×

အလ္လာဟ်အရှင်မြတ်က (ထိုသို့ အကူအညီများ ချီးမြှင့်တော်မူခဲ့၍) ယင်း (အောင်မြင်မှု) ကို စီစဉ်ဖန်တီးတော်မူခဲ့သည်မှာ သင်တို့အတွက် သတင်းကောင်းပါးရန်နှင့် ယင်း (သို့ 3:126 Burmese translation

Quran infoBurmeseSurah al-‘Imran ⮕ (3:126) ayat 126 in Burmese

3:126 Surah al-‘Imran ayat 126 in Burmese (البورمية)

Quran with Burmese translation - Surah al-‘Imran ayat 126 - آل عِمران - Page - Juz 4

﴿وَمَا جَعَلَهُ ٱللَّهُ إِلَّا بُشۡرَىٰ لَكُمۡ وَلِتَطۡمَئِنَّ قُلُوبُكُم بِهِۦۗ وَمَا ٱلنَّصۡرُ إِلَّا مِنۡ عِندِ ٱللَّهِ ٱلۡعَزِيزِ ٱلۡحَكِيمِ ﴾
[آل عِمران: 126]

အလ္လာဟ်အရှင်မြတ်က (ထိုသို့ အကူအညီများ ချီးမြှင့်တော်မူခဲ့၍) ယင်း (အောင်မြင်မှု) ကို စီစဉ်ဖန်တီးတော်မူခဲ့သည်မှာ သင်တို့အတွက် သတင်းကောင်းပါးရန်နှင့် ယင်း (သို့ အောင်ပွဲခံမှု) ကြောင့် သင်တို့၏နှလုံးသား များ၌ တည်ငြိမ်အေးချမ်းမှုရစေရန်အတွက်တို့သာ ဖြစ်၏။ လူသားတို့အား ဂုဏ်ဩဇာများ ချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးတော်ဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ အမြော်အမြင်နှင့်ပြည့်စုံတော်မူသည့် အရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ထံတော်မှ (ကူညီစောင်မမှုကြောင့်မှ) လွဲ၍ အောင်ပွဲ ခံရဖွယ်ရာအကြောင်း အလျှင်း မရှိပေ။

❮ Previous Next ❯

ترجمة: وما جعله الله إلا بشرى لكم ولتطمئن قلوبكم به وما النصر إلا, باللغة البورمية

﴿وما جعله الله إلا بشرى لكم ولتطمئن قلوبكم به وما النصر إلا﴾ [آل عِمران: 126]

Ba Sein
၁၂၆။ အလ္လာဟ်အသျှင်မြတ်သည် ဤဗျာဒိတ်တော်ကို ဝမ်းမြောက်ဘွယ်သတင်းအဖြစ်ဖြင့်သာ သင်တို့အား ချပေးတောါ်မူ၏။ ထိုသတင်းသည် သင်တို့၏ စိတ်နှလုံးငြိမ်သက်ချမ်းသာဘို့ရာဖြစ်၏။ အနန္တ တန်ခိုးတော်သခင်၊ အနန္တဉာဏ်တော်ရှင်မှသာလျှင် အောင်ဆုမင်္ဂလာတော် ကျရောက်လာ၏။
Ghazi Mohammad Hashim
အလ္လာဟ်အရှင်မြတ်သည် (တမန်တော်မြတ်၏)ထို (ပြောကြားချက်) ကို အသင်တို့အဖို့ ဝမ်းမြောက်ဖွယ်ရာသတင်း (ဖြစ်စေရန်)နှင့် ထို (ပြောကြားချက်ကို ကြားသိရခြင်း)အားဖြင့် အသင်တို့၏ စိတ်နှလုံးများတည်ငြိမ်ရန်အတွက်သာလျှင် ပြုတော်မူခဲ့လေသည်။ အမှန်စင်စစ် ကူညီမှုဟူသည်ကား တန်ခိုးအာနုဘော်ဖြင့်လွှမ်းမိုးတော်မူသော။ အကျိုးအကြောင်း ဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသော အလ’ာဟအရှင်မြတ်၏အထံတော်မှသာလျှင် ဖြစ်ချေသည်။
Hashim Tin Myint
ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ၎င်းကို အသင်တို့အတွက် သတင်း‌ကောင်းဖြစ်‌စေရန်နှင့် ထိုသတင်း‌ကောင်းဖြင့် အသင်တို့၏စိတ်နှလုံးများ တည်ငြိမ်‌အေး‌ဆေးသွားရန်အတွက်မှလွဲ၍ အခြားမည်သည့်အတွက်မှ ပြုလုပ်‌တော်မူခဲ့သည် မဟုတ်‌ပေ။ ထို့ပြင် အကူအညီဆိုသည်မှာ တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်ထံ‌တော်မှလွဲ၍ မည်သူ၏ထံကမှ မဖြစ်‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek