×

ထို့ပြင် (ရှေ့ဆောင်လမ်းပြခေါင်းဆောင်များတွင် တမန်တော်) ဇကရီယာသည်လည်း တစ်ပါး အပါအဝင် ဖြစ်၏။ သူသည် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံ ''အို၊ 21:89 Burmese translation

Quran infoBurmeseSurah Al-Anbiya’ ⮕ (21:89) ayat 89 in Burmese

21:89 Surah Al-Anbiya’ ayat 89 in Burmese (البورمية)

Quran with Burmese translation - Surah Al-Anbiya’ ayat 89 - الأنبيَاء - Page - Juz 17

﴿وَزَكَرِيَّآ إِذۡ نَادَىٰ رَبَّهُۥ رَبِّ لَا تَذَرۡنِي فَرۡدٗا وَأَنتَ خَيۡرُ ٱلۡوَٰرِثِينَ ﴾
[الأنبيَاء: 89]

ထို့ပြင် (ရှေ့ဆောင်လမ်းပြခေါင်းဆောင်များတွင် တမန်တော်) ဇကရီယာသည်လည်း တစ်ပါး အပါအဝင် ဖြစ်၏။ သူသည် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံ ''အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်အား (အမွေစား အမွေခံဆက်ခံသူ မရှိဘဲ) အထီးကျန်အဖြစ် စွန့်ထားတော်မမူပါနှင့်။ စင်စစ်သော်ကား အရှင်မြတ်သည် အကောင်းမြတ်ဆုံးသော အမွေစားအမွေခံ ဖြစ်တော်မူပါ၏။'' ဟု ဟစ်ခေါ်တသ၍ ဆုတောင်းပန်ကြားခဲ့လေ၏။

❮ Previous Next ❯

ترجمة: وزكريا إذ نادى ربه رب لا تذرني فردا وأنت خير الوارثين, باللغة البورمية

﴿وزكريا إذ نادى ربه رب لا تذرني فردا وأنت خير الوارثين﴾ [الأنبيَاء: 89]

Ba Sein
၈၉။ တဖန်တမန်တော်ဇကရီယာ၊ သူသည် သူ၏အရှင်သခင်အထံတော်၌ ဆုတောင်းပဋ္ဌနာပြုသည်မှာ အို--- အကျွနု်ပ်၏ကျေးဇူးတော်သခင်၊ အရှင်သည် သာလွန်မြင့်မြတ်သောအမွေစားအမွေခံဖြစ်တော်မူငြားသော်လည်း အကျွနု်ပ်ကို သားမဲ့သမီးမဲ့ပစ်ထားတော်မမူပါလင့်။
Ghazi Mohammad Hashim
ထို့ပြင် (အို-နဗီတမန်တော်၊ အသင်သည် နဗီတမန်တော်)ဇကရီယာ(၏အကြောင်း)ကိုလည်း (ပြောကြားပါလေ)။ အခါတစ်ပါး၌ ထို(နဗီတမန်တော်) ဇကရီယာသည်မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို "အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုးအား (အမွေစားအမွေဆက်ခံသူ မရှိသောသူအဖြစ်)တစ်ဦးတည်း စွန့်ထားတော်မမူပါနှင့်။ စင်စစ်သော်ကား အရှင်မြတ်သည် အကောင်းဆုံးသော အမွေစားအမွေခံ ဖြစ်တော်မူပါသည်"ဟု ဟစ်ခေါ်တသ ပန်ကြားခဲ့လေ၏။
Hashim Tin Myint
ထို့ပြင် (တမန်‌တော်)ဇကရိယာ(၏အ‌ကြောင်း)ကိုလည်း (‌ပြောကြားလိုက်ပါ)။ တစ်ခါက ၎င်းသည် ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်အား (ဤသို့)ဟစ်‌ခေါ်တသ ပန်ကြားခဲ့သည် - “အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ ကျွန်ုပ်ကို(သားသမီးမရှိဘဲ)တစ်ဦးတည်း စွန့်ထား‌တော်မမူပါနှင့်။ ထို့ပြင် အရှင်မြတ်သည် အ‌ကောင်းဆုံး (အမြဲကျန်ရှိ‌နေမည့်)အ‌မွေစားအ‌မွေခံ ဖြစ်‌တော်မူပါသည်။“
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek