူ ရှိတော်မူ၏။
فَأْتِيَاهُ فَقُولَا إِنَّا رَسُولَا رَبِّكَ فَأَرْسِلْ مَعَنَا بَنِي إِسْرَائِيلَ وَلَا تُعَذِّبْهُمْ ۖ قَدْ جِئْنَاكَ بِآيَةٍ مِّن رَّبِّكَ ۖ وَالسَّلَامُ عَلَىٰ مَنِ اتَّبَعَ الْهُدَىٰ (47)
သို့ဖြစ်ပေရာ အသင်တို့နှစ်ဦးသည် သူ့ထံသို့ သွားကြပြီးလျှင် သူတို့အား ဧကန်ပင်၊ ကျွန်ုပ်တို့သည် အသင်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ထံတော်မှ (စေလွှတ် တော်မူသော) ရစူလ်တမန်တော်နှစ်ပါးပင် ဖြစ်ကြ၏။ သို့ဖြစ်ပေရာ အသင်သည် အစ္စရေးမျိုးနွယ်ဝင် တို့အား ကျွန်ုပ်နှင့်အတူ (လွတ်လပ်စွာ) ထွက်သွားခွင့်ပေးလော့။ ထို့ပြင် သူတို့အား (ဆက်လက်၍) ညှင်း ပန်းနှိပ်စက်ခြင်း မပြုလေနှင့်။ ဧကန်မလွဲ၊ ကျွန်ုပ်တို့သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်အထံတော်မှ အာယသ်သက်သေလက္ခဏာတော်များနှင့်အတူ (အ သင့်ထံ) ရောက်ရှိလာခဲ့ပြီး ဖြစ်၏။ စင်စစ် (ပေါက်မြောက်အောင်မြင်၍ လုံခြုံအေးချမ်းစေမည့်) ငြိမ်းချမ်းမှုသည် တရားလမ်းမှန်ကို လိုက်နာ ကြသူအပေါ်၌သာ သက်ရောက်မည် ဖြစ်၏။
إِنَّا قَدْ أُوحِيَ إِلَيْنَا أَنَّ الْعَذَابَ عَلَىٰ مَن كَذَّبَ وَتَوَلَّىٰ (48)
ဧကန်စင်စစ်၊ ပြစ်ဒဏ်သည် အမှန်တရားသစ္စာကို မဟုတ်မမှန်စွပ်စွဲ၍ ငြင်းပယ်ပြီး (အရှင့်ဘက် ဖိတ်ခေါ်ခြင်းမှ) မျက်နှာလွှဲဖယ် ကျောခိုင်းသွားသူတို့အပေါ်၌သာ သက်ရောက်မည် ဖြစ်ကြောင်း၊ အမှန်ပင်၊ ကျွန်ုပ်တို့ထံ အမိန့်တော်ထုတ်ပြန် ပို့ချပေးအပ်တော်မူခြင်းခံခဲ့ရပြီ ဖြစ်၏။
قَالَ فَمَن رَّبُّكُمَا يَا مُوسَىٰ (49)
ဖါရိုမင်းက ''သို့ဖြစ်လျှင် အို၊ မူဆာ အသင်တို့နှစ်ဦးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင် စေတော်မူသော အရှင်မြတ်သည် မည်သူနည်း။'' ဟု မေးမြန်းခဲ့လေ၏။
قَالَ رَبُّنَا الَّذِي أَعْطَىٰ كُلَّ شَيْءٍ خَلْقَهُ ثُمَّ هَدَىٰ (50)
(ထိုအခါ တမန်တော်) မူဆာက ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်၍ ပြုစုပျိုးထောင်စေတော်မူသော အရှင် မြတ်သည် အရာခပ်သိမ်းတို့ကို (ယင်းတို့၌ရှိသင့်သည့် ဝိသေသလက္ခဏာစရိုက် ဂုဏ်သတ္တိကိုယ်စီ) ပင်ကိုယ်စရိုက်ကိုယ်စီ ချီးမြှင့်ပေးအပ်တော်မူလျက် ဖွဲ့စည်းဖြစ်တည်စေတော်မူပြီနောက် (ယင်းတို့ကိုယ်စီ၏တည်ရှိမှုဆိုင်ရာ ရည်ရွယ်ချက်နှင့်ပန်းတိုင်နှင့်စပ်လျဉ်း၍) လမ်းညွှန်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။
قَالَ فَمَا بَالُ الْقُرُونِ الْأُولَىٰ (51)
ဖါရိုမင်းက ''သို့ဖြစ်လျှင် ရှေးခေတ်မျိုးဆက်တို့ (၌ရှိခဲ့သော ယုံကြည်မှုနှင့်လုပ်ရပ်များ) ၏အခြေအနေသည် မည်သို့ ရှိချေသနည်း။'' ဟု မေးမြန်းလေ၏။
قَالَ عِلْمُهَا عِندَ رَبِّي فِي كِتَابٍ ۖ لَّا يَضِلُّ رَبِّي وَلَا يَنسَى (52)
တမန်တော်မူဆာက “ထို (ရှေးခေတ်မျိုးဆက်တို့၏လုပ်ရပ်များ) နှင့်ပတ်သက်သော အသိသည်ကား ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်၌ရှိသော မှတ် တမ်းစာအုပ်တွင် မှတ်တမ်းတင်ထားတော်မူပြီဖြစ်၍ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် (မည်သည့်အရေးကိစ္စကိုမျှ) လွဲမှားစွာ ပြုတော်မမူသည့်အပြင် (မည်သည့်အခြေ အနေမျိုး၌ပင်ဖြစ်စေ တရားမျှတခြင်းကို) မေ့လျော့တော်မူသည်လည်း မဟုတ်ချေ။
الَّذِي جَعَلَ لَكُمُ الْأَرْضَ مَهْدًا وَسَلَكَ لَكُمْ فِيهَا سُبُلًا وَأَنزَلَ مِنَ السَّمَاءِ مَاءً فَأَخْرَجْنَا بِهِ أَزْوَاجًا مِّن نَّبَاتٍ شَتَّىٰ (53)
ထိုအရှင်မြတ်သည်ပင် သင်တို့အတွက် ကမ္ဘာဂြိုဟ်ကို ပုခက် (အခင်းအကျင်း) ဖြစ်စေတော်မူပြီး ယင်းထဲ၌ သင်တို့အတွက် (အသက်ရှင်ရပ်တည်နိုင်မည့် နည်းစနစ်များနှင့်) လမ်းစဉ်များကိုလည်း ထည့်သွင်းထားတော်မူ၏။ ထို့ပြင် ငါအရှင်မြတ်သည်ပင် မိုးကောင်းကင်မှ မိုးရေကို ရွာသွန်းစေတော်မူလျက် ထိုရေဖြင့် (အရောင်အဆင်းအနံ့အရသာမျိုးစုံရှိပြီး) အမျိုးမျိုးကွဲပြား ခြားနားသော သဘာဝပေါက်ပင်များ၊ သစ်သီးဝလံများနှင့်ကောက်ပဲသီးနှံများကိုလည်း ဆန့်ကျင်ဘက်စုံတွဲကိုယ်စီဖြင့် ပေါက်ရောက် ထွက်ပေါ်စေတော်မူ၏။
كُلُوا وَارْعَوْا أَنْعَامَكُمْ ۗ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِّأُولِي النُّهَىٰ (54)
(မိုးရေအားဖြင့် ပေါက်ပွားထွက်ပေါ်စေတော်မူသော ထိုကောက်ပဲသီးနှံမျိုးစုံနှင့်သဘာပေါက်ဝင်တို့မှ သန့်ရှင်သည့်စားနပ်ရိက္ခာများကို) အသင်တို့ စားသုံးကြလော့။ ထို့ပြင် ကျွဲနွားအစရှိသော တိရစ္ဆာန်များကိုလည်း စားကျက်များတွင်လွှတ်ထား၍ ကျွေးမွေးကြလော့။ ဧကန်စင်စစ် ထိုသို့ (မြက်ပင်၊ နွယ်ပင်၊ ဆေးဖက်ဝင် အပင် များအပါအဝင် သဘာဝပေါက်ပင်များနှင့်ကောက်ပဲသီးနှံအမျိုးမျိုးကို) ပေါ်ထွန်းစေတော်မူခြင်း၌ ဘက်လိုက်မှု မတရားမှုနှင့်အမှန်တရားကိုဖီဆန်မှုကင်းရှင်းသော ပညာရှင်များအတွက် အာယသ်သက်သေလက္ခဏာတော်များ ရှိ၏။
۞ مِنْهَا خَلَقْنَاكُمْ وَفِيهَا نُعِيدُكُمْ وَمِنْهَا نُخْرِجُكُمْ تَارَةً أُخْرَىٰ (55)
ငါအရှင်မြတ်သည် အသင်တို့ကို ယင်း (မြေကြီး) မှ ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ယင်း (မြေကြီး) ထဲသို့ပင် ပြန်လည်ရောက်စေတော်မူသည့်အပြင် ယင်းမှပင် သင်တို့အား နောက်ထပ်တစ်ကြိမ် ထပ်မံ၍ ထွက်စေတော်မူမည်ဖြစ်၏။
وَلَقَدْ أَرَيْنَاهُ آيَاتِنَا كُلَّهَا فَكَذَّبَ وَأَبَىٰ (56)
ထို့ပြင် ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် ထိုသူ (ဖါရိုမင်း) ကို ငါအရှင်မြတ်၏အာယသ်သက်သေလက္ခ ဏာတော်အားလုံးအား (အထင်အရှား) ပြသတော်မူခဲ့သော်လည်း သူသည် ထိုသက်သေလက္ခဏာတော်များကို မဟုတ်မတရား လိမ်လည်စွပ်စွဲ၍ ငြင်းပယ်သည့်အပြင် (တစ်ဆူတည်းသောအရှင်မြတ်ကို ယုံကြည်ရန်လည်း) ငြင်းဆိုခဲ့လေ​၏။
قَالَ أَجِئْتَنَا لِتُخْرِجَنَا مِنْ أَرْضِنَا بِسِحْرِكَ يَا مُوسَىٰ (57)
ဖါရိုမင်းက အို၊ မူဆာ အသင်သည် အသင့်မှော်ပယောဂအတတ်ဖြင့် ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏နယ်မြေဒေသ (အီဂျစ်) မှ နှင်ထုတ်ရန်သာ ကျွန်ုပ်တို့ထံ ရောက်လာခဲ့သလော။
فَلَنَأْتِيَنَّكَ بِسِحْرٍ مِّثْلِهِ فَاجْعَلْ بَيْنَنَا وَبَيْنَكَ مَوْعِدًا لَّا نُخْلِفُهُ نَحْنُ وَلَا أَنتَ مَكَانًا سُوًى (58)
သို့ဖြစ်လျှင် ကျွန်ုပ်တို့သည်လည်း အသင်နှင့်ယှဉ်ပြိုင်ရန် အလားတူ မှော်ပယောဂအတတ်ကို မုချပင် ယူဆောင်တင်ပြနိုင်မည်။ သို့ဖြစ်ပေရာ ကျွန်ုပ်တို့နှင့်အသင်အနက်မှ (မည်သူ့ကိုမျှသီးသန့်ကိုယ် စားမပြုသော) တစ်ဖက်စောင်းနင်းမဖြစ်သည့် မျှတလိုက်ဖက်၍ သင့်တော်သော (ကွင်းပြင်) နေရာတစ်ခုကို ကျွန်ုပ်တို့နှင့်သင်အ ကြားဝယ် ကတိပြုသတ်မှတ်ချိန်းဆိုထားသော အချိန်နေရာကို သတ်မှတ်ဖြစ်စေ လော့။
قَالَ مَوْعِدُكُمْ يَوْمُ الزِّينَةِ وَأَن يُحْشَرَ النَّاسُ ضُحًى (59)
(တမန်တော်) မူဆာက သင်တို့၏ချိန်းဆိုသတ်မှတ်သောနေရာနှင့်အချိန်သည် ပွဲတော်ကျင်းပရာ နေ့နေရာ ဖြစ်ပြီး လူတို့အား မွန်းမတည့်မီအချိန်တွင် စုရုံးကြစေရန်ပင် ဖြစ်၏။” ဟု ပြောကြားခဲ့၏။
فَتَوَلَّىٰ فِرْعَوْنُ فَجَمَعَ كَيْدَهُ ثُمَّ أَتَىٰ (60)
ထို့နောက် ဖါရိုမင်းသည် (တမန်တော်မူဆာနှင့်ပြောဆိုခဲ့ရာမှ) လှည့်ပြန်သွား၍ (သူ့အကြံပေးများနှင့်ဆွေး နွေးတိုင်ပင်လျက် လှည့်ကွက်အကြံအစည်များဖြင့်) သူ့အစီအစဉ်ကို ချမှတ်ရေးဆွဲပြီးနောက် (ဆက် လက်ဆွေး နွေးရန် တမန်တော်မူဆာထံသို) ပြန်လည်ရောက်လာခဲ့၏။
قَالَ لَهُم مُّوسَىٰ وَيْلَكُمْ لَا تَفْتَرُوا عَلَى اللَّهِ كَذِبًا فَيُسْحِتَكُم بِعَذَابٍ ۖ وَقَدْ خَابَ مَنِ افْتَرَىٰ (61)
(ထိုအခါ ဖါရိုမင်း၏မှော်ပယောဂကျွမ်းကျင်သော ပညာရှင်များအား သူတို့နောင်တမရမီ သတိပေးသည့် အနေဖြင့် တမန်တော်) မူဆာက သူတို့အား “သင်တို့ ဒုက္ခလှလှတွေ့ရလိမ့်မည်။ သင်တို့သည် (အရှင့်သက်သေ တော်များကို မှော်ပယောဂပညာဟု မှတ်ယူခြင်း တမန်တော်မူဆာက သင်တို့အား နယ်မြေဒေသမှ နှင်ထုတ်မည်။” ဟု ဝါဒဖြန့်ခြင်း ရုပ်တုဆင်းပွားများကို ယုံကြည်ကိုးကွယ်ခြင်းဖြင့်) မုသားကိုလီ ဆယ်ဖန်တီး၍ အလ္လာဟ်အ ရှင်မြတ်အပေါ်၌ အပြစ်ပုံမချ ကြလေနှင့်။ သို့ပြုခဲ့ကြလျှင် အရှင်မြတ်သည် သင်တို့အား ပြစ်ဒဏ်ပေးတော် မူခြင်းအားဖြင့် လုံးဝ ပျက်စီးစေတော်မူမည်။ အမှန်စင်စစ်သော်ကား မုသားကိုလီဆယ်ဖန်တီးသူ မည်သူမဆိုသည် (မျှော်လင့်သည့်အတိုင်း အထမမြောက်ဘဲ) ပျက်စီးကိန်းနှင့်သာ ကြုံရစမြဲ ဖြစ်၏။
فَتَنَازَعُوا أَمْرَهُم بَيْنَهُمْ وَأَسَرُّوا النَّجْوَىٰ (62)
(တမန်တော်မူဆာ၏သတိပေးမှုကြောင့် ဖါရိုမင်း၏အကြံပေးများနှင့်မှော်ဆရာအချို့သည် စိတ်ပြောင်းလဲ လာခဲ့၏။) ထို့နောက် သူတို့သည် သူတို့၏စီမံချက်အရေးကိစ္စနှင့်စပ်လျဉ်း၍ အချင်းချင်း ငြင်းခုံလျက် သဘောထားကွဲလွဲလာကြပြီး သူတို့၏အရေးပေါ်အတွင်းရေးဆွေးနွေးမှုကို သိုသိုသိပ်သိပ် ဆွေးနွေးတိုင်ပင် ခဲ့ကြ၏။
قَالُوا إِنْ هَٰذَانِ لَسَاحِرَانِ يُرِيدَانِ أَن يُخْرِجَاكُم مِّنْ أَرْضِكُم بِسِحْرِهِمَا وَيَذْهَبَا بِطَرِيقَتِكُمُ الْمُثْلَىٰ (63)
(နောက်ဆုံးတွင် ဖါရိုမင်း၏အကြံပေးပုဂ္ဂိုလ်အချို့က သူတို့စုရုံးစေသည့် မှော်ဆရာများအနားသို့ ချဉ်းကပ် ၍ တမန်တော်မူဆာတို့ဘက် ညွှန်ပြလျက်) ဤပုဂ္ဂိုလ်နှစ်ဦးသည် အမှန်ပင် မှော်ဆရာနှစ်ဦး ဖြစ်ကြပြီး သင်တို့ကို သူတို့နှစ်ဦး၏မှော်အတတ်ပညာဖြင့် သင်တို့၏နယ်မြေဒေသမှ နှင်ထုတ်ကြရန် ရည်ရွယ်ကြသည့်အပြင် သင်တို့၏စံနမူနာယူဖွယ်ရာ လမ်းစဉ် (ဘဝနည်းနာနိဿယ) ကိုလည်း သုတ် သင်ဖယ်ရှားလိုကြ၏။
فَأَجْمِعُوا كَيْدَكُمْ ثُمَّ ائْتُوا صَفًّا ۚ وَقَدْ أَفْلَحَ الْيَوْمَ مَنِ اسْتَعْلَىٰ (64)
သို့ဖြစ်ပေရာ အသင်တို့သည် သင်တို့၏စီမံချက်အကြံအစည်များနှင့်စွမ်းရည်စွမ်းပကားများကို စုဆောင်း ပြီးလျှင် (ရာထူးကြီးငယ်အလိုက်) တန်းစီး၍ထွက်လာကြလော့။ အကြောင်းမူကား ယနေ့အနိုင်ရသော သူသည် သာလျှင် အမှန်ပင် အောင်မြင်မှုရရှိလိမ့်မည် ဖြစ်သောကြောင့်တည်း။
قَالُوا يَا مُوسَىٰ إِمَّا أَن تُلْقِيَ وَإِمَّا أَن نَّكُونَ أَوَّلَ مَنْ أَلْقَىٰ (65)
(ထိုအခါ ထိုမှော်ဆရာများက တမန်တော်မူဆာအား) အို၊ မူဆာ၊ အသင်သည် (သင့်တောင်ဝှေးကို ဦးစွာ) ပစ်ချလော့။ သို့တည်းမဟုတ် ကျွန်ုပ်တို့အား (ကျွန်ုပ်တို့၏ကြိုးများ၊ တုတ်ရှည်များကို) ဦးစွာ ပထမ ပစ်ချခွင့်ပေး မည်လော။” ဟု ပြောဆိုခဲ့ကြလေ၏။
قَالَ بَلْ أَلْقُوا ۖ فَإِذَا حِبَالُهُمْ وَعِصِيُّهُمْ يُخَيَّلُ إِلَيْهِ مِن سِحْرِهِمْ أَنَّهَا تَسْعَىٰ (66)
(တမန်တော်) မူဆာက ''အမှန်မှာ၊ အသင်တို့သာ (ဦးစွာ) ပစ်ချကြလော့။''ဟု ပြောကြားခဲ့၏။ ထိုသို့ဖြင့် သူတိုသည် သူတို့မှော်အတတ်ပညာဖြင့် သူတို့၏ကြိုးများနှင့်တုတ်များကို ပစ်ချ၍ ယင်းတို့မှာ (တမန်တော်မူဆာ၏အမြင်၌) သူ့ဘက်သို့ လှုပ်ရှားပြေးလွှားနေကြသည်။”ဟု ထင်စေ၏။
فَأَوْجَسَ فِي نَفْسِهِ خِيفَةً مُّوسَىٰ (67)
သို့ဖြစ်ပေရာ (တမန်တော်) မူဆာသည် သူ့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ထဲတွင် (မှော်အတတ်ပညာဖြင့် လူတို့အား ညှို့ဖမ်းလွှမ်းမိုးနိုင်ကြောင်းကို နားလည်သဘောပေါက်၍) အနည်း ငယ်မျှ စိုးရိမ်မိခဲ့လေ၏။
قُلْنَا لَا تَخَفْ إِنَّكَ أَنتَ الْأَعْلَىٰ (68)
(ထိုစဉ်) ငါအရှင်မြတ်က (မူဆာအား) မကြောက်ရွံ့မစိုးရိမ်လေနှင့်။ ဧကန်မလွဲ၊ အသင် (တမန်တော်) သည် သာလျှင် အမြင့်မြတ်ဆုံးနှင့်အပေါ်စီး၌ ရှိနေ၏။
وَأَلْقِ مَا فِي يَمِينِكَ تَلْقَفْ مَا صَنَعُوا ۖ إِنَّمَا صَنَعُوا كَيْدُ سَاحِرٍ ۖ وَلَا يُفْلِحُ السَّاحِرُ حَيْثُ أَتَىٰ (69)
(သို့ဖြစ်ပေရာ) အသင်သည် အသင့်ညာလက်၌ရှိသောအရာ (တောင်ဝှေး) ကို ပစ်ချလော့။ ယင်း (တောင်ဝှေး) သည် သူတို့ ကြံစည်ဖန်တီး၍ သရုပ်ဖော်ထားသမျှကို ဝါးမျိုလိမ့်မည်။ စင်စစ် သူတို့ကြံစည်ဖန် တီး၍ သရုပ်ဖော်ထားသမျှသည် မှော်အတတ်ပညာ၏ပရိယာယ်လှည့်ဖြားမှု မျှသာဖြစ်၏။ အမှန်စင်စစ် မှော်ပယောဂ ဆရာတစ်ဦးသည် မည်သည့်နေရာသို့ (မည်သည့်ရည်မှန်းချက်ဖြင့် ရုန်းကန်) သွားလာစေကာမူ သူသည် မည်သည့်အခါမျှ ပေါက်မြောက်အောင်မြင်လိမ့်မည် မဟုတ်ချေ။
فَأُلْقِيَ السَّحَرَةُ سُجَّدًا قَالُوا آمَنَّا بِرَبِّ هَارُونَ وَمُوسَىٰ (70)
(သူတို့သရုပ်ဖော်ထားသမျှကို တမန်တော်မူဆာ၏တောင်ဝှေးက ဝါးမျိုသည်ကို မျက်ဝါးထင်ထင်တွေ့ ခဲ့ပြီးနောက်) မှော်ဆရာများသည် ဦးချသည့်အနေအထားဖြင့် မှောက်ခုံ၍ “ကျွန်ုပ်တို့သည် (တမန်တော်) မူဆာနှင့်ဟာရူန်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ကို သက်ဝင်ယုံကြည် ကြပါပြီ။” ဟု ပြောဆိုခဲ့ကြလေ၏။
قَالَ آمَنتُمْ لَهُ قَبْلَ أَنْ آذَنَ لَكُمْ ۖ إِنَّهُ لَكَبِيرُكُمُ الَّذِي عَلَّمَكُمُ السِّحْرَ ۖ فَلَأُقَطِّعَنَّ أَيْدِيَكُمْ وَأَرْجُلَكُم مِّنْ خِلَافٍ وَلَأُصَلِّبَنَّكُمْ فِي جُذُوعِ النَّخْلِ وَلَتَعْلَمُنَّ أَيُّنَا أَشَدُّ عَذَابًا وَأَبْقَىٰ (71)
(ထိုအခါ) ဖါရိုမင်းက “အသင်တို့သည် သင်တို့အား ကျွန်ုပ်ခွင့်မပြုမီပင် သူ့ကို (တမန်တော်မူဆာကို) ယုံကြည်ကြလေသလော။ ဧကန်စင်စစ်၊ သူသည်ကား အသင်တို့ကိုပါ မှော်အတတ်ပညာ သင်ကြားပေးခဲ့သော အကြီးဆုံး (အာစရိယဆရာသခင်) ပင် ဖြစ်၏။ သို့ဖြစ်ပေရာ ဧကန်ပင်၊ ကျွန်ုပ်သည် သင်တို့၏လက်များနှင့် ခြေများကို (ဘယ်ညာ) ဘက်လွှဲ၍ အမှန်ပင်ဖြတ်တောက်ပြီးနောက် စွန်ပလွံပင်များ၏ပင် စည်၌ (လက်ဝါးကပ် တိုင်ပြုလုပ်၍) သင်တို့ကို ကားစင်ပေါ်သို့ မုချပင် တင်လိမ့်မည်။ သို့မှသာ ကျွန်ုပ်တို့အနက်မှ မည်သူ၏ပြစ် ဒဏ်သည်ပို၍ ပြင်းထန်ပြီး ရေရှည်တည်တံ့မည်ဖြစ်ကြောင်း ကို သင်တို့ အမှန်ပင် သိကြလိမ့်မည်။” ဟု ကြုံးဝါး ပြောဆိုခဲ့လေ၏။
قَالُوا لَن نُّؤْثِرَكَ عَلَىٰ مَا جَاءَنَا مِنَ الْبَيِّنَاتِ وَالَّذِي فَطَرَنَا ۖ فَاقْضِ مَا أَنتَ قَاضٍ ۖ إِنَّمَا تَقْضِي هَٰذِهِ الْحَيَاةَ الدُّنْيَا (72)
မှော်ဆရာများက (ဖါရိုမင်းအား) “ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏မူလဇစ်မြစ်ကို စတင်ဖွဲ့စည်းဖြစ်တည်စေ တော်မူသောအရှင်မြတ်နှင့် (ထိုအရှင့်ထံတော်မှဖြစ်ပြီး သက်သေအထောက်အထားများပါဝင်သည့်) မြင် သာထင်ရှားသော ရှင်းလင်းချက်များထက် အသင် (ဖါရို) အား မည်သည့်နည်းနှင့်မျှ ပိုမိုနှစ်သက်ကြလိမ့်မည် မဟုတ်ပေ။ သို့ဖြစ်ပေရာ သင်သည် စီရင်ပြဋ္ဌာန်းလိုသည်ကိုသာ (စိတ်ကြိုက်) စီရင်ပြဋ္ဌာန်းလော့။ သို့သော် အသင်သည် ဤလောကီဘဝသက်တမ်းအတွက်သာ စီရင်ပြဌာန်းနိုင်မည် ဖြစ်၏။
إِنَّا آمَنَّا بِرَبِّنَا لِيَغْفِرَ لَنَا خَطَايَانَا وَمَا أَكْرَهْتَنَا عَلَيْهِ مِنَ السِّحْرِ ۗ وَاللَّهُ خَيْرٌ وَأَبْقَىٰ (73)
ဧကန်မလွဲ၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ကို သက်ဝင်ယုံကြည်လာပြီဖြစ်၍ ကျွန်ုပ်တို့၏ (ယခင်က မသိနားမလည်ဘဲ ကျူးလွန်ခဲ့သော) ပြစ်မှုများနှင့်မှော်အတတ်ပညာအတွက် ကျွန်ုပ်တို့အား အတင်းအဓမ္မခိုင်းစေခြင်း​ကြောင့် ယင်းအပေါ် အခြေခံ၍ လုပ်ခဲ့သမျှကို ထိုအရှင်မြတ်က ခွင့်လွှတ် ချမ်းသာပေးတော်မူရန် မျှော်ကိုးပါ၏။ စင် စစ်မှာမူကား အလ္လာဟ်အရှင် မြတ်သည်သာလျှင် အမွန်မြတ်ဆုံးနှင့်အစဉ်ထာဝရ တည်ရှိမြဲအတိုင်း ပကတိတည်တံ့တော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။
إِنَّهُ مَن يَأْتِ رَبَّهُ مُجْرِمًا فَإِنَّ لَهُ جَهَنَّمَ لَا يَمُوتُ فِيهَا وَلَا يَحْيَىٰ (74)
ဧကန်စင်စစ်၊ မည်သူမဆိုသည် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်သို့ ပြစ်မှုကျူးလွန်သူအဖြစ်ရောက်ရှိလျှင် ဧကန်မလွဲ၊ ထိုသူအတွက် ယင်းထဲ၌ မည်သည့်အခါမျှ အသက်မဆုံးနိုင်သည့်အပြင် (လွတ်လပ်စွာ) ရှင်သန်ခွင့်လည်းမရှိသော ငရဲဘုံသာလျှင် ရှိပေမည်။
وَمَن يَأْتِهِ مُؤْمِنًا قَدْ عَمِلَ الصَّالِحَاتِ فَأُولَٰئِكَ لَهُمُ الدَّرَجَاتُ الْعُلَىٰ (75)
သို့ရာတွင် မည်သူမဆို သက်ဝင်ယုံကြည်သူဖြစ်လျက် ဖြောင့်မှတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် ပြုပြင်ခဲ့ကြသူအဖြစ် ရောက်လာခဲ့သော် ထိုသူတို့သည်ပင် သူတို့အတွက် (အရှင့်ထံတော်၌) မြင့်မြတ်လှစွာသော ဂုဏ်သိက္ခာ အခွင့်အလမ်းအဆင့်အတန်းနှင့်နေရာ ရှိပေမည်။
جَنَّاتُ عَدْنٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا ۚ وَذَٰلِكَ جَزَاءُ مَن تَزَكَّىٰ (76)
(ထိုသူတို့အတွက်ချီးမြှင့်တော်မူမည့်) သုခဥယျာဉ်များသည် အောက်ခြေတွင် စိမ့်စမ်းရေ တသွင်သွင် စီးဆင်းနေပြီး ထာဝစဉ်တည်တံ့သည့်အပြင် ထိုထဲတွင် အစဉ်ထာဝရကာလအကန့်အသတ်မဲ့ နေထိုင်ကြရမည့် သုခဥယျာဉ်များပင် ဖြစ်ကြ၏။ စင်စစ် ထိုသို့သော အကျိုးဆက်သည် (ကိုယ်စိတ်နှလုံးကို အရှင့်ထံအပ်နှံ၍ ဖြောင့် မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သူတို့၏နာမ်ရေးရာကို) စင်ကြယ်သန့်ရှင်းစေသူတို့၏အကျိုး ဆက်ပင် ဖြစ်၏။
وَلَقَدْ أَوْحَيْنَا إِلَىٰ مُوسَىٰ أَنْ أَسْرِ بِعِبَادِي فَاضْرِبْ لَهُمْ طَرِيقًا فِي الْبَحْرِ يَبَسًا لَّا تَخَافُ دَرَكًا وَلَا تَخْشَىٰ (77)
ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် (တမန်တော်) မူဆာထံသို့ ငါအရှင်မြတ်၏အစေခံနှင့်အတူ ညခရီးထွက်ရန် (အသင်သည် ပင်လယ်စောင်းနားသို့ရောက်ခဲ့သော် သင်၏တောင်ဝှေးဖြင့် ပင်လယ်ရေပြင်ကို) ရိုက် ပုတ်၍ (အရှင့်ခွင်ပြုချက်အရ) ပင်လယ်၌ (သင်၏နောက်လိုက်များဖြစ်ကြသော) သူတို့အတွက် ခြောက်သွေ့သော လမ်းတစ်ခုကို ဖြစ်စေရန် (ဖါရိုစစ်တပ်က ကျော်တက်လာ၍) လွှမ်းခံရမည်ကို မစိုးရိမ်ရန်နှင့်။ (ပင်လယ်ထဲ နစ်မြုပ်သွားမည်ကိုလည်း) မကြောက်ကြရန် အမှန်ပင် ဝဟီအမိန့်တော်ထုတ်ပြန်ချမှတ်တော်မူခဲ့၏။
فَأَتْبَعَهُمْ فِرْعَوْنُ بِجُنُودِهِ فَغَشِيَهُم مِّنَ الْيَمِّ مَا غَشِيَهُمْ (78)
ထို့နောက် ဖစ်ရ်အောင်န်သည် သူ့စစ်တပ်နှင့်အတူ (ချီတက်လာ၍ တမန်တော်မူဆာ၏နောက်လိုက်များ ဖြစ်ကြသော) သူတို့၏နောက်သို့ လိုက်လာခဲ့လေရာ၊ ပင်လယ်မှရေ (လှိုင်း) များသည် (ဖါရိုနှင့်သူ့စစ်တပ် ဖြစ်ကြသော) သူတို့အား အပြီးသတ်လွှမ်းမိုးချေမှုန်းသည့်အနေအထားဖြင့် ဖုံးလွှမ်း၍ နစ်မြုပ်စေခဲ့လေ၏။
وَأَضَلَّ فِرْعَوْنُ قَوْمَهُ وَمَا هَدَىٰ (79)
စင်စစ် ဖါရိုမင်းသည် သူ့လူမျိုးတို့အား လမ်းမှားသို့ ဦးဆောင်ခဲ့ (သောကြောင့် အလုံးစုံ ပျက်စီး ဆုံးရှုံးခြင်းခံကြရ) ပြီး (အမှန်တရားကို လက်ခံ၍ ပေါက်မြောက်အောင်မြင်နိုင်သည့်) တရားလမ်းမှန်ကို ညွှန်ပြနိုင်ခြင်း မရှိခဲ့ပေ။
يَا بَنِي إِسْرَائِيلَ قَدْ أَنجَيْنَاكُم مِّنْ عَدُوِّكُمْ وَوَاعَدْنَاكُمْ جَانِبَ الطُّورِ الْأَيْمَنَ وَنَزَّلْنَا عَلَيْكُمُ الْمَنَّ وَالسَّلْوَىٰ (80)
အို၊ အစ္စရေးမျိုးနွယ်ဝင်အပေါင်းတို့၊ ဧကန်ပင်၊ ငါအရှင်မြတ်သည် အသင်တို့အား သင်တို့၏ရန်သူမှ ကယ်တင်တော်မူပြီး တူရ်မည်သောတောင်၏ညာဘက်နံဘေး၌ တမန်တော်မူဆာမှတစ်ဆင့် သင်တို့နှင့်ကတိ ပဋိညာဉ် ပြုစေတော်မူကာ မန္နမည်သောစားဖွယ်ရာနှင့်ငုံးငှက်များကို ချပေးတော်မူခဲ့၏။
كُلُوا مِن طَيِّبَاتِ مَا رَزَقْنَاكُمْ وَلَا تَطْغَوْا فِيهِ فَيَحِلَّ عَلَيْكُمْ غَضَبِي ۖ وَمَن يَحْلِلْ عَلَيْهِ غَضَبِي فَقَدْ هَوَىٰ (81)
သင်တို့သည် ငါအရှင်မြတ်က အသင်တို့အား ချီးမြှင့်ပေးအပ်တော်မူသည့် စားနပ်ရိက္ခာများအနက်မှ (တရားဝင်ခွင့်ပြုထား၍ ကျန်းမာရေးနှင့်ညီညွတ်သော) စင်ကြယ်သန့်ရှင်းရာ (စားသောက်ဖွယ်ရာများ) ကို စားသုံးကြလော့။ သို့ရာတွင် အသင်တို့သည် (တရားဝင်ခွင့်ပြုထားသောအရာများကို အလွဲသုံးစားပြုခြင်း၊ ဖြုန်း တီးခြင်း၊ တရားမဝင်သော နည်းဖြင့်ရယူခြင်းစသည်ဖြင့်) ယင်းနှင့်စပ်လျဉ်း၍ အရှင့်စည်းဘောင်ကို ကျူးလွန် ဖောက်ဖျက်ခြင်း မပြုကြလေနှင့်။ သို့ကျူးလွန်ခဲ့သည်ရှိသော် ငါအရှင်မြတ်၏ (မေတ္တာကရုဏာတော်မှ ကင်းဝေးစေမည့်) အမျက်တော်သည် အသင်တို့အပေါ်၌ သက်ရောက် မည်ဖြစ်၏။ စင်စစ်မူကား မည်သူမဆို သူ့အပေါ်၌ ငါအရှင်မြတ်၏ (မေတ္တာကရုဏာတော်မှ ကင်းဝေးစေမည့်) အမျက်တော် သက်ရောက် (စေတော်မူရန် ပြုမူကျင့်ကြံ) လျှင် ဧကန်ပင်၊ ထိုသူသည် (မိမိကိုယ်ကို) ပျက်ကိန်းရောက်စေခြင်းသာ ဖြစ်မည်။
وَإِنِّي لَغَفَّارٌ لِّمَن تَابَ وَآمَنَ وَعَمِلَ صَالِحًا ثُمَّ اهْتَدَىٰ (82)
သို့ရာတွင် ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် နောင်တကြီးစွာရလျက် ဝန်ချတောင်းပန်၍ အရှင့်လမ်းစဉ်ဘက်သို့ လှည့်ပြန်ပြီး သက်ဝင်ယုံကြည်သည့်အပြင် ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့် ကြံမှုများဖြင့် ပြု ပြင်ကြပြီးနောက် တရားလမ်းမှန်ပေါ်၌သာ ရပ်တည်ကြသူတို့ကို အလွန်ပင် လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသော အရှင်ဖြစ်တော်မူ၏။
۞ وَمَا أَعْجَلَكَ عَن قَوْمِكَ يَا مُوسَىٰ (83)
ထို့ပြင် (အရှင်မြတ်ဆင့်ခေါ်တော်မူသည့်အတိုင်း တမန်တော်မူဆာသည် တောင်ရတ်ကျမ်းကို လက်ခံရရ ယူရန် ဆီနှိုင်းတောင်သို့ ရောက်လေသော် အရှင်မြတ်က) အို၊ မူဆာ၊ မည်သည့်အရာသည် သင့်အား သင့်လူမျိုးမှ အဆောတလျှင် ထွက်လာစေခဲ့သနည်း။” ဟု မေးမြန်းတော်မူ၏။
قَالَ هُمْ أُولَاءِ عَلَىٰ أَثَرِي وَعَجِلْتُ إِلَيْكَ رَبِّ لِتَرْضَىٰ (84)
(တမန်တော်) မူဆာက “အို၊ ကျွန်တော်မျိုးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူ သောအရှင်မြတ်၊ သူတို့သည် ကျွန်ုပ်ခြေရာအပေါ်အခြေခံ၍ လိုက်လာမည့်သူများပင် ဖြစ်ကြရာ အသင် (အရှင်မြတ်) ၏ကျေနပ်နှစ်မြို့မှုကို ရရှိရန်အတွက်သာ အသင့်ထံသို့ အဆောတလျှင် ထွက်လာခြင်း ဖြစ်ပါ၏။” ဟု ဖြေဆိုခဲ့၏။
قَالَ فَإِنَّا قَدْ فَتَنَّا قَوْمَكَ مِن بَعْدِكَ وَأَضَلَّهُمُ السَّامِرِيُّ (85)
အရှင်မြတ်က (တမန်တော်မူဆာအား) ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် သင်မရှိခိုက်တွင် သင့်လူမျိုးအား (သူတို့၏ယုံကြည်မှု စွမ်းရည်မြှင့်တင်ရေးအတွက်) စမ်းသပ်တော်မူခဲ့ရာ စာမိရီသည် သူတို့ကို (သူတို့၏လောကီ အလိုရမ္မက်ကြောင့်) လမ်းမှားရောက်စေ၏။” ဟု မိန့်တော်မူခဲ့၏။
فَرَجَعَ مُوسَىٰ إِلَىٰ قَوْمِهِ غَضْبَانَ أَسِفًا ۚ قَالَ يَا قَوْمِ أَلَمْ يَعِدْكُمْ رَبُّكُمْ وَعْدًا حَسَنًا ۚ أَفَطَالَ عَلَيْكُمُ الْعَهْدُ أَمْ أَرَدتُّمْ أَن يَحِلَّ عَلَيْكُمْ غَضَبٌ مِّن رَّبِّكُمْ فَأَخْلَفْتُم مَّوْعِدِي (86)
ထို့နောက် တမန်တော်မူဆာသည် သူ့လူမျိုးတို့ထံသို့ အမျက်ထွက်လျက် ဝမ်းနည်းပူဆွေးစွာဖြင့် ပြန်လာခဲ့ ပြီးလျှင် အို၊ ကျွန်ုပ်၏လူမျိုးတို့၊ အသင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် (သင်တို့၏လောကီလောကုတ္တရာ နှစ်ဌာနစလုံး၌ ပျော်ရွှင်ချမ်းမြေ့မှုရနိုင်သည့် တောင် ရတ်ကျမ်းတော်ချီးမြှင့်တော်မူ၍ အခြေချနေထိုင်ခွင့်လည်း ပေးအပ်တော်မူမည်ဟု) သင်တို့ကို ကောင်းမြတ်သော ကတိထားတော်မူခဲ့သည် မဟုတ်လော။ (သို့သော် ကျွန်ုပ်မရှိခိုက်တွင်) သင်တို့အပေါ် ထားရှိတော်မူသည့် ကတိတော်ဆိုင်ရာသတ်မှတ်ချိန်မှာ (သင်တို့အတွက် အလွန်ပင်) ကြာရှည်ဝေး ကွာနေပြီ။” ဟု ထင်မြင်သလော။ သို့တည်းမဟုတ် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ (မေတ္တာကရုဏာတော်ကို ကင်းဝေးစေသည့် ပြစ်တင်ရှုတ်ချမှုနှင့်) အမျက်တော်သည် သင်တို့အပေါ် သက်ရောက်စေရန် သင်တို့ရည်ရွယ်သောကြောင့် ပဋိညာဉ်ကတိကို ဖောက်ဖျက်ကျူးလွန်ကြလေသလော။
قَالُوا مَا أَخْلَفْنَا مَوْعِدَكَ بِمَلْكِنَا وَلَٰكِنَّا حُمِّلْنَا أَوْزَارًا مِّن زِينَةِ الْقَوْمِ فَقَذَفْنَاهَا فَكَذَٰلِكَ أَلْقَى السَّامِرِيُّ (87)
(တမန်တော်မူဆာ၏လူမျိုးဖြစ်သော) သူတို့က “ကျွန်ုပ်တို့သည် အသင်နှင့်ထားရှိခဲ့သော ကတိကို ကျွန်ုပ် တို့၏အလိုသဘောအရ (ရည်ရွယ်ချက်ရှိရှိ) ဖောက်ဖျက်ခဲ့ကြသည်မဟုတ်ပေ။ သို့ရာတွင် ကျွန်ုပ်တို့ သည် ကျွန်ုပ် တို့လူမျိုးတို့၏လောကီအကျိုးခံစားခွင့်များအနက်မှ (ပြစ်မှုကျူးလွန်စေသော အထုပ်အပိုးဖြစ်သည့်) လက်ဝတ် လက်စားများကိုလည်း သယ်ပိုးယူဆောင်လာခဲ့ကြ၏။ သို့ဖြစ်ပေရာ ကျွန်ုပ်တို့ သည် (စာမိရီ၏နှိုးဆော်တိုက်တွန်းချက်ကြောင့်) ထိုလက်ဝတ်လက်စားများကို (ဖယ်ရှားရှင်းထုတ်သည့် အနေဖြင့် မီးထဲသို့) ပစ်ချခဲ့ကြသည်။ ထို့နောက် စာမိရီသည်လည်း ထိုနည်းအတိုင်းပင် ပစ်ချခဲ့လေသည်။
فَأَخْرَجَ لَهُمْ عِجْلًا جَسَدًا لَّهُ خُوَارٌ فَقَالُوا هَٰذَا إِلَٰهُكُمْ وَإِلَٰهُ مُوسَىٰ فَنَسِيَ (88)
ထို့နောက် စာမိရီသည် သူတို့အတွက် အော်သံထွက်သော နွားငယ်တစ်ကောင်၏ရုပ်တုအသွင်သဏ္ဌာန်ကို (သွန်းလောင်း) ထုတ်လုပ်ခဲ့သောကြောင့် သူတို့က ''ဤသည်ပင် သင်တို့၏ကိုးကွယ်ရာ အရှင်နှင့်တမန်တော်မူဆာ၏အရှင်သခင်ဖြစ်သော်လည်း သူသည်ကား မေ့နေခြင်းဖြစ်၏။'' ဟု (အချင်းချင်း) ပြောဆိုကြလေသည်။
أَفَلَا يَرَوْنَ أَلَّا يَرْجِعُ إِلَيْهِمْ قَوْلًا وَلَا يَمْلِكُ لَهُمْ ضَرًّا وَلَا نَفْعًا (89)
ထိုနွားငယ်ရုပ်တုသည် သူတို့အား စကားတစ်ခွန်းကိုပင် ပြန်လည်ချေပပြောဆို နိုင်စွမ်းမရှိကြောင်း၊ သူတို့အတွက် မည်သည့် ထိခိုက်နစ်နာမှုကိုဖြစ်စေ၊ မည်သည့်အကျိုးအမြတ်ကိုဖြစ်စေ၊ ဖြစ်ပေါ်စေနိုင်သော အခွင့်အာဏာနှင့်စွမ်းဆောင်ရည် မရှိကြောင်းကို သူတို့မတွေးမြော် မသုံးသပ်ကြလေသလော။
وَلَقَدْ قَالَ لَهُمْ هَارُونُ مِن قَبْلُ يَا قَوْمِ إِنَّمَا فُتِنتُم بِهِ ۖ وَإِنَّ رَبَّكُمُ الرَّحْمَٰنُ فَاتَّبِعُونِي وَأَطِيعُوا أَمْرِي (90)
(အမှန်မှာ တမန်တော်မူဆာ ပြန်လည်ရောက်မလာမီ) ထိုမတိုင်မီ တမန်တော်ဟာရူန်ကလည်း ''အို၊ ကျွန်ုပ်၏လူမျိုးတို့၊ ဧကန်ပင်၊ သင်တို့သည် ယင်း (နွားငယ်ရုပ်တု) ဖြင့် (သင်တို့၏ယုံကြည်မှု စွမ်းရည်တိုး မြှင်စေရန်) အစမ်းသပ်ခံနေကြရပြီ။ (သင်တို့မမေ့သင့်သည်မှာ) မုချဧကန် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် အနန္တကရုဏာတော်ရှင်ပင် ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ သင်တို့သည် ကျွန်ုပ်၏နောက်သို့သာ လိုက်၍ ကျွန်ုပ်၏အမိန့်ညွှန်ကြားချက်များကိုသာ နာခံလိုက်နာကြလော့။” ဟု ဟောပြောခဲ့သည်။
قَالُوا لَن نَّبْرَحَ عَلَيْهِ عَاكِفِينَ حَتَّىٰ يَرْجِعَ إِلَيْنَا مُوسَىٰ (91)
(ထိုစဉ် နွားငယ်ရုပ်တုကို အယူထား၍ ယုံကြည်ကိုးကွယ်နေကြသော) သူတို့က “ကျွန်ုပ်တို့သည် ကျွန်ုပ် တို့ထံ တမန်တော်မူဆာ ပြန်လာသည်အထိ ယင်း (နွားငယ်ရုပ်တု) အပေါ်၌ သစ္စာရှိရှိမြုပ်နှံလျက် (ယင်းအား ကိုးကွယ်ခြင်းကို မည်သည့်နည်းနှင့်မျှ) ရပ်တန့်လိမ့်မည်မဟုတ်ဟု ပြောကြားခဲ့ကြ၏။
قَالَ يَا هَارُونُ مَا مَنَعَكَ إِذْ رَأَيْتَهُمْ ضَلُّوا (92)
(ထို့နောက် တမန်တော်မူဆာ ပြန်ရောက်လာသည့်အခါ တမန်တော်ဟာရူန်က နွားငယ်ရုပ်တုအား မကိုးကွယ်ရန် တားမြစ်ခဲ့ကြောင်းကို မသိမီ တမန်တော်) မူဆာက အို၊ ဟာရူန် သူတို့ လမ်းမှားရောက်နေ သည်ကို တွေ့မြင်သောအခါ (နွားငယ်ရုပ်တုကို ကိုးကွယ်ခြင်းအား ရပ်တန့်စေရန် ဟောပြောခြင်းမှ) မည်သည်က အသင့်ကို တားဆီးပိတ်ပင်သနည်း။
أَلَّا تَتَّبِعَنِ ۖ أَفَعَصَيْتَ أَمْرِي (93)
(မည်သည့်အရာက ကျွန်ုပ်နောက်လိုက်ခြင်းမှ တားဆီးသနည်း) အသင်က ကျွန်ုပ်၏နောက်လိုက်ခြင်း မဟုတ်လော။ အသင်သည် ကျွန်ုပ်၏အမိန့်ညွှန်ကြားချက်ကို အာခံလေသလော။”ဟု မေးမြန်းခဲ့လေ၏။
قَالَ يَا ابْنَ أُمَّ لَا تَأْخُذْ بِلِحْيَتِي وَلَا بِرَأْسِي ۖ إِنِّي خَشِيتُ أَن تَقُولَ فَرَّقْتَ بَيْنَ بَنِي إِسْرَائِيلَ وَلَمْ تَرْقُبْ قَوْلِي (94)
(ထိုစဉ် တမန်တော်) ဟာရူန်က “အို၊ အမေ၏သား၊ အသင်သည် ကျွန်ုပ်၏မုတ်ဆိတ်ကိုလည်းကောင်း၊ ကျွန်ုပ်၏ဦးခေါင်းကိုလည်းကောင်း၊ ဆွဲကိုင်ခြင်း မပြုပါလေနှင့်။ ဧကန်မလွဲ၊ ကျွန်ုပ်သည် အသင်က ကျွန်ုပ်အား “အသင်သည် ကျွန်ုပ်၏ပြောဆိုချက် (ညွှန်ကြားချက်) ကို မလေးစား မလိုက်နာဘဲ အစ္စရေးမျိုးနွယ်ဝင်တို့ အချင်းချင်းကြားတွင် သွေးကွဲအောင်ပြုခဲ့သည်။” ဟု ပြောဆိုမည်ကို စိုးရိမ်မိ (သောကြောင့် ငြိမ်းချမ်းသောနည်း လမ်းဖြင့်သာလျှင် တားမြစ်၍ အင်အား မသုံးခဲ့ခြင်း ဖြစ်) ၏။” ဟု ဖြေဆိုခဲ့သည်။
قَالَ فَمَا خَطْبُكَ يَا سَامِرِيُّ (95)
တမန်တော် မူဆာက (စာမိရီဘက်သို့လှည့်၍) “သို့ဖြစ်လျှင်၊ အို၊ စာမိရီ (နွားငယ်ရုပ်တုကို ဖန်တီးလျက် လူတို့အား လမ်းမှားရောက်စေခြင်းအတွက် မည်သို့သော ဖြေရှင်းချက်ပေးမည်နည်း။) သင်၏ချေပပြော ဆိုချက် (ရည်ရွယ်ချက်) ကား မည်သို့နည်း။''ဟု မေးမြန်းခဲ့၏။
قَالَ بَصُرْتُ بِمَا لَمْ يَبْصُرُوا بِهِ فَقَبَضْتُ قَبْضَةً مِّنْ أَثَرِ الرَّسُولِ فَنَبَذْتُهَا وَكَذَٰلِكَ سَوَّلَتْ لِي نَفْسِي (96)
စာမိရီက ''ကျွန်ုပ်သည် (အခြား) သူတို့ မမြင်ခဲ့ကြသောအရာကို တွေ့မြင်ခဲ့သည်ဖြစ်ရာ ရစူလ်သတင်းဆောင် (ကောင်းကင်စေတမန် ဂျီဗ်ရီးလ်) ၏ခြေရာမှ (မြေကြီး) လက်တစ်ဆုပ်ကို ဆုပ်ယူခဲ့ပါသည်။ ထို့ နောက် ကျွန်ုပ်သည် ယင်း (မြေကြီး) ကို (နွားငယ်ရုပ်တုထဲသို့) ပစ်ထည့်ခဲ့ပါသည်။ စင်စစ် ကျွန်ုပ်သည် ကျွန်ုပ်အတွက် ကျွန်ုပ်၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည် အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) အား ထိုကဲ့သို့ပင် လှုံ့ ဆော်သိမ်းသွင်းခဲ့ပါသည်။''ဟု ဖြေကြားလေ၏။
قَالَ فَاذْهَبْ فَإِنَّ لَكَ فِي الْحَيَاةِ أَن تَقُولَ لَا مِسَاسَ ۖ وَإِنَّ لَكَ مَوْعِدًا لَّن تُخْلَفَهُ ۖ وَانظُرْ إِلَىٰ إِلَٰهِكَ الَّذِي ظَلْتَ عَلَيْهِ عَاكِفًا ۖ لَّنُحَرِّقَنَّهُ ثُمَّ لَنَنسِفَنَّهُ فِي الْيَمِّ نَسْفًا (97)
(သို့ဖြစ်ပေရာ တမန်တော်မူဆာက စာမိရီအား) “အသင်သည် (ဤနေရာမှ) ထွက်သွားလော့။ ဧကန်အမှန်၊ သင့်အတွက် ဤလောကီဘဝသက်တမ်း၌ (ခံစားစေမည့် ပြစ်ဒဏ်သည်ကား လူမှုရေးအရ သပိတ် မှောက်ခြင်းခံစေရန်ဖြစ်၍ တစ်ဦးတစ်ယောက်က အသင့်အနားသို့ ချဉ်းကပ်လာလျှင် သူတို့ကို) “ကျွန်ုပ်အား မည်သူမျှ မထိရ။” ဟု ပြောဆိုရန်ပင် ဖြစ်ပေသည်။ ထို့ပြင် (နောင်တမလွန်ဘဝ၌လည်း) မည်သည့်နည်းနှင့်မျှ ရှောင်လွှဲနိုင် မည်မဟုတ်သော (ပြစ်ဒဏ်ကို) ဧကန်ပင်၊ သင့်အတွက် ကတိထားတော်မူသည့် ပြဌာန်းချက်တစ်ခုအဖြစ် ရှိစေ၏။ ထို့ပြင် အသင်သည် (စဉ်ဆက်မပြတ် စွဲလမ်းလျက်) နစ်မြုပ်ထားရသည့် သင်၏ကိုးကွယ်ရာများကို ရှုမြင် သုံးသပ်ကြည့်လော့။ ဧကန်မလွဲ၊ ကျွန်ုပ်တို့သည် ယင်းတို့ကို လောင်ကျွမ်းစေပြီးနောက် အမှန်ပင် အမှုန်များ အဖြစ် ပင်လယ်ရေပြင်ထဲ၌ ဖြန့်ကြဲလျက် ကျန်ရစ်စေတော်မူမည် ဖြစ်၏။
إِنَّمَا إِلَٰهُكُمُ اللَّهُ الَّذِي لَا إِلَٰهَ إِلَّا هُوَ ۚ وَسِعَ كُلَّ شَيْءٍ عِلْمًا (98)
ဧကန်စင်စစ်၊ သင်တို့၏ကိုးကွယ်ရာအရှင်သခင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် (အရာခပ်သိမ်းလောကခပ်သိမ်းကို နတ္တိမှ တည်ရှိမှုသို့ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရှင်မြတ်ဖြစ်၍) ထိုအရှင်မြတ်မှအပ အခြားမည်သည့်သက်ရှိသက်မဲ့မျှ ကိုးကွယ်ရာအရှင် မဖြစ်နိုင်ပေ။ ထိုအရှင်မြတ်သည် အရှင့်ဉာဏ်တော် အနန္တဖြင့် အရာခပ်သိမ်းတို့ကို လွှမ်းခြုံလျက် ရှိတော်မူ၏။
كَذَٰلِكَ نَقُصُّ عَلَيْكَ مِنْ أَنبَاءِ مَا قَدْ سَبَقَ ۚ وَقَدْ آتَيْنَاكَ مِن لَّدُنَّا ذِكْرًا (99)
(ငါအရှင်မြတ်သည် အသင်၏ရှေ့ဝယ် ယခင်က လွန်လေပြီးသော စံနမူနာယူဖွယ်ရာ) ဖြစ်စဉ်များ၏သတင်းအချက်အလက်များနှင့်အကြောင်းအရာများကို ထိုကဲ့သို့ပင် ပြန်ပြောင်း မိန့်ကြားတော်မူသည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား အရှင့်ထံတော်မှ သတိရတသ၍ ထုတ်ဖော်ဖွင့်ဟစရာ (ကုရ်အာန်ကျမ်းတော်မြတ်) ကို ချီးမြှင့်ပေးအပ်တော်မူ၏။
مَّنْ أَعْرَضَ عَنْهُ فَإِنَّهُ يَحْمِلُ يَوْمَ الْقِيَامَةِ وِزْرًا (100)
မည်သူမဆို ယင်း (ကျမ်းတော်မြတ်ကုရ်အာန်) မှ မျက်နှာလွှဲကျောခိုင်းခဲ့လျှင် ဧကန်ပင်၊ ထိုသူသည် (နောင်တမလွန်ဘဝ၏) ရှင်ပြန်ထရမည့်နေ့တွင် (အလွန်လေးလံသော တာဝန်) ဝန်ထုပ်ကို သယ်ပိုးထမ်းဆောင်ရမည်ဖြစ်၏။
خَالِدِينَ فِيهِ ۖ وَسَاءَ لَهُمْ يَوْمَ الْقِيَامَةِ حِمْلًا (101)
(ထိုကျမ်းမြတ်အား ကျောခိုင်းသူတို့သည်) ယင်း (ဝန်ထုပ်ကို ထမ်းဆောင်သယ်ပိုးခြင်) ၌ ထာဝစဉ် ကာလအကန့်အသတ်မဲ့ ရှိကြပေမည်။ စင်စစ် ထိုဝန်ထုပ်သည် သူတို့အတွက် ရှင်ပြန်ထရမည့်နေ့တွင် အလွန်ဆိုးရွားလှသော ဝန်ထုပ်ပင် ဖြစ်လိမ့်မည်။
يَوْمَ يُنفَخُ فِي الصُّورِ ۚ وَنَحْشُرُ الْمُجْرِمِينَ يَوْمَئِذٍ زُرْقًا (102)
ထို (ရှင်ပြန်ထမြောက်မည့်) နေ့တွင် တံပိုးခရာ၌ မှုတ်ပေးခြင်းခံရလိမ့်မည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုနေ့တွင် ရာဇဝတ်မှုကျူးလွန်သူတို့အား ဝိုးတိုးဝါးတားမျက်လုံးပိုင်ရှင်များအဖြစ် စုရုံးစေတော်မူမည်။
يَتَخَافَتُونَ بَيْنَهُمْ إِن لَّبِثْتُمْ إِلَّا عَشْرًا (103)
ထို (ရှင်ပြန်ထမြောက်မည့်) နေ့တွင် သူတို့သည် အချင်းချင်းကြားဝယ် ''သင်တို့သည် (လောကီကမ္ဘာ၌) ဆယ်ရက်မျှသာ နေထိုင်ခဲ့ကြရသည်။'' ဟု တိုးတိုးတိတ်တိတ် ညည်းတွားကြပေမည်။
نَّحْنُ أَعْلَمُ بِمَا يَقُولُونَ إِذْ يَقُولُ أَمْثَلُهُمْ طَرِيقَةً إِن لَّبِثْتُمْ إِلَّا يَوْمًا (104)
ငါအရှင်မြတ်သည် သူတို့ပြောဆိုကြသည့်အကြောင်းနှင့်စပ်လျဉ်း၍ အသိဆုံးဖြစ်တော်မူပြီး သိတော်မူသောအရှင် ဖြစ်တော်မူပေသည်။ အကြင်အခါဝယ် သူတို့အနက်မှ (စံနမူနာယူဖယ်ရာ) အမြော်အမြင်အရှိဆုံး (အတော်ဆုံးသော) ပုဂ္ဂိုလ်က ''သင်တို့သည် (လောကီဘဝသက်တမ်း၌) တစ်ရက်မျှသာ နေခဲ့ကြသည်။''ဟု ပြော ဆိုလိမ့်မည်။
وَيَسْأَلُونَكَ عَنِ الْجِبَالِ فَقُلْ يَنسِفُهَا رَبِّي نَسْفًا (105)
(တမလွန်ဘဝကို မယုံကြည်သော မိစ္ဆာဝါဒီများက ကမ္ဘာပျက်မည့်နေ့အကြောင်း မေးမြန်းကြစဉ်) သူတို့သည် အသင် (တမန်တော်) အား တောင်များနှင့်စပ်လျဉ်း၍ (မည်သို့မည်ပုံ ဖြစ်မည်ကို) မေးမြန်းနေကြ ၏။ သို့ဖြစ်ပေရာ (သူတို့အား) “ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် ယင်း (တောင်များ) ကို (အစိတ်စိတ်အပိုင်းပိုင်း ဖြစ်အောင်ပေါက်ကွဲစေတော်မူ၍) အမှုန်များအဖြစ် လွင့်ပါးစေတော်မူမည် ဖြစ်၏။” ဟု ဖြေဆိုဟောပြောလော့။
فَيَذَرُهَا قَاعًا صَفْصَفًا (106)
တစ်ဖန် ထိုအရှင်မြတ်သည် ထို (မြေကမ္ဘာ) ကို ဗလာဟင်းလင်းဖြစ်လျက် ညီညာသော လွင်ပြင်အဖြစ် ကျန်ရစ်စေတော်မူမည် ဖြစ်၏။
لَّا تَرَىٰ فِيهَا عِوَجًا وَلَا أَمْتًا (107)
(ထိုစဉ်) အသင်သည် ထို (မြေကမ္ဘာ) ၌ မည်သည့် ကွေ့ကောက်သောချိုင့်ဝှမ်းနှင့်မညီညာသော ကျောက်ဆောင်တောင်ကုန်းကိုမျှ တွေ့မြင်ရလိမ့်မည် မဟုတ်ပေ။
يَوْمَئِذٍ يَتَّبِعُونَ الدَّاعِيَ لَا عِوَجَ لَهُ ۖ وَخَشَعَتِ الْأَصْوَاتُ لِلرَّحْمَٰنِ فَلَا تَسْمَعُ إِلَّا هَمْسًا (108)
ထိုနေ့တွင် လူတို့သည် ဖိတ်ခေါ်သူတစ်ဦး၏ဆင့်ခေါ်သံနောက်သို့ လမ်းလွဲခြင်းမရှိဘဲ ရိုးသား ဖြောင့်မတ်စွာ လိုက်ကြမည်ဖြစ်ရာ အသံဟူသမျှသည် အနန္တကရုဏာတော်ရှင်အတွက် နှိမ့်ချသော အနေအထား၌ ရှိကြပြီး အသင်သည် တိုးတိုးတိတ်တိတ်ပြောဆိုသော ပျော့ပျောင်းသည့် တီးတိုးသံမှအပ (အခြားမည်သည့် အသံကိုမျှ) ကြားရလိမ့်မည် မဟုတ်ပေ။
يَوْمَئِذٍ لَّا تَنفَعُ الشَّفَاعَةُ إِلَّا مَنْ أَذِنَ لَهُ الرَّحْمَٰنُ وَرَضِيَ لَهُ قَوْلًا (109)
ထိုနေ့တွင် ကြားဝင်အသနားခံခြင်းသည် အနန္တကရုဏာတော်ရှင်က ခွင့်ပြုချက်ပေးထားတော်မူသောသူနှင့်သူ၏အပြောအဆိုကို အရှင်မြတ်သဘောတူ လက်ခံတော်မူသော သူတို့မှအပ (အခြား မည်သူတစ်ဦးတစ်ယောက်အတွက်မျှ) အကျိုးပြုလိမ့်မည် မဟုတ်ပေ။
يَعْلَمُ مَا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ وَلَا يُحِيطُونَ بِهِ عِلْمًا (110)
ထိုအရှင်မြတ်သည် လူသားတို့အချင်းချင်းကြားတွင် မျက်မှောက်ကာလ၌ ထင်ထင်ရှားရှားဖြစ်ပျက်နေသည့် အကြောင်းအရာဟူသမျှကိုလည်းကောင်း၊ အတိတ်၌ ပြုခဲ့ကြသော (ရည်ရွယ်ချက်များ ပြောဆိုဆွေးနွေးချက်များနှင့်လုပ်ရပ်များ စသော) အကြောင်းအရာဟူသမျှကိုလည်းကောင်း၊ ထိုအရှင်မြတ်နှင့်ပတ်သက်၍ လူသားတို့၏ (စွမ်းရည်စွမ်းပကား နည်းပညာအတတ်ပညာနှင့်) အသိပညာဖြင့် ဝန်းခြုံ သိနားလည်နိုင်စွမ်း မရှိသည်ကိုလည်းကောင်း၊ အကြွင်းမဲ့ သိနေတော်မူ၏။
۞ وَعَنَتِ الْوُجُوهُ لِلْحَيِّ الْقَيُّومِ ۖ وَقَدْ خَابَ مَنْ حَمَلَ ظُلْمًا (111)
ထို့ပြင် (ထိုတမလွန်တရားစီရင်မည့်နေ့တွင် လူသားတို့၏) မျက်နှာများမှာ ထာဝရရှင်နေတော်မူသော၊ တည်ရှိမြဲအတိုင်း အစဉ်တည်ရှိနေတော်မူသောအရှင်မြတ်၏ရှေ့တော်မှောက်ဝယ် (ကျိုးနွံစွာဖြင့်) အောက် ကျို့လျက် ရှိကြပေမည်။ သို့သော် (အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍) မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံမှုအထုပ်ကိုသာ ထမ်းရွက်လာခဲ့ကြသူတို့မှာမူကား (လုပ်ရပ်များ၏အကျိုးဆက်များကို ပျက်ပြယ်ဆုံးရှုံးခံရလျက်) မုချပင် ကျဆုံးကြလိမ့်မည်။
وَمَن يَعْمَلْ مِنَ الصَّالِحَاتِ وَهُوَ مُؤْمِنٌ فَلَا يَخَافُ ظُلْمًا وَلَا هَضْمًا (112)
သို့ရာတွင် မည်သူမဆို ဖြောင့်မတ်မှန်ကန်သောပြုမူကျင့်ကြံမှုများ (ကောင်းမြတ်သော အကျင့်သီလများ) ကို (မြဲမြံစွာ) ကျင့်မူဆောက်တည်လျှင် ထိုသူသည် သက်ဝင်ယုံကြည်သူ ဖြစ်သောကြောင့် (အရှင့်ထံ တော်မှ) မတော်မတရားအရေးယူခံရခြင်းကိုလည်းကောင်း၊ (ရသင့်ရထိုက်သော အကျိုးဆုလဒ်နှင့်ခံစားခွင့်များ) ပိတ်ပင်ထားဆီးခြင်းခံမည်ကိုလည်းကောင်း၊ ကြောက်ရွံ့စိုးရိမ်ရမည် မဟုတ်ချေ။
وَكَذَٰلِكَ أَنزَلْنَاهُ قُرْآنًا عَرَبِيًّا وَصَرَّفْنَا فِيهِ مِنَ الْوَعِيدِ لَعَلَّهُمْ يَتَّقُونَ أَوْ يُحْدِثُ لَهُمْ ذِكْرًا (113)
ထိုနည်းအတိုင်းပင် ငါအရှင်မြတ်သည် ယင်း (ကျမ်းတော်) ကို စကားပြေပြစ်ကောင်းမွန်လှသော အာရဗီဘာသာဖြင့် ကုရ်အာန်ကျမ်းတော်မြတ်အဖြစ် ထုတ်ပြန်ပို့ချ၍ ပေးအပ်တော်မူပြီး ငါအရှင်မြတ်ကို စိုးရွံ့ ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြရန် သို့တည်းမဟုတ် သူတို့အတွက် သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာအဖြစ် ဆွေးနွေးစေ့ဆော်ခြင်းခံရရန်အလို့ငှာ ငါအရှင်မြတ်သည် ယင်း (ကျမ်းတော်) ၌ (ဆက်စပ်ဖော်ပြထားသော အကြောင်းအရာ အဖုံဖုံနှင့်ရှုထောင့်အသွယ်သွယ်ဖြင့်) သတိပေးနှိုးဆော်ချက်များ ပါဝင်စေလျက် အသေးစိတ်ရှင်းလင်း တင်ပြထားတော်မူ၏။
فَتَعَالَى اللَّهُ الْمَلِكُ الْحَقُّ ۗ وَلَا تَعْجَلْ بِالْقُرْآنِ مِن قَبْلِ أَن يُقْضَىٰ إِلَيْكَ وَحْيُهُ ۖ وَقُل رَّبِّ زِدْنِي عِلْمًا (114)
သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် လောကခပ်သိမ်းထက် အထွတ်အထိပ်ဆုံး ပကတိ အချုပ်အခြာ အာဏာအပိုင်ဆုံး ပရမတ္တသစ္စာတရားပင် ဖြစ်တော်မူ၏။ (အို၊ ရစူလ်တမန်တော်၊) အသင်သည် အ သင့်ထံ အရှင့် ဝဟီအမိန့်တော်ထုတ်ပြန်ချမှတ်ပေးအပ်တော်မူခြင်းအား အပြီးသတ် အတည်ပြု ပြဌာန်းတော်မမူမီ (အမိန့်တော်အား အပြီးသတ် ပို့ချပေးအပ်တော်မူသည်အထိ) ကုရ်အာန်ကျမ်းတော်မြတ်နှင့်စပ်လျဉ်း၍ (အမိန့်ပညတ်ချက်များ လက်ခံရရှိရန်နှင့်အာဂုံဆောင်နိုင်ရန်အတွက်) အလျင်စလို မပြုလေနှင့်။ ထို့ပြင် အသင်သည် ''အို၊ ကျွန်တော် မျိုးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုး၌ အသိပညာကို တိုးပွားစေတော်မူပါ။'' ဟု လျှောက်ထားပန်ကြားလော့။
وَلَقَدْ عَهِدْنَا إِلَىٰ آدَمَ مِن قَبْلُ فَنَسِيَ وَلَمْ نَجِدْ لَهُ عَزْمًا (115)
ဧကန်ပင်၊ ငါအရှင်မြတ်သည် ယခင်က အာဒမ်နှင့်ကတိပဋိညာဉ်ထားတော်မူခဲ့သော်လည်း သူသည် (ယင်းကို) မေ့လျော့ခဲ့ရာ ငါအရှင်မြတ်သည် သူ့၌ တည်ကြည်ကြံ့ခိုင်သော စိတ်ပိုင်းဖြတ်မှုကို တွေ့တော်မမူခဲ့ချေ။
وَإِذْ قُلْنَا لِلْمَلَائِكَةِ اسْجُدُوا لِآدَمَ فَسَجَدُوا إِلَّا إِبْلِيسَ أَبَىٰ (116)
(သတိရကြလော့။) ငါအရှင်မြတ်သည် မလာအီကာစေတမန်တို့ကို ""အာဒမ်အား ဦးချလော့။"" ဟု မိန့်တော်မူသည့်အခါ အီဗ်လီစ် (ခေါ် စေတန်မိစ္ဆာကောင်) မှအပ သူတို့အားလုံးသည် ဦးချကြ၏။ စေတန် မိစ္ဆာကောင်မူကား (ဦးချခြင်းမပြုဘဲ အမိန့်တော်ကို) သွေဖည်ငြင်းပယ်ခဲ့လေ၏။
فَقُلْنَا يَا آدَمُ إِنَّ هَٰذَا عَدُوٌّ لَّكَ وَلِزَوْجِكَ فَلَا يُخْرِجَنَّكُمَا مِنَ الْجَنَّةِ فَتَشْقَىٰ (117)
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် (အာဒမ်အား) “အို၊ အာဒမ်၊ ဤ (အိဗ်လီစ်စေတန်မိစ္ဆာကောင်) သည် ကား အသင်နှင့်အသင့်ဘဝဖော်တို့၏ရန်သူပင် ဖြစ်ပေရာ သူ့အား သင်တို့နှစ်ဦးစလုံးကို သုခဥယျာဉ်မှ နှင် ထုတ်စေနိုင်သည့် အခွင့်အရေး မပေးလေနှင့်။ သို့ဖြစ်ခဲ့မူ သင်တို့သည် စိတ်သောကရောက်ခြင်းကို ရင်ဆိုင်ကြုံတွေ့နိုင်၏။
إِنَّ لَكَ أَلَّا تَجُوعَ فِيهَا وَلَا تَعْرَىٰ (118)
ဧကန်ပင်၊ သင့်အတွက် (ရိက္ခာနှင့်လိုအပ်ချက်များ ထောက်ပံ့တော်မူမည်ဖြစ်၍) ထို (သုခဥယျာဉ်) ၌ ဆာလောင်မှုကို ခံစားရလိမ့်မည်မဟုတ်သည့်အပြင် အဝတ်ဗလာကိုယ်တုံးလုံးဖြစ် (လျက် ဂုဏ်သိက္ခာမဲ့မှုကို ခံစား) ရလိမ့်မည်လည်း မဟုတ်ချေ။
وَأَنَّكَ لَا تَظْمَأُ فِيهَا وَلَا تَضْحَىٰ (119)
ထို့ပြင် ဧကန်စင်စစ်၊ အသင်သည် ထိုသုခဥယျာဉ်၌ ရေငတ်ခြင်းကို မခံစားရသည့်အပြင် နေပူဒဏ်ကိုလည်း ခံစားရမည် မဟုတ်ချေ။
فَوَسْوَسَ إِلَيْهِ الشَّيْطَانُ قَالَ يَا آدَمُ هَلْ أَدُلُّكَ عَلَىٰ شَجَرَةِ الْخُلْدِ وَمُلْكٍ لَّا يَبْلَىٰ (120)
ထို့နောက် စေတန်မိစ္ဆာကောင်သည် အာဒမ်၏စိတ်တွင်းဝယ် (မကောင်းသည့်အကြံဉာဏ် တီးတိုး ပြော လျက်) စေ့ဆော်ဖြားယောင်းကာ “အို၊ အာဒမ်၊ ကျွန်ုပ်သည် အသင့်အား အစဉ်ထာဝရရှင်သန်မှုနှင့်ဆိုင်သော သစ်ပင်ကိုလည်းကောင်း၊ ဆုတ်ယုတ်ပျက်စီးလိမ့်မည်မဟုတ်သော အချုပ်အခြာအာဏာကိုလည်းကောင်း၊ ညွှန်ပြရမည်လော။” ဟု မေးမြန်းခဲ့၏။
فَأَكَلَا مِنْهَا فَبَدَتْ لَهُمَا سَوْآتُهُمَا وَطَفِقَا يَخْصِفَانِ عَلَيْهِمَا مِن وَرَقِ الْجَنَّةِ ۚ وَعَصَىٰ آدَمُ رَبَّهُ فَغَوَىٰ (121)
သို့ဖြစ်ပေရာ သူတို့နှစ်ဦးစလုံးသည် ယင်း (သစ်ပင်) မှ စားသုံးခဲ့ကြလေ၏။ ထိုအခါ သူတို့နှစ်ဦးစလုံး၏ (ယခင်က သတိမထားမိသော) အရှက်အင်္ဂါများသည် သူတို့ရှေ့ဝယ် စတင်ပေါ်သွား (သကဲ့သို့ ယင်းတို့နှင့်စပ်လျဉ်း၍ အာရုံခံစားမှုကို သတိပြုမိ) လေရာ သူတို့၏ (အရှက်များ) အပေါ်တွင် သုခဥယျာဉ်မှ သစ်ရွက်များဖြင့် အလျင်စလို ဖုံးအုပ်ခြင်းကို စတင်ပြုလုပ်ခဲ့ကြလေ၏။ စင်စစ် အာဒမ်သည် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် (၏အမိန့်တော်) ကို မနာခံ၊ မလိုက်နာခဲ့သောကြောင့် လမ်းမှန်မှ လွဲခဲ့ရလေသည်။
ثُمَّ اجْتَبَاهُ رَبُّهُ فَتَابَ عَلَيْهِ وَهَدَىٰ (122)
ထို့နောက် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်သည် အာဒမ်ကို ရွေးချယ်တော်မူခဲ့လေရာ၊ ထိုအရှင်မြတ်သည် သူ့ဘက်သို့ ကရုဏာတော်နှင့်ပြန်လှည့်တော်မူ (၍ သူ၏ ဝန်ချတောင်းပန်မှုကို သဘောတူလက်ခံတော်မူ) ပြီး သူ့ကို တရားလမ်းမှန် ညွှန်ပြတော်မူခဲ့လေသည်။
قَالَ اهْبِطَا مِنْهَا جَمِيعًا ۖ بَعْضُكُمْ لِبَعْضٍ عَدُوٌّ ۖ فَإِمَّا يَأْتِيَنَّكُم مِّنِّي هُدًى فَمَنِ اتَّبَعَ هُدَايَ فَلَا يَضِلُّ وَلَا يَشْقَىٰ (123)
အရှင်မြတ်က သင်တို့အားလုံး (အာဒမ်တို့နှစ်ဦးနှင့်စေတန်) သည် သင်တို့အနက်မှ အချို့သည် အချို့၏ ရန်သူများဖြစ်ကြလျက် ယင်း (သုခဥယျာဉ်) မှ ဆင်းသွားကြလော့။ ထို့နောက် အကယ်၍ ငါအရှင်မြတ်ထံတော်မှ သင်တို့ထံ တရားလမ်းညွှန်ကို ရောက်ရှိစေတော်မူသောအခါ မည်သူမဆို ငါအရှင်မြတ်၏တရားလမ်းညွှန် အတိုင်း လိုက်နာခဲ့မူ ထိုသူသည် လမ်းမှား ရောက်လိမ့်မည် မဟုတ်ပေ။ စိတ်သောကရောက်ခြင်းကို ရင်ဆိုင်ကြုံတွေ့ရမည်လည်း မဟုတ်ချေ။
وَمَنْ أَعْرَضَ عَن ذِكْرِي فَإِنَّ لَهُ مَعِيشَةً ضَنكًا وَنَحْشُرُهُ يَوْمَ الْقِيَامَةِ أَعْمَىٰ (124)
သို့ရာတွင် မည်သူမဆို ငါအရှင်မြတ်၏ သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ (ဖြစ်သော ကျမ်းတော်) မှ မျက်နှာလွှဲ ကျောခိုင်းလျှင် ဧကန်ပင်၊ ထိုသူအတွက် လောကီဘဝ သက်တမ်း၏အကျိုး ခံစားမှုများတွင် ကျပ် တည်းခက်ခဲမှုများ ဖြစ်စေတော်မူပြီး ရှင်ပြန်ထမြောက်မည့်နေ့တွင်လည်း ငါအရှင်မြတ်သည် သူ့ကို မျက်ကန်းအ ဖြစ် ရှင်ပြန်ထစေ၍ စုရုံးစေတော်မူမည် ဖြစ်သည်။
قَالَ رَبِّ لِمَ حَشَرْتَنِي أَعْمَىٰ وَقَدْ كُنتُ بَصِيرًا (125)
(ထိုအခါ) ထိုသူက ''အို၊ ကျွန်တော်မျိုးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန််ုပသည် လောကီဘဝ၌ မျက်စိမြင်သူ (တစ်ဦး) ဖြစ်ခဲ့ပါလျက် အရှင်မြတ်သည် အဘယ်ကြောင့် ကျွန်ုပ်အား မျက်ကန်းအဖြစ် ရှင်ပြန်ထစေ၍ စုရုံးစေတော်မူပါသနည်း။''ဟု လျှောက်ထားပေမည်။
قَالَ كَذَٰلِكَ أَتَتْكَ آيَاتُنَا فَنَسِيتَهَا ۖ وَكَذَٰلِكَ الْيَوْمَ تُنسَىٰ (126)
(ထိုအခါ) အရှင်မြတ်က “ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာများသည် အသင့်ထံ ရောက်ရှိစေ တော်မူသော်လည်း အသင်သည် (အမြော်အမြင်ရှိပါလျက် ယင်းတို့ကို) ထိုနည်းအတိုင်းပင် မေ့လျော့ ၍ စွန့်ပစ်ထားခဲ့လေ၏။ ထိုကဲ့သို့ပင် ယနေ့ အသင်သည်လည်း ဥပေက္ခာပြုမေ့လျော့ခြင်းကိုခံရခြင်း ဖြစ်၏။
وَكَذَٰلِكَ نَجْزِي مَنْ أَسْرَفَ وَلَمْ يُؤْمِن بِآيَاتِ رَبِّهِ ۚ وَلَعَذَابُ الْآخِرَةِ أَشَدُّ وَأَبْقَىٰ (127)
စင်စစ်သော်ကား ငါအရှင်မြတ်သည် စည်းဘောင်ကို ကျူးလွန်၍ လွန်လွန်ကျွံကျွံ ပြုလုပ်သူ (အလွဲသုံး စားပြုသူ) နှင့်သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏အာယသ် သက်သေလက္ခဏာတော်များကို မယုံကြည်သူတို့အား ထိုနည်းအတိုင်း (ဤလောကီဘဝသက်တမ်း၌ သူတို့၏လုပ်ရပ် နှင့်အညီ) အစားပေးတော်မူပြီး နောင်တမလွန်ဘဝ၏ပြစ်ဒဏ်သည်ကား ပိုမို၍ပင် ပြင်းထန်လှသည့်အပြင် ပိုမို၍ ပင် မြဲမြံတည်တံ့လိမ့်မည် ဖြစ်၏။
أَفَلَمْ يَهْدِ لَهُمْ كَمْ أَهْلَكْنَا قَبْلَهُم مِّنَ الْقُرُونِ يَمْشُونَ فِي مَسَاكِنِهِمْ ۗ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِّأُولِي النُّهَىٰ (128)
ငါအရှင်မြတ်သည် သူတို့မတိုင်မီ သူတို့၏မြို့ရွာနေရာဒေသများတွင် အခြေချနေထိုင်၍ သွားလာ လှုပ်ရှားခဲ့ကြသော မျိုးဆက်ပေါင်း မည်ရွေ့မည်မျှအား တိမ်ကောဖျက်ဆီးစေတော်မူခဲ့ကြောင်းကို ယင်း (ကျမ်းတော်မြတ်ကုရ်အာန်) က သူတို့အား (တရားလမ်းမှန်ရစေရန်) မညွှန်ပြလေသလော။ ဧကန်စင်စစ်၊ ထိုသို့ဖြစ် ပျက်ခဲ့ခြင်း၌ ဆင်ခြင်တုံတရားဖြင့် ချင့်ချိန်မြော်မြင် နားလည်နိုင်စွမ်းသော ပညာရှင်များအတွက် (ထင်ရှားသော) အာယသ်သက်သေလက္ခဏာတော်များ ရှိနေ၏။
وَلَوْلَا كَلِمَةٌ سَبَقَتْ مِن رَّبِّكَ لَكَانَ لِزَامًا وَأَجَلٌ مُّسَمًّى (129)
အကယ်၍သာ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်မှ (တမလွန်တရားစီမည့်နေ့ကို) မူလကပင် အမိန့်တော်တစ်ရပ်အဖြစ် ပြဌာန်းတော်မမူခဲ့လျှင် (ဒဏ် ခတ်အရေးယူခြင်းသည်) အခိုင်အမာဆုံးဖြတ်၍ သတ်မှတ်ထားသော အချိန်ကာလတစ်ခု၌ပင် (မလွှဲမရှောင်သာ ဆိုက်ရောက်စေတော်မူရန်) အမှန်ပင် တာဝန်တစ်ရပ်ဖြစ်ခဲ့လိမ့်မည်။
فَاصْبِرْ عَلَىٰ مَا يَقُولُونَ وَسَبِّحْ بِحَمْدِ رَبِّكَ قَبْلَ طُلُوعِ الشَّمْسِ وَقَبْلَ غُرُوبِهَا ۖ وَمِنْ آنَاءِ اللَّيْلِ فَسَبِّحْ وَأَطْرَافَ النَّهَارِ لَعَلَّكَ تَرْضَىٰ (130)
သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် သူတို့ပြောဆိုနေသမျှနှင့်စပ်လျဉ်း၍ (ဇွဲလုံ့လဝီရိယဖြင့်) သည်းခံကြံ့ခိုင်လော့။ ထို့ပြင် အသင်သည် အရှင်မြတ်၏ကျေနပ်နှစ်မြို့မှုရရှိရန် (နှင့်အရှင်မြတ်ချီးမြှင့်ပေးအပ်တော်မူသမျှဖြင့် တင်းတိမ်ရောင့်ရဲနိုင်ရန်အလို့ငှာ) နံနက်နေမထွက်မီနှင့်ညနေနေမဝင်မီလည်းကောင်း၊ ညအချိန်များနှင့်နေ့၏အစွန်အဖျားများ၌လည်းကောင်း၊ သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်အား ချီးမွမ်းခြင်းနှင့်တကွ (အရှင်မြတ်သည် ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူခြင်းတို့ကြောင့်) သန့်ရှင်းစင်ကြယ် တော်မူကြောင်းကို ဂုဏ်တင်ကြလော့။
وَلَا تَمُدَّنَّ عَيْنَيْكَ إِلَىٰ مَا مَتَّعْنَا بِهِ أَزْوَاجًا مِّنْهُمْ زَهْرَةَ الْحَيَاةِ الدُّنْيَا لِنَفْتِنَهُمْ فِيهِ ۚ وَرِزْقُ رَبِّكَ خَيْرٌ وَأَبْقَىٰ (131)
ထို့ပြင် ငါအရှင်မြတ်က (မယုံကြည်သူများအပါအဝင် လူသားများဖြစ်ကြသော) သူတို့အနက်မှ ထိုလောကီဘဝ၌ စမ်းသပ်တော်မူရန်အလို့ငှာ (အကောင်းနှင့်အဆိုး ဆင်းရဲချမ်းသာ စသော) ဆန့်ကျင်ဘက်စုံတွဲများကို လောကီဘဝသက်တမ်း၏ခံ့ညားထည်ဝါမှုအဖြစ် ဖြစ်စေတော်မူပြီး ယင်းနှင့်အတူ လောကီအကျိုးခံစားခွင့်များဘက်သို့ အသင် (တမန်တော်) ၏ မျက်စိများကို အားစိုက်၍ မကြည့်မိစေနှင့်။ အမှန်မှာ အသင့်အား ဖွဲ့စည်း ဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ (ချီးမြှင့်ထောက်ပံ့တော်မူထားသော) စားနပ်ရိက္ခာ (နှင့်အခြားလိုအပ်ချက်များဆိုင်ရာ နိယာမတရားများ) သည်သာလျှင် ကောင်းမြတ်ဆုံးနှင့်အတည်တံ့ အမြဲမြံဆုံးပင် ဖြစ်၏။
وَأْمُرْ أَهْلَكَ بِالصَّلَاةِ وَاصْطَبِرْ عَلَيْهَا ۖ لَا نَسْأَلُكَ رِزْقًا ۖ نَّحْنُ نَرْزُقُكَ ۗ وَالْعَاقِبَةُ لِلتَّقْوَىٰ (132)
ထို့ပြင် သင်၏မိသားစုနှင့်အသိုင်းအဝိုင်းကို ဆွလာတ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းစည်းကမ်းနှင့်အညီ မြဲမြံစွာ) ဆောက်တည်စေရန် အမိန့်ပေးတိုက်တွန်းနှိုးဆော်လော့။ ထို (ရပ်တည်ချက်) အပေါ်တွင် (ဇွဲ၊ လုံ့လ၊ ဝီ ရိယဖြင့် မယိမ်းမယိုင် တည်ကြည်မြဲမြံစွာ) သည်းခံကြံ့ခိုင်လော့။ ငါအရှင်မြတ်သည် အသင့်ထံတွင် စားနပ်ရိက္ခာ ကို တောင်းခံတော်မူမည် မဟုတ်ပေ။ ငါအရှင်မြတ်သည်သာလျှင် အသင့်အား စား နပ်ရိက္ခာ (နှင့်အခြားအသက်ရှင် ရပ်တည်ရေးဆိုင်ရာ လိုအပ်ချက်အားလုံး) ကို ချီးမြှင့် ဖြည့်ဆည်း ပေးတော်မူ၏။ အမှန်စင်စစ် (တပ်မက်စရာ ကောင်းသော) နောက်ဆုံးအကျိုးဆုလဒ်သည် မွတ္တကီ (ခေါ် အရှင်မြတ်အား စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်း တော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသူ) တို့အတွက်သာ ဖြစ်၏။
وَقَالُوا لَوْلَا يَأْتِينَا بِآيَةٍ مِّن رَّبِّهِ ۚ أَوَلَمْ تَأْتِهِم بَيِّنَةُ مَا فِي الصُّحُفِ الْأُولَىٰ (133)
ထို့ပြင် သူတို့က (တမန်တော်ဖြစ်သော) သူသည် အဘယ်ကြောင့် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်မှ အာယသ်သက်သေလက္ခဏာ (နိယာမတရားနှင့်ဆန့်ကျင်သည့် အံ့ဖွယ်ရာ) တစ်စုံတစ်ရာကို ဖြစ်ပေါ်စေ၍ ကျွန်ုပ်တို့ထံ ယူဆောင်ခြင်း မရှိသနည်း။” ဟု မေးမြန်ကြ၏။ သူတို့ထံ ရှေးကျမ်းများ၌လာရှိသော မြင်သာထင်ရှားပြီး လုံလောက်သောအံ့ဖွယ်ဖြစ်သည့်) ရှင်းလင်းချက်များသည် ရောက်ရှိလာခဲ့ပြီ မဟုတ်လော။
وَلَوْ أَنَّا أَهْلَكْنَاهُم بِعَذَابٍ مِّن قَبْلِهِ لَقَالُوا رَبَّنَا لَوْلَا أَرْسَلْتَ إِلَيْنَا رَسُولًا فَنَتَّبِعَ آيَاتِكَ مِن قَبْلِ أَن نَّذِلَّ وَنَخْزَىٰ (134)
ထို့ပြင် အကယ်၍ ငါအရှင်မြတ်သည် သူတို့အား ထို (တမန်တော်မုဟမ္မဒ်နှင့်ကျမ်းတော်မြတ်ကုရ်အာန်) မတိုင်မီ ပြစ်ဒဏ် တစ်စုံတစ်ရာဖြင့် တိမ်ကောပျက်စီးစေတော်မူခဲ့လျှင် သူတို့က ''အို၊ ကျွန်တော်မျိုးတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ အဘယ်ကြောင့် ကျွန်တော်မျိုးတို့ထံ ရစူလ်တမန်တော် တစ်ပါးပါးကို စေလွှတ်တော်မမူခဲ့ပါသနည်း။ သို့ (စေလွှတ်တော်မူခဲ့) လျှင် ကျွန်ုပ်တို့သည် ဂုဏ်အသရေ နိမ့်မကျကြမီနှင့်အရှက်တကွဲ မဖြစ်ကြမီ အသင် (အရှင်မြတ်၏) အာယသ်သက်သေလက္ခဏာတော်များကို လိုက်နာကြမည်သာ ဖြစ်၏။'' ဟု ပြောဆိုကြပေမည်။
قُلْ كُلٌّ مُّتَرَبِّصٌ فَتَرَبَّصُوا ۖ فَسَتَعْلَمُونَ مَنْ أَصْحَابُ الصِّرَاطِ السَّوِيِّ وَمَنِ اهْتَدَىٰ (135)
(အို၊ ရစူလ်တမန်တော် သူတို့အား) “ကျွန်ုပ်နှင့်သင်တို့အပါအဝင် အားလုံးကိုယ်စီသည်ပင် (လုပ်ရပ် အပြုအမူ၏အကျိုးဆက်အဖြစ် အနာဂတ်က မည်သည်တို့ကို ယူဆောင်လာနိုင်ကြောင်း တွက်ချက်မှန်းဆ၍) စောင့်မျှော်သင့်သည့်အတိုင်း စောင့်မျှော်နေကြလော့။ သို့ (စောင့်မျှော်ကြ) လျှင် မည်သူတို့သည် ဖြောင့်မတ် ပြေပြစ်၍ သဟဇာတဖြစ်သော လမ်းစဉ်၌ ရပ်တည်နေကြပြီး မည်သူတို့သည် တရားလမ်းမှန် ညွှန် ပြခံကြရသည်ကို မကြာမီ အသင်တို့ သိနားလည်ကြလိမ့်မည်။
❮ السورة السابقة السورة التـالية ❯

قراءة المزيد من سور القرآن الكريم :

1- الفاتحة2- البقرة3- آل عمران
4- النساء5- المائدة6- الأنعام
7- الأعراف8- الأنفال9- التوبة
10- يونس11- هود12- يوسف
13- الرعد14- إبراهيم15- الحجر
16- النحل17- الإسراء18- الكهف
19- مريم20- طه21- الأنبياء
22- الحج23- المؤمنون24- النور
25- الفرقان26- الشعراء27- النمل
28- القصص29- العنكبوت30- الروم
31- لقمان32- السجدة33- الأحزاب
34- سبأ35- فاطر36- يس
37- الصافات38- ص39- الزمر
40- غافر41- فصلت42- الشورى
43- الزخرف44- الدخان45- الجاثية
46- الأحقاف47- محمد48- الفتح
49- الحجرات50- ق51- الذاريات
52- الطور53- النجم54- القمر
55- الرحمن56- الواقعة57- الحديد
58- المجادلة59- الحشر60- الممتحنة
61- الصف62- الجمعة63- المنافقون
64- التغابن65- الطلاق66- التحريم
67- الملك68- القلم69- الحاقة
70- المعارج71- نوح72- الجن
73- المزمل74- المدثر75- القيامة
76- الإنسان77- المرسلات78- النبأ
79- النازعات80- عبس81- التكوير
82- الإنفطار83- المطففين84- الانشقاق
85- البروج86- الطارق87- الأعلى
88- الغاشية89- الفجر90- البلد
91- الشمس92- الليل93- الضحى
94- الشرح95- التين96- العلق
97- القدر98- البينة99- الزلزلة
100- العاديات101- القارعة102- التكاثر
103- العصر104- الهمزة105- الفيل
106- قريش107- الماعون108- الكوثر
109- الكافرون110- النصر111- المسد
112- الإخلاص113- الفلق114- الناس