﴿بَلۡ قَالُوٓاْ أَضۡغَٰثُ أَحۡلَٰمِۭ بَلِ ٱفۡتَرَىٰهُ بَلۡ هُوَ شَاعِرٞ فَلۡيَأۡتِنَا بِـَٔايَةٖ كَمَآ أُرۡسِلَ ٱلۡأَوَّلُونَ ﴾
[الأنبيَاء: 5]
အမှန်မှာ (အရှင်မြတ်ကို မယုံကြည်သော မိစ္ဆာဝါဒီတို့က ကျမ်းမြတ်ကုရ်အာန်၏အရင်းအမြစ်နှင့်စပ်လျဉ်း၍ ဇဝေဇဝါဖြစ်လျက် ယင်းကို တမန်တော်မုဟမ္မဒ်၏) ဂယောင်ချောက်ချား မြင်မက်သော အိပ်မက်မျှသာ ဖြစ်နိုင်၏။ သူက ကြံစည်ဖန်တီးထားသော အရာဖြစ်နိုင်၏။ သူသည် ကဗျာဆရာတစ်ဦး ဖြစ်နိုင်၏။ (စသည့် သူတို့၏ ထင်မြင်ယူဆချက်များဖြင့် အမျိုးမျိုး စွပ်စွဲပြီးနောက် အကယ်၍ သူသည် တမန်တော်ဖြစ်ကြောင်း မှန်ကန်လျှင်) သူ့ကို ရှေးခေတ်လူတို့ထံ စေလွှတ်တော်မူသည့် တမန်တော်များကဲ့သို့ပင် ကျွန်ုပ်တို့ထံလည်း အံ့ဖွယ်သက်သေလက္ခဏာတစ်ခုနှင့်အတူ ယူဆောင်စေ၍ လာစေလော့။” ဟု တောင်းဆိုပြောဆိုခဲ့ကြသည်။
ترجمة: بل قالوا أضغاث أحلام بل افتراه بل هو شاعر فليأتنا بآية كما, باللغة البورمية
﴿بل قالوا أضغاث أحلام بل افتراه بل هو شاعر فليأتنا بآية كما﴾ [الأنبيَاء: 5]