Quran with Burmese translation - Surah Al-Furqan ayat 10 - الفُرقَان - Page - Juz 18
﴿تَبَارَكَ ٱلَّذِيٓ إِن شَآءَ جَعَلَ لَكَ خَيۡرٗا مِّن ذَٰلِكَ جَنَّٰتٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ وَيَجۡعَل لَّكَ قُصُورَۢا ﴾
[الفُرقَان: 10]
﴿تبارك الذي إن شاء جعل لك خيرا من ذلك جنات تجري من﴾ [الفُرقَان: 10]
Ba Sein ၁ဝ။ အို--တမန်တော်၊ ကောင်းကြီးမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံတော်မူထသောအလ္လာဟ်အရှင်မြတ်သည် အကယ်၍ အလိုတော်ရှိပါလျှင် သင်၏အဖို့ ၎င်းတို့ပြောဆိုသည့်ဥယျာဉ်ပန်းမာလ်ထက် သာလွန်ကောင်းမြတ်သည့်ဥယျာဉ်ကို ပေးသနားတော်မူလတ့ံ၊ ထိုဥယျာဉ်အောက်၌ စိမ့်စမ်းရေမြောင်းများလည်း အယဉ်ထွေထွေစီးဆင်းလျက်ရှိ၏၊ သင့်အား များစွာသောဘုံနန်းပြဿဒ်တို့ကိုလည်း ပေးတော်မူလတ့ံ။ |
Ghazi Mohammad Hashim အကြင်အရှင်မြတ်သည် ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံတော်မူပေသည်။ အကယ်၍ ထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် အသင့်အား ထို့ထက်ပင်ပို၍ ကောင်းမွန်သော အကြင်ဥယျာဉ်များကို ချီးမြှင့်ပေးသနားတော်မူပေမည်။ ထိုဥယျာဉ်များ၏အောက်မှ ချောင်းများသည် စီးတွေလျက်ရှိချေ မည်။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင့်အား ခမ်းနားသိုက်မြိုက်သော အဆောက်အအုံများကိုလည်း ချီးမြှင့်ပေးသနား တော်မူပေမည်။ |
Hashim Tin Myint အကြင်အရှင်မြတ်သည် မဂင်္လာနှင့်ပြည့်စုံတော်မူသည်။ အကယ်၍ ထိုအရှင်မြတ် အလိုရှိတော်မူလျှင် အသင့်အား ထို့ထက်ပင်ပိုကောင်းသော အကြင်ဥယျာဉ်များကို ပေးသနားတော်မူမည်။ ထိုဥယျာဉ်များ၏အောက်မှ ချောင်းများ စီးဆင်းနေမည်။ ထို့ပြင် အရှင်မြတ်သည် အသင့်အား ခမ်းနားသော အဆောက်အအုံကိုလည်း ပြုလုပ်ဖန်ဆင်းပေးသနားတော်မူမည်။ |