Quran with Burmese translation - Surah Al-Anbiya’ ayat 92 - الأنبيَاء - Page - Juz 17
﴿إِنَّ هَٰذِهِۦٓ أُمَّتُكُمۡ أُمَّةٗ وَٰحِدَةٗ وَأَنَا۠ رَبُّكُمۡ فَٱعۡبُدُونِ ﴾
[الأنبيَاء: 92]
﴿إن هذه أمتكم أمة واحدة وأنا ربكم فاعبدون﴾ [الأنبيَاء: 92]
Ba Sein ၉၂။ မှတ်သားကြလော့၊ သင်တို့၏ဤဘာသာအယူဝါဒမှာ တစ်ခုတည်းသောဘာသာဖြစ်၏၊ ငါသည် သင်တို့၏ အရှင်သခင်ဖြစ်တော်မူ၏၊ ငါ့ကိုသာလျှင် ဦးညွတ်ကိုးကွယ်ကြလော့။ |
Ghazi Mohammad Hashim ဧကန်မလွဲ ဤ(အစ္စလာမ်သာသနာတော်ပင်)အသင်တို့၏ တစ်ခုတည်းသော သာသနာတော်ဖြစ်ပေသည်။၎င်းပြင် ငါအရှင်မြတ်သည်ပင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် ဖြစ်တော်မူပေသည်။ သို့ဖြစ်ပေရာအသင်တို့သည် ငါအရှင်မြတ် အားသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်။ |
Hashim Tin Myint အမှန်စင်စစ် ဤသည် အသင်တို့၏တစ်ခုတည်းသော သာသနာအုပ်စုဖြစ်သည်။* ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်ဖြစ်တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် ငါအရှင်မြတ်ကိုသာ ကိုးကွယ်ကြပါ။ |