×

တစ်ဖန် ငါအရှင်မြတ်သည် (တမန်တော်များဖြစ်ကြ​သော) သူတို့အပေါ် (ထားခဲ့တော်မူသော) ကတိတော် ကို ဖြောင့်မတ်မှန်ကန်စွာ ပြည့်မီစေတော်မူခဲ့၏။ ထို့ကြောင့် ငါအရှင်မြတ်သည် သူတို့ကိုလည်း 21:9 Burmese translation

Quran infoBurmeseSurah Al-Anbiya’ ⮕ (21:9) ayat 9 in Burmese

21:9 Surah Al-Anbiya’ ayat 9 in Burmese (البورمية)

Quran with Burmese translation - Surah Al-Anbiya’ ayat 9 - الأنبيَاء - Page - Juz 17

﴿ثُمَّ صَدَقۡنَٰهُمُ ٱلۡوَعۡدَ فَأَنجَيۡنَٰهُمۡ وَمَن نَّشَآءُ وَأَهۡلَكۡنَا ٱلۡمُسۡرِفِينَ ﴾
[الأنبيَاء: 9]

တစ်ဖန် ငါအရှင်မြတ်သည် (တမန်တော်များဖြစ်ကြ​သော) သူတို့အပေါ် (ထားခဲ့တော်မူသော) ကတိတော် ကို ဖြောင့်မတ်မှန်ကန်စွာ ပြည့်မီစေတော်မူခဲ့၏။ ထို့ကြောင့် ငါအရှင်မြတ်သည် သူတို့ကိုလည်း ကောင်း၊ အရှင့် ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီအလိုရှိတော်မူသော (ယုံကြည်သူ) သူတို့ကိုလည်းကောင်း၊ ကယ်တင်တော် မူပြီး အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ တရားလွန်ကဲသူများ (အလွဲသုံးစားပြုသူများ) ကိုမူ ပျက်စီးတိမ်ကောစေတော်မူ၏။

❮ Previous Next ❯

ترجمة: ثم صدقناهم الوعد فأنجيناهم ومن نشاء وأهلكنا المسرفين, باللغة البورمية

﴿ثم صدقناهم الوعد فأنجيناهم ومن نشاء وأهلكنا المسرفين﴾ [الأنبيَاء: 9]

Ba Sein
၉။ ထို့နောက်ငါသည် သူတို့အား ပေးသနားတော်မူသောဂတိသစ္စာတော်ကို အတည်ပြုတော်မူ၏၊ ငါသည် ရှေး တမန်တော်များနှင့်တကွ အလိုရှိတော်ရှိသူများကို ကယ်တင်တော်မူ၏၊ သို့သော် မတရားကျင့်ကြံသူတို့ကို ဖျက်ဆီးပစ်တော်မူ၏။
Ghazi Mohammad Hashim
ထို့နောက် ငါအရှင်မြတ်သည် ထို(ရစူလ်တမန်တော်)များအဖို့ (၎င်းတို့နှင့်ထားရှိတော်မူခဲ့သော)ကတိကို တည်စေတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ယင်း(ရစူလ်တမန်တော်)များအားလည်းကောင်း၊ မိမိတို့အလိုရှိ တော်မူသောသူတို့အားလည်းကောင်း၊ ကယ်ဆယ်တော်မူခဲ့လေသည်။သို့ရာတွင် ငါအရှင်မြတ်သည် စည်းကမ်းကျူးလွန်သူတို့အားပျက်စီးစေတော်မူခဲ့၏။
Hashim Tin Myint
ထို့‌နောက် ငါအရှင်မြတ်သည် ထို(တမန်‌တော်များ)အတွက် ကတိကိုတည်‌စေ‌တော်မူခဲ့သည်။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့နှင့် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူများကို ကယ်ဆယ်‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် စည်း‌ဘောင်‌ကျော်သူများကို ဖျက်ဆီးပစ်‌တော်မူခဲ့သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek