×

စင်စစ် အသင် (တမန်တော်) မတိုင်မီ ငါအရှင်မြတ်သည် စလွှတ်တော်မူခဲ့သော မည်သည့် ရစူလ်တမန်တော်နှင့်နဗီတမန်တော်ပင်ဖြစ်စေ သူသည် လူတို့အား အရှင့်အမိန့်တော် ထုတ်ပြန်ချက်များကို 22:52 Burmese translation

Quran infoBurmeseSurah Al-hajj ⮕ (22:52) ayat 52 in Burmese

22:52 Surah Al-hajj ayat 52 in Burmese (البورمية)

Quran with Burmese translation - Surah Al-hajj ayat 52 - الحج - Page - Juz 17

﴿وَمَآ أَرۡسَلۡنَا مِن قَبۡلِكَ مِن رَّسُولٖ وَلَا نَبِيٍّ إِلَّآ إِذَا تَمَنَّىٰٓ أَلۡقَى ٱلشَّيۡطَٰنُ فِيٓ أُمۡنِيَّتِهِۦ فَيَنسَخُ ٱللَّهُ مَا يُلۡقِي ٱلشَّيۡطَٰنُ ثُمَّ يُحۡكِمُ ٱللَّهُ ءَايَٰتِهِۦۗ وَٱللَّهُ عَلِيمٌ حَكِيمٞ ﴾
[الحج: 52]

စင်စစ် အသင် (တမန်တော်) မတိုင်မီ ငါအရှင်မြတ်သည် စလွှတ်တော်မူခဲ့သော မည်သည့် ရစူလ်တမန်တော်နှင့်နဗီတမန်တော်ပင်ဖြစ်စေ သူသည် လူတို့အား အရှင့်အမိန့်တော် ထုတ်ပြန်ချက်များကို ရွတ်ဖတ် သရဇ္ဈာယ်ပြသောအခါ စေတန်မကောင်းဆိုးဝါးသည် ထို (အမိန့်ပညတ်ချက်များ) နှင့်ပတ်သက်၍ (စောင်းပါးရိပ် ခြေပြောခြင်း လူတို့က ထိုအမိန့်တော်များ၏အဓိပ္ပါယ်ကို လွဲမှားစွာ အနက်ဖွင့်ဆိုရန် ကြိုးပမ်းခြင်းဖြင့်) လူတို့ အား အမှန်တရားမှ လွဲချော်ရန် ကြိုးစားခြင်းမခံရသော တမန်တော်ဟူ၍ မရှိပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် စေတန်မကောင်းဆိုးဝါးက ကြိုးပမ်း ခင်းကျင်းခဲ့သမျှ (လူတို့၏စိတ် နှလုံးထဲ ထည့်သွင်းသမျှသော ဒွိဟသံသယမှုများ) ကို ရုပ်သိမ်းပပျောက် စေတော်မူ၏။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် အရှင့်အာယသ် သက်သေလက္ခဏာတော်များကို (ပိုမို၍ပင်) တည်တံခိုင်မြဲစေတော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ (တရားစီရင်ရာတွင်) ဉာဏ်အမြော်အမြင်တော်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: وما أرسلنا من قبلك من رسول ولا نبي إلا إذا تمنى ألقى, باللغة البورمية

﴿وما أرسلنا من قبلك من رسول ولا نبي إلا إذا تمنى ألقى﴾ [الحج: 52]

Ba Sein
၅၂။ အို--တမန်တော်၊ သင်၏အထက်အဆက်ဆက်သောတမန်တော်တို့ကို ငါအရှင်မြတ်စေလွှတ်တော်မူ၏၊ ထို တမန်တော်တို့သည် ငါ၏ဗျာဒိတ်တော်များကို ရွတ်ဖတ်သောအခါ ရှိုင်တွာန်မာရ်နတ်သည် ထိုတရားတော်များကို ခုခံတိုက်ခိုက်ရန် ဖြားယောင်းသွေးဆောင်၏၊ သို့သော်အလ္လာဟ်အရှင်မြတ်သည် ရှိုင်တန်မာရနတ်၏ အကြံ အစည်ကို ဖျက်ဆီးတော်မူ၏၊ အလ္လာဟ်အရှင်မြတ်သည် မိမိချပေးသနားတော်မူသောကျမ်းတော်မြတ်ကို တည် စေတော်မူ၏၊ အလ္လာဟ်အရှင်မြတ်သည် သိတော်မူ၏၊ လိမ္မာတော်မူ၏။
Ghazi Mohammad Hashim
စင်စစ် ငါအရှင်မြတ်သည် အသင့်အလျင် ရစူလ်တမန်တော်ကိုလည်းကောင်း၊ နဗီတမန်တော်များကိုလည်းကောင်း၊ စေလွှတ်တော်မူခဲ့၏။ ထို(ရစူလ် သို့မဟုတ် နဗီ)တမန်တော်သည် (တစ်စုံတစ်ရာကို) ရွတ်ဖတ်သရဇ္ဈာယ်သောအခါ ရှိုင်တွာန်မိစ္ဆာကောင်သည် ထို(ရစူလ် သို့မဟုတ် နဗီ) ၏ ရွတ်ဖတ်သရဇ္ဈာယ်မှု (ကျမ်းချက်)နှင့်စပ်လျဉ်း၍ (မယုံကြည်သောသူ၊ မတည်မငြိမ်ဖြစ်နေသောသူတို့၏ စိတ်တွင်းဝယ် ဒွိဟသံသယကို) ထည့်သွင်းလေ့ရှိခဲ့၏။ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် ရှိုင်တွာန်မိစ္ဆာကောင် ထည့်သွင်းသမျှ(သောဒွိဟသံသယမှုများ)ကို ပပျောက် စေတော်မူလေ၏။ ထို့နောက်အလ္လာဟ်အရှင်မြတ်သည် မိမိအာယတ်တော်များကို (ပိုမို၍ပင်)တည်တံခိုင်မြဲတော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင်၊ဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသောအရှင်ဖြစ်တော် မူပေသတည်း။
Hashim Tin Myint
ထို့ပြင် ငါအရှင်မြတ်သည် အသင်၏မတိုင်မီ ရစူလ်များနှင့် နဗီများကို ‌စေလွှတ်‌တော်မူခဲ့သည်။ ထိုတမန်‌တော်များသည် (တစ်စုံတစ်ခု)ရွတ်ဖတ်သည့်အခါ ရှိုင်သွာန်သည် ထိုတမန်‌တော်၏ ရွတ်ဖတ်မှုနှင့်ပတ်သက်၍ (‌ရောဂါရှိသူများ၏စိတ်နှလုံးများထဲတွင်)သံသယကို ထည့်သွင်း‌လေ့ရှိခဲ့သည်။ ထို့‌နောက် အလ္လာဟ်အရှင်မြတ်သည် ရှိုင်သွာန်ထည့်သွင်းသမျှ (သံသယများ)ကို ပ‌ပျောက်‌စေ‌တော်မူခဲ့သည်။ ထို့‌နောက် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏အာယသ်‌တော်များကို တည်တံ့ခိုင်မြဲ‌စေ‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek