Quran with Burmese translation - Surah Al-Ahzab ayat 35 - الأحزَاب - Page - Juz 22
﴿إِنَّ ٱلۡمُسۡلِمِينَ وَٱلۡمُسۡلِمَٰتِ وَٱلۡمُؤۡمِنِينَ وَٱلۡمُؤۡمِنَٰتِ وَٱلۡقَٰنِتِينَ وَٱلۡقَٰنِتَٰتِ وَٱلصَّٰدِقِينَ وَٱلصَّٰدِقَٰتِ وَٱلصَّٰبِرِينَ وَٱلصَّٰبِرَٰتِ وَٱلۡخَٰشِعِينَ وَٱلۡخَٰشِعَٰتِ وَٱلۡمُتَصَدِّقِينَ وَٱلۡمُتَصَدِّقَٰتِ وَٱلصَّٰٓئِمِينَ وَٱلصَّٰٓئِمَٰتِ وَٱلۡحَٰفِظِينَ فُرُوجَهُمۡ وَٱلۡحَٰفِظَٰتِ وَٱلذَّٰكِرِينَ ٱللَّهَ كَثِيرٗا وَٱلذَّٰكِرَٰتِ أَعَدَّ ٱللَّهُ لَهُم مَّغۡفِرَةٗ وَأَجۡرًا عَظِيمٗا ﴾
[الأحزَاب: 35]
﴿إن المسلمين والمسلمات والمؤمنين والمؤمنات والقانتين والقانتات والصادقين والصادقات والصابرين والصابرات والخاشعين﴾ [الأحزَاب: 35]
Ba Sein ၃၅။ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်ကို ကျိုးနွံနာခံသူယောက်ျားမိန်းမများ၊ ယုံကြည်သူယောက်ျားမိန်းမများ၊ အမိန့်ကို နာခံသူယောက်ျားမိန်းမများ၊ အမှန်ကို ဆိုသူယောက်ျားမိန်းမများ၊ တရားအားထုတ်သူယောက်ျား မိန်းမများ၊ မိမိကိုယ်ကို နှိမ့်ချသူယောက်ျားမိန်းမများ၊ မတရားသောကာမမှုကို ရှောင်ကြဉ်သူယောက်ျားမိန်းမများ၊ အလ္လာဟ်အရှင်မြတ်ကို များစွာအာရုံပြုသူယောက်ျားမိန်းမများ၊ ထိုအသီးသီးသောယောက်ျားမိန်းမများအဖို့အရာ အပြစ်လွှတ်တော်မူခြင်းနှင့် ကြီးမားသောဆုတော်လာဘ်တော်ကို အလ္လာဟ်အရှင်မြတ်အသင့်ထားတော်မူ၏။ |
Ghazi Mohammad Hashim မုချဧကန်မုစ်လင်မ်ယောက်ျားများသည်လည်း ကောင်း၊ မုစ်လင်မ် မိန်းမများသည်လည်း ကောင်း၊မုအ်မင်န် ယောက်ျားများသည်လည်းကောင်း၊ မုအ်မင်န်မိန်းမများသည်လည်းကောင်း၊ အမိန့်တော်ကို လိုက်နာကြသည့်ယောက်ျားများသည် လည်းကောင်း၊ အမိန့်တော်ကိုလိုက်နာသည့် မိန်းမများသည်လည်းကောင်း၊ သစ္စာဝါဒီယောက်ျားများသည်လည်း ကောင်း၊ သစ္စာဝါဒီ မိန်းမများသည်လည်းကောင်း၊သည်းခံကြကုန်သော ယောက်ျားများသည်လည်းကောင်း၊ သည်းခံကြကုန်သောမိန်းမများသည်လည်းကောင်း၊ နိဝါတ တရားထားရှိကြသော ယောက်ျားများသည် လည်းကောင်း၊ နိဝါတတရားထားရှိကြသောမိန်းမများသည် လည်းကောင်း၊ အလှူဒါနပြုကြကုန်သော ယောက်ျားများသည်လည်းကောင်း၊အလှူဒါနပြုကြကုန်သော မိန်းမများသည်လည်းကောင်း၊ ဆွိယာမ် ဥပုသ်သီလ ဆောက်တည်ကြကုန်သော ယောက်ျားများသည်လည်းကောင်း၊ ဆွိယာမ်ဥပုသ်သီလ ဆောက်တည်ကြကုန်သော မိန်းမများသည်လည်းကောင်း၊ မိမိတို့၏ အရှက်အင်္ဂါများကို စောင့်ထိန်းကြကုန်သော ယောက်ျားများသည်လည်းကောင်း၊ မိမိတို့၏အရှက်အင်္ဂါများကို စောင့်ထိန်းကြကုန်သောမိန်းမများသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အားများစွာ အောက်မေ့တသ၊ သတိရကြကုန်သောယောက်ျားများသည်လည်းကောင်း၊ အောက်မေ့တသ သတိရကြကုန်သောမိန်းမများသည် လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည်ထိုသူတို့ (အားလုံးတို့)အဖို့ (အပြစ်မှ)လွတ်ငြိမ်းချမ်းသာခွင့်နှင့်ကြီးကျယ်လှစွာသောအကျိုးကို အဆင်သင့်ပြုလုပ်စီမံ၍ ထားရှိပြီး ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint အမှန်စင်စစ် မွတ်စ်လင်မ်ယောက်ျားများနှင့် မွတ်စ်လင်မ်မိန်းမများ၊ မုအ်မင်န်ယောက်ျားများနှင့် မုအ်မင်န်မိန်းမများ၊ အမိန့်နာခံသော ယောက်ျားများနှင့် အမိန့်နာခံသည့်မိန်းမများ၊ မှန်ကန်သောယောက်ျားများနှင့် မှန်ကန်သည့်မိန်းမများ၊ သည်းခံသောယောက်ျားများနှင့် သည်းခံသောမိန်းမများ၊ ကြောက်ရွံ့ရိုကျိုးသောယောက်ျားများနှင့် ကြောက်ရွံ့ရိုကျိုးသောမိန်းမများ၊ အလှူဒါနပြုသောယောက်ျားများနှင့် အလှူဒါနပြုသောမိန်းမများ၊ စွိယာမ်ဥပုသ်စောင့်ထိန်းသည့်ယောက်ျားများနှင့် စွိယာမ်ဥပုသ်စောင့်ထိန်းသည့်မိန်းမများ၊ မိမိအရှက်အဂင်္ါကို ထိန်းသိမ်းကြသောယောက်ျားများနှင့် မိမိအရှက်အဂင်္ါကိုထိန်းသိမ်းကြသောမိန်းမများ၊ အလ္လာဟ်အရှင်မြတ်အား များစွာ သတိရတသသောယောက်ျားများနှင့် အလ္လာဟ်အရှင်မြတ်အား များစွာသတိရတသသောမိန်းမများ၊ ထိုသူများ (အားလုံး)အတွက် အလ္လာဟ်အရှင်မြတ်သည် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကြီးကျယ်သည့်အကျိုးကို အဆင်သင့် ပြုလုပ်ထားတော်မူသည်။ |