Quran with Burmese translation - Surah Al-Anbiya’ ayat 90 - الأنبيَاء - Page - Juz 17
﴿فَٱسۡتَجَبۡنَا لَهُۥ وَوَهَبۡنَا لَهُۥ يَحۡيَىٰ وَأَصۡلَحۡنَا لَهُۥ زَوۡجَهُۥٓۚ إِنَّهُمۡ كَانُواْ يُسَٰرِعُونَ فِي ٱلۡخَيۡرَٰتِ وَيَدۡعُونَنَا رَغَبٗا وَرَهَبٗاۖ وَكَانُواْ لَنَا خَٰشِعِينَ ﴾
[الأنبيَاء: 90]
﴿فاستجبنا له ووهبنا له يحيى وأصلحنا له زوجه إنهم كانوا يسارعون في﴾ [الأنبيَاء: 90]
Ba Sein ၉ဝ။ ထိုအခါငါသည် သူ၏ဆုတောင်းပဋ္ဌနာကို ကြားတော်မူ၍ သူ့အား ယဟ်ယာကို ပေးသနားတော်မူ၏၊ သူ၏ ဇနီးမိန်းမကိုလည်း သားမွေးဖို့ရာ ပြုပြင်ပေးတော်မူ၏၊ မှတ်သားကြလော့၊ သူတို့သည် ကုသိုလ်ကောင်းမှုကို အပြိုင်အဆိုင်ပွားများကြ၏၊ သူတို့သည် ငါ့အထံတော်၌ မျှော်လင့်ခြင်း၊ ကြောက်ရွံ့ခြင်းများနှင့် ဆုတောင်းကြ၏၊ သူတို့သည် ငါ့အား ကျိုးနွံနာခံကြ၏။ |
Ghazi Mohammad Hashim ထိုရောအခါဝယ် ငါအရှင်မြတ်သည် ထို (နဗီတမန်တော်)ဇကရီယာ(၏ပန်ကြားချက်)ကို သဘောတူ လက်ခံတော်မူ၍ ၎င်းအား (သားတော်နဗီတမန်တော်)ယဟ်ယာကိုချီးမြှင့် ပေးသနားတော်မူခဲ့၏။ ၎င်းပြင် ငါအရှင်မြတ်သည်ထိုဇကရီယာ၏ ဇနီးကြင်ရာ(၏မြုံခြင်းဝေဒနာကို ပျောက်ကင်းစေတော်မူ၍ သန္ဓေတည်နိုင်သောအခြေအနေသို့)နေသားတကျဖြစ်အောင် ပြုပြင်၍ပေးတော်မူခဲ့၏။ ဧကန်အမှန် ထို(နဗီ တမန်တော်)တို့သည် ကောင်းမှုသုစရိုက်များကို ဆောလျင်စွာ ပြုလုပ်တတ်သူများ ဖြစ်ခဲ့ကြကုန်၏။ ထို့ပြင် ငါအရှင်မြတ်အား စိတ်ပါဝင်စားစွာလည်းကောင်း၊ ကြောက်ရွံ့စွာလည်းကောင်း၊ ဟစ်ခေါ်တသလေ့ ရှိခဲ့ကြကုန်၏။ ထိုမှတစ်ပါး၎င်းတို့သည် ငါအရှင်မြတ်အား ကျိုးနွံသူများလည်း ဖြစ်ခဲ့ကြကုန်သတည်း။ |
Hashim Tin Myint သို့ဖြစ်ရာ ငါအရှင်မြတ်သည် ၎င်း(၏ပန်ကြားချက်)ကို လက်ခံသဘောတူတော်မူပြီး ၎င်းအား(သားတော်)ယဟ်ယာကို ပေးသနားတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်း၏ဇနီးကြင်ရာ(၏ ကိုယ်ဝန်မဆောင်နိုင်ခြင်း)ကို နေသားတကျဖြစ်အောင် ပြုပြင်ပေးတော်မူခဲ့သည်။ အမှန်စင်စစ် ၎င်းတို့သည် ကောင်းမှုများကို ဆောလျင်စွာပြုလုပ်တတ်သူများဖြစ်ခဲ့ကြပြီး ၎င်းတို့သည် ငါအရှင်မြတ်အား လိုလားစွာနှင့် ကြောက်ရွံ့စွာ ဟစ်ခေါ်တသလေ့ရှိခဲ့ကြသည်။ ထို့ပြင် ၎င်းတို့(၏စိတ်နှလုံးများ)သည် ငါအရှင်မြတ်၏ရှေ့တော်မှောက်တွင် ရိုကျိုးကိုင်းညွှတ်လျက်ရှိခဲ့ကြသည်။ |