Quran with Burmese translation - Surah Al-Anbiya’ ayat 65 - الأنبيَاء - Page - Juz 17
﴿ثُمَّ نُكِسُواْ عَلَىٰ رُءُوسِهِمۡ لَقَدۡ عَلِمۡتَ مَا هَٰٓؤُلَآءِ يَنطِقُونَ ﴾
[الأنبيَاء: 65]
﴿ثم نكسوا على رءوسهم لقد علمت ما هؤلاء ينطقون﴾ [الأنبيَاء: 65]
Ba Sein ၆၅။ ထို့နောက်သူတို့သည် အ့ံအားကြီးသင့်ပြီးလျှင် အို--အေဗရာဟမ်၊ ဤဘုရားများသည် စကားမပြောနိုင်ကြောင်း ကို သင်ကောင်းစွာသိ၏ဟု ပြောကြ၏။ |
Ghazi Mohammad Hashim ထို့နောက် ၄င်းတို့သည် မိမိတို့ဦးခေါင်းများကို အောက်သို့စိုက်လျက် (အို-အိဗ်ရာဟီမ်)ဤရုပ်ပွားဆင်းတုများ(အလျင်း)စကားပြောဆိုနိုင်ကြသည် မဟုတ်ကြောင်းကို အသင်သည်အသိပင် ဖြစ်သည် ဟုပြောဆိုခဲ့ကြကုန်၏။ |
Hashim Tin Myint ထို့နောက် သူတို့သည် သူတို့၏ဦးခေါင်းများကို အောက်စိုက်လျက် ပြောဆိုခဲ့ကြသည်- “ဤရုပ်တုများသည် စကားမပြောနိုင်ကြသည်ကို အသင် အသိပင်ဖြစ်သည်။“ |