×

(အလ္လာဟ်အရှင်မြတ်နှင့်နှိုင်းယှဉ်တုပ ပြိုင်ဆိုင်နိုင်သောအရာဟူ၍ အလျှင်း မရှိပေ။ သို့သော်လည်း အရှင်မြတ်ကို စွန့်၍ အခြားသော ကိုးကွယ်ရာများကို ရှာဖွေ နေသူများလည်း ရှိကြ၏။) 21:24 Burmese translation

Quran infoBurmeseSurah Al-Anbiya’ ⮕ (21:24) ayat 24 in Burmese

21:24 Surah Al-Anbiya’ ayat 24 in Burmese (البورمية)

Quran with Burmese translation - Surah Al-Anbiya’ ayat 24 - الأنبيَاء - Page - Juz 17

﴿أَمِ ٱتَّخَذُواْ مِن دُونِهِۦٓ ءَالِهَةٗۖ قُلۡ هَاتُواْ بُرۡهَٰنَكُمۡۖ هَٰذَا ذِكۡرُ مَن مَّعِيَ وَذِكۡرُ مَن قَبۡلِيۚ بَلۡ أَكۡثَرُهُمۡ لَا يَعۡلَمُونَ ٱلۡحَقَّۖ فَهُم مُّعۡرِضُونَ ﴾
[الأنبيَاء: 24]

(အလ္လာဟ်အရှင်မြတ်နှင့်နှိုင်းယှဉ်တုပ ပြိုင်ဆိုင်နိုင်သောအရာဟူ၍ အလျှင်း မရှိပေ။ သို့သော်လည်း အရှင်မြတ်ကို စွန့်၍ အခြားသော ကိုးကွယ်ရာများကို ရှာဖွေ နေသူများလည်း ရှိကြ၏။) သို့တည်းမဟုတ် သူတို့သည် ထိုအရှင်မြတ်မှလွဲ၍ အခြားသော (သက်ရှိသက်မဲ့၊ ရုပ်ဆင်းပွားအစရှိသော) အရာများကို ကိုးကွယ်ရာများအဖြစ် အယူထား ယုံကြည်ကိုးကွယ်ကြသလော။ (အို၊ ရစူလ်တမန်တော်၊ သူတို့အား) သင်တို့သည် (သင်တို့ ယုံကြည်ကိုးကွယ်နေကြသော ကိုးကွယ်ရာများက လောကခပ်သိမ်းကို ဖွဲ့စည်းဖြစ်စေကြောင်း) သင်တို့၏သက်သေအထောက်အထားများ ယူဆောင်တင်ပြကြလော့။ ဤ (ကျမ်းတော်မြတ်ကုရ်အာန်) သည် ကျွန်ုပ်နှင့်အတူရှိ ကြသော (ကျွန်ုပ်၏နောက်လိုက်များဖြစ်သော) သူတို့အတွက် သတိရ တသ၍ ဖွင့်ဟစရာ (သတိပေးနှိုးဆော် ချက်) နှင့်ကျွန်ုပ်မတိုင်မီ ရှိခဲ့ကြသောသူတို့အတွက်လည်း သတိ ရ တသ၍ ဖွင့်ဟစရာ (သတိပေးနှိုးဆော်ချက်) ပင် ဖြစ်၏။ အမှန်မှာ (ယခင် ချမှတ်ပေးအပ်ခဲ့သမျှ ကျမ်းအားလုံးနှင့်ကျမ်းတော်မြတ်ကုရ်အာန်တွင်ပါ) အလ္လဟ်အရှင် မြတ်တစ်ပါးတည်းကိုသာ ယုံကြည်ကိုး ကွယ်ရန် အမိန့်ပေးတိုက်တွန်းခဲ့၏။ သို့သော်) သူတို့အနက် အများစုမှာ မူကား အမှန်တရားသစ္စာကို မသိကြသောကြောင့် သူတို့သည် (ဤကျမ်းတော်မြတ်မှ) မျက်နှာလွှဲ၍ ကျောခိုင်းနေကြ၏။

❮ Previous Next ❯

ترجمة: أم اتخذوا من دونه آلهة قل هاتوا برهانكم هذا ذكر من معي, باللغة البورمية

﴿أم اتخذوا من دونه آلهة قل هاتوا برهانكم هذا ذكر من معي﴾ [الأنبيَاء: 24]

Ba Sein
၂၄။ သို့မဟုတ်မိစ္ဆာမိုက်တို့သည် အလ္လာဟ်အရှင်မြတ်မှတပါး အခြားဘုရားများကို ရွေးကောက်ပြီးပြီလော၊ အို---တမန်တော်၊ သင်ဟောကြားလော့၊ ဟယ်-အချင်းတို့၊ သင်တို့ကိုးကွယ်သောဘုရားများသည် အစစ်အမှန် ဖြစ်ကြောင်းကို သက်သေသာဓကပြကြလော့၊ ဤကျမ်းတော်သည် ငါနှင့်အတူရှိသူများ၊ ငါ့အလျင်ရှေးလူဟောင်း များအဖို့အရာ အဆုံးအမတော်တည်း၊ သို့သော်သူတို့အနက် များပြားလှစွာသောသူတို့သည် သစ္စာတရားတော်ကို မသိကြချေ၊ ထို့ကြောင့်သူတို့သည် တရားတော်ကို မနှစ်သက်ကြချေ။
Ghazi Mohammad Hashim
သို့ပါလျက် ယင်း(မုရှ်ရစ်က်)တို့သည် ထိုအရှင်မြတ်အပြင် ကိုးကွယ်ရာများပြုလုပ်ထားကြသလော။ (အို-နဗီ တမန်တော်)အသင်သည်(၎င်းတို့အားဤသို့)ပြောကြားပါလေ၊(အချင်းတို့)အသင်တို့သည် မိမိတို့၏သက်သေသာဓက အထောက်အထားများကို ယူဆောင်ခဲ့ကြလေကုန်။ ဤသည် ငါနှင့်အတူရှိကြသောသူတို့အား သတိပေးနှိုးဆော်ချက်သည်လည်းကောင်း၊ငါ၏အလျင် ရှိခဲ့ဖူးသောသူတို့အား သတိပေးနှိုးဆော်ချက်သည်လည်းကောင်း၊ ဖြစ်ချေသည်။ သို့ပါလျက်ထိုသူတို့အနက် အများဆုံးသောသူတို့မှာမူကား အမှန်ကို မသိကြချေ။ သို့ဖြစ်ပေရာ၎င်းတို့သည် မျက်နှာလွှဲ၍ နေကြကုန်၏။
Hashim Tin Myint
သို့မဟုတ် ထို(မုရှ်ရိက်)များသည် အရှင်မြတ်မှလွဲ၍ ကိုးကွယ်ရာများ ပြုလုပ်ထားကြသ‌လော။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့သည် အသင်တို့၏သက်‌သေသာဓက အ‌ထောက်အထားကို ယူ‌ဆောင်ခဲ့ကြပါ။ ဤ(ကုရ်အာန်)သည် ငါနှင့်အတူ ရှိကြသည့်သူများ၏ဆုံးမဩဝါဒဖြစ်သည်သာမက၊ ငါ၏မတိုင်မီက ရှိခဲ့ကြ‌သောသူများ၏ဆုံးမဩဝါဒလည်းဖြစ်သည်။ (ထိုအထဲတွင် ငါတို့အတွက်သာမက သူတို့အတွက်လည်း ယခင်ကျမ်းစာများ ‌သောင်ရာသ်၊ အင်န်ဂျီလ်စသည်တို့တွင် ပါဝင်ခဲ့သည့်အတိုင်း ကိုးကွယ်ထိုက်သည့်အရှင် တစ်ပါးတည်းပင်ဖြစ်သည်ဆိုသည့်အ‌ကြောင်း ပါရှိသည်)။ သို့ပင်ဖြစ်ငြားလည်း သူတို့ထဲမှ အ‌မြောက်အမြားသည် အမှန်ကို မသိကြ‌ပေ။ သို့ဖြစ်ရာ သူတို့သည် မျက်နှာလွှဲ‌နေကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek