Quran with Burmese translation - Surah Al-Anbiya’ ayat 10 - الأنبيَاء - Page - Juz 17
﴿لَقَدۡ أَنزَلۡنَآ إِلَيۡكُمۡ كِتَٰبٗا فِيهِ ذِكۡرُكُمۡۚ أَفَلَا تَعۡقِلُونَ ﴾
[الأنبيَاء: 10]
﴿لقد أنـزلنا إليكم كتابا فيه ذكركم أفلا تعقلون﴾ [الأنبيَاء: 10]
Ba Sein ၁ဝ။ ယခုငါအရှင်မြတ်သည် သင်တို့အား သင်တို့၏ သတိပေးတရားတော်ပါသောကျမ်းတော်မြတ်ကို ပြန်ထုတ်ပေး သနားတော်မူပြီး သင်တို့၌ ဆင်ခြင်တုံတရားမရှိသလော။ |
Ghazi Mohammad Hashim မလွဲဧကန် ငါအရှင်မြတ်သည် အသင်တို့ထံအကြင်ကဲ့သို့သော ကျမ်းဂန်တစ်စောင်ကို ပေးသနားတော်မူခဲ့ပြီးဖြစ်၏။ ယင်းကျမ်းဂန်တွင် အသင်တို့အား သတိပေး နှိုးဆော်ချက်(များ)ပါရှိ၏။ သို့ပါလျက် အသင်တို့သည် မသိ နားမလည်ကြလေသလော။ |
Hashim Tin Myint အမှန်ပင် ငါအရှင်မြတ်သည် အသင်တို့ထံသို့ အကြင်ကျမ်းဂန်တစ်စောင်ကို ချပေးတော်မူခဲ့ပြီးဖြစ်သည်။ ထိုုကျမ်းဂန်၌ အသင်တို့အား သတိပေးနှိုးဆော်ချက်(များ)ပါရှိသည်။ သို့ပင်ဖြစ်ငြားလည်း အသင်တို့သည် မသိနားမလည်ကြသလော။ |