×

(တမန်တော်က) “ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ် သည် မိုးကောင်းကင်နှင့်ကမ္ဘာဂြိုဟ်၌ ရှိသော စကားလုံးနှင့်အသံအားလုံးကို အကြွင်းမဲ့ သိတော်မူ၏။ စင် 21:4 Burmese translation

Quran infoBurmeseSurah Al-Anbiya’ ⮕ (21:4) ayat 4 in Burmese

21:4 Surah Al-Anbiya’ ayat 4 in Burmese (البورمية)

Quran with Burmese translation - Surah Al-Anbiya’ ayat 4 - الأنبيَاء - Page - Juz 17

﴿قَالَ رَبِّي يَعۡلَمُ ٱلۡقَوۡلَ فِي ٱلسَّمَآءِ وَٱلۡأَرۡضِۖ وَهُوَ ٱلسَّمِيعُ ٱلۡعَلِيمُ ﴾
[الأنبيَاء: 4]

(တမန်တော်က) “ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ် သည် မိုးကောင်းကင်နှင့်ကမ္ဘာဂြိုဟ်၌ ရှိသော စကားလုံးနှင့်အသံအားလုံးကို အကြွင်းမဲ့ သိတော်မူ၏။ စင် စစ် ထိုအရှင်မြတ်သည် သက်ရှိသက်မဲ့တို့၏အသံအလုံးစုံကို အကြွင်းမဲ့ ကြားနေတော်မူသောအရှင် အရာခပ်သိမ်းတို့၏သတင်းအချက်အလက်အသေးစိတ်ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: قال ربي يعلم القول في السماء والأرض وهو السميع العليم, باللغة البورمية

﴿قال ربي يعلم القول في السماء والأرض وهو السميع العليم﴾ [الأنبيَاء: 4]

Ba Sein
၄။ သူက အကျွန်ုပ်၏အရှင်သခင်သည် မိုးကောင်းကင်နှင့် ကမ္ဘာမြေပေါ်ဝယ် ပြောဆိုသည်ကို သိတော်မူ၏၊ အရှင်မြတ်သည် ကြားတော်မူသောအရှင်၊ သိတော်မူသောအရှင်ဖြစ်တော်မူ၏။
Ghazi Mohammad Hashim
(နဗီတမန်တော်က)ငါ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် မိုးကောင်းကင်၌(ရှိသောစကား)ကိုဖြစ်စေ၊ ပထဝီမြေ၌(ရှိသောစကား)ကို ဖြစ်စေ၊ (အလုံးစုံသော)စကားကို သိတော်မူ၏။ စင်စစ် ထိုအရှင်မြတ်သည် အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
Hashim Tin Myint
၎င်း(တမန်‌တော်မုဟမ္မဒ်-ဆွ)က ‌ပြောသည်- ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် မိုး‌ကောင်းကင်နှင့် ‌မြေပထဝီတွင် (‌ပြောသမျှ)စကားများကို သိ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek