×

ဧကန်ပင်၊ ငါအရှင်မြတ်သည် အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူပြီး (သက်ရှိသက်မဲ့အားလုံးကို ဖွဲ့စည်းဖြစ်တည်စေတော်မူလျက် လိုအပ်သည့် နိယာမတရားများနှင့်စည်းစနစ်များကိုလည်း ဖွံဖြိုးစေတော်မူသောအရှင် ဖြစ်တော်မူရုံသာမက မည်သည့်အရာကိုမျှ မမှီခိုဘဲ 20:14 Burmese translation

Quran infoBurmeseSurah Ta-Ha ⮕ (20:14) ayat 14 in Burmese

20:14 Surah Ta-Ha ayat 14 in Burmese (البورمية)

Quran with Burmese translation - Surah Ta-Ha ayat 14 - طه - Page - Juz 16

﴿إِنَّنِيٓ أَنَا ٱللَّهُ لَآ إِلَٰهَ إِلَّآ أَنَا۠ فَٱعۡبُدۡنِي وَأَقِمِ ٱلصَّلَوٰةَ لِذِكۡرِيٓ ﴾
[طه: 14]

ဧကန်ပင်၊ ငါအရှင်မြတ်သည် အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူပြီး (သက်ရှိသက်မဲ့အားလုံးကို ဖွဲ့စည်းဖြစ်တည်စေတော်မူလျက် လိုအပ်သည့် နိယာမတရားများနှင့်စည်းစနစ်များကိုလည်း ဖွံဖြိုးစေတော်မူသောအရှင် ဖြစ်တော်မူရုံသာမက မည်သည့်အရာကိုမျှ မမှီခိုဘဲ တစ်ပါးတည်း ပကတိရပ်တည်နေတော်မူသော အရှင်ဖြစ်တော်မူသောကြောင့်) ထိုအရှင်မှအပ အခြား (ပူဇော်ပသ၊ ရှိခိုးကန်တော့၊ ဆည်းကပ်ကိုးကွယ်ထိုက်သော) အရှင်ဟူ၍ အလျှင်း မရှိပေ။ သို့ဖြစ်ပေရာ ငါအရှင်မြတ်ကိုသာလျှင် နာခံကိုးကွယ်လော့။ ထို့ပြင် ငါအရှင်မြတ် အား သတိရ တသ၍ ဖွင့်ဟနိုင်ရန်အလို့ငှာ ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ မြဲမြံစွာ) ဆောက်တည်လော့။

❮ Previous Next ❯

ترجمة: إنني أنا الله لا إله إلا أنا فاعبدني وأقم الصلاة لذكري, باللغة البورمية

﴿إنني أنا الله لا إله إلا أنا فاعبدني وأقم الصلاة لذكري﴾ [طه: 14]

Ba Sein
၁၄။ မှတ်သားလော့၊ ငါသည် အလ္လာဟ်အရှင်မြတ်ဖြစ်တော်မူ၏။ ငါမှတပါး အခြားအရှင်သခင်မရှိချေ။ ထို့ကြောင့် ငါ့ကိုသာလျှင် ခဝပ်ကိုးကွယ်လော့၊ ငါ့ကို အောက်မေ့တသဖို့ရာ ဆွလားသ်ဝတ်ပြုလော့။
Ghazi Mohammad Hashim
ဧကန်အမှန် ငါအရှင်မြတ်သည် ပင်လျှင်အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူပေသည်။ ငါအရှင်မြတ် မှတစ်ပါး ခဝပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျှင်းမရှိပြီ။ သို့ဖြစ် ပေရာအသင်သည် ငါအရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ပါလေ။ထို့ပြင် အသင်သည် ငါအရှင်မြတ်အား သတိရခြင်းငှာ ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ပါလေ။
Hashim Tin Myint
အမှန်စင်စစ် ငါအရှင်မြတ်ပင် အလ္လာဟ်အရှင်မြတ်ဖြစ်‌တော်မူသည်။ ငါအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင် မရှိ‌ပေ။ သို့ဖြစ်ရာ အသင်သည် ငါအရှင်မြတ်ကိုသာ ကိုးကွယ်ပါ။ ထို့ပြင် အသင်သည် ငါအရှင်မြတ်ကို သတိရရန် စွလာသ်ဝတ်ပြုပါ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek