Quran with Burmese translation - Surah Al-Furqan ayat 54 - الفُرقَان - Page - Juz 19
﴿وَهُوَ ٱلَّذِي خَلَقَ مِنَ ٱلۡمَآءِ بَشَرٗا فَجَعَلَهُۥ نَسَبٗا وَصِهۡرٗاۗ وَكَانَ رَبُّكَ قَدِيرٗا ﴾
[الفُرقَان: 54]
﴿وهو الذي خلق من الماء بشرا فجعله نسبا وصهرا وكان ربك قديرا﴾ [الفُرقَان: 54]
Ba Sein ၅၄။ တဖန်အရှင်မြတ်သည် လူသားကို ရေမှ ဖန်ဆင်းတော်မူ၏၊ ထို့အပြင်လူသားအား သွေးသားကြောင့် တော်စပ်သူ ဆွေမျိုးများ လက်ထပ်ထိမ်းမြားခြင်းကြောင့် တော်စပ်သူဆွေမျိုးများကို ပေးသနားတော်မူ၏၊ အကြောင်းမူကား သင်၏အသက်သခင်ကျေးဇူးရှင်သည် အနန္တတန်ခိုးတော်အရှင်ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim တစ်ဖန် ထိုအရှင်မြတ်သည်ပင် (ကလလ)ရေ(ကြည်)ဖြင့် လူကိုဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူ၏။ ထို့နောက် ထိုအရှင်မြတ်သည် ထိုလူကို (သွေးရင်းသားရင်းဖြစ်သော) ဆွေးမျိုးသားချင်း တော်စပ်သူများနှင့်လည်းကောင်း၊ ထိမ်းမြားမှုဖြင့် ဆွေမျိုးတော်စပ်သူများကို လည်းကောင်း၊ ဖြစ် စေတော်မူခဲ့၏။ စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် တန်ခိုးတော်နှင့်ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint ထို့ပြင် အရှင်မြတ်သည်ပင် ရေ(သုက်ရည်)နှင့် လူကို ဖန်ဆင်းတော်မူခဲ့သည့်အရှင် ဖြစ်တော်မူသည်။* ထို့ပြင် အရှင်မြတ်သည် ထိုလူကို(သွေးနှင့်)ဆွေမျိုးတော်စပ်သူများနှင့်၊ ထိမ်းမြားမှုနှင့် ဆွေမျိုးတော်စပ်သူများ ဖြစ်စေတော်မူခဲ့သည်။ ထို့ပြင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အလွန်စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူသည်။ |