Quran with Burmese translation - Surah Ta-Ha ayat 12 - طه - Page - Juz 16
﴿إِنِّيٓ أَنَا۠ رَبُّكَ فَٱخۡلَعۡ نَعۡلَيۡكَ إِنَّكَ بِٱلۡوَادِ ٱلۡمُقَدَّسِ طُوٗى ﴾
[طه: 12]
﴿إني أنا ربك فاخلع نعليك إنك بالواد المقدس طوى﴾ [طه: 12]
Ba Sein ၁၂။ ထို့အပြင်ဆက်လက်ကြားရသည်မှာ မှတ်သားလော့၊ ငါသည် သင်၏ အရှင်သခင်ဖြစ်တော်မူ၏။ အကြောင်းမူကား သင်သည် မင်္ဂလာကျက်သရေရှိသောတိုပါချိုင့်ဝှမ်းသို့ ရောက်လာချေပြီ။ သို့ဖြစ်၍ သင်၏ခြေနင်းကို ချွတ်လော့။ |
Ghazi Mohammad Hashim ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ပင်။ သို့ဖြစ်ပေရာအသင်သည် မိမိ ဖိနပ်နှစ်ဖက်ကို ချွတ်ပါ လေ။ ဧကန်စင်စစ်အသင်သည် ထူးမြတ်သော တွုဝါ တောင်ကြားအရပ်၌(ရောက်)ရှိနေချေပြီ။ |
Hashim Tin Myint အမှန်စင်စစ် ငါအရှင်မြတ်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူသည်။ သို့ဖြစ်ရာ အသင်သည် အသင်၏ ဖိနပ်နှစ်ဖက်ကို ချွတ်ပါ။* အမှန်စင်စစ် အသင်သည် ထွတ်မြတ်သော သွုဝါ* တောင်ကြားအရပ်တွင် ရှိနေခြင်းပင်ဖြစ်သည်။ |