Quran with Burmese translation - Surah Al-Ahzab ayat 36 - الأحزَاب - Page - Juz 22
﴿وَمَا كَانَ لِمُؤۡمِنٖ وَلَا مُؤۡمِنَةٍ إِذَا قَضَى ٱللَّهُ وَرَسُولُهُۥٓ أَمۡرًا أَن يَكُونَ لَهُمُ ٱلۡخِيَرَةُ مِنۡ أَمۡرِهِمۡۗ وَمَن يَعۡصِ ٱللَّهَ وَرَسُولَهُۥ فَقَدۡ ضَلَّ ضَلَٰلٗا مُّبِينٗا ﴾
[الأحزَاب: 36]
﴿وما كان لمؤمن ولا مؤمنة إذا قضى الله ورسوله أمرا أن يكون﴾ [الأحزَاب: 36]
Ba Sein ၃၆။ ထို့အပြင်ယုံကြည်သူယောက်ျားအဖို့ဖြစ်စေ၊ ယုံကြည်သူမိန်းမဖြစ်စေ၊ အလ္လာဟ်အရှင်မြတ်၏ တမန်တော်တို့က အခွင့်အရေးတစ်ခုခုကို စီရင်ဆုံးဖြတ်တော်မူပြီးသည့်နောက် ထိုယောက်ျားမိန်းမတို့သည် ထိုကိစ္စတွင် ထုချေခွင့် တောင်းခြင်းသည် လုံးဝမလျှောက်ပတ်ချေ၊ အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်ကို ထောင်ထားခြားနားအ့ံ၊ ထိုသူသည် ထင်ရှားသောလမ်းမှားကြီးတွင် မုချဧကန်ကျနေသူဖြစ်၏။ |
Ghazi Mohammad Hashim မည်သည့် မုအ်မင်န် သက်ဝင်ယုံကြည်သူယောက်ျားတစ်ဦးဦး၌ဖြစ်စေ၊ မည်သည့် သက်ဝင် ယုံကြည်သူမိန်းမတစ်ဦးတစ်ယောက်၌ဖြစ်စေ၊ အရေးကိစ္စ တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်သည် လည်းကောင်း၊ အမိန့် ချမှတ်တော်မူလိုက်ပါလျှင် ၎င်းတို့၏ (ထို)အရေးကိစ္စနှင့်စပ်လျဉ်း၍ ၎င်းတို့၌ ရွေးချယ်ပိုင်ခွင့်သည်(လုံးဝ)မရှိတော့ပြီ။ စင်စစ်သော်ကားမည်သူမဆို အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၏ အမိန့်တော်ကိုလည်းကောင်း၊ ဖီဆန်သည်ရှိသော် ဧကန်မလွဲ ထိုသူသည် ထင်ရှားလှစွာသောလမ်းလွဲခြင်းသို့ ရောက်ရှိခဲ့ချေပြီတကား။ |
Hashim Tin Myint အီမာန်ယုံကြည်သူ မည်သည့်ယောက်ျားဖြစ်စေ၊ အီမာန်ယုံကြည်သူ မည်သည့်မိန်းမဖြစ်စေ အရေးကိစ္စတစ်စုံတစ်ခုကို အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်တော်က အမိန့်ချမှတ်တော်မူလိုက်လျှင် သူတို့၏ ထိုအရေးကိစ္စနှင့်ပတ်သက်၍ သူတို့မှာ ရွေးချယ်ပိုင်ခွင့်မရှိတော့ပေ။* ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် အရှင့်တမန်တော်၏အမိန့်ကို ဖီဆန်လျှင် အမှန်စင်စစ် ထိုသူသည် ထင်းရှားသည့်လမ်းလွဲခြင်းကို ရောက်ရှိခဲ့ပြီဖြစ်သည်။ |