×

ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် (အရှင့်အထူးကရုဏာတော်ဖြင့်) လည်းကောင်း၊ အရှင့် (မလာအီကာ) ကောင်းကင်စေတမန်များသည် (အရှင်မြတ်က တမန်တော်မြတ်အား အမြင့်မြတ်ဆုံး ချီးမွမ်းခြင်း ခံရသော 33:56 Burmese translation

Quran infoBurmeseSurah Al-Ahzab ⮕ (33:56) ayat 56 in Burmese

33:56 Surah Al-Ahzab ayat 56 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ahzab ayat 56 - الأحزَاب - Page - Juz 22

﴿إِنَّ ٱللَّهَ وَمَلَٰٓئِكَتَهُۥ يُصَلُّونَ عَلَى ٱلنَّبِيِّۚ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ صَلُّواْ عَلَيۡهِ وَسَلِّمُواْ تَسۡلِيمًا ﴾
[الأحزَاب: 56]

ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် (အရှင့်အထူးကရုဏာတော်ဖြင့်) လည်းကောင်း၊ အရှင့် (မလာအီကာ) ကောင်းကင်စေတမန်များသည် (အရှင်မြတ်က တမန်တော်မြတ်အား အမြင့်မြတ်ဆုံး ချီးမွမ်းခြင်း ခံရသော အဆင့်ရောက်စေတော်မူပြီး သူ့တာဝန်၌ အောင်ပွဲခံစေတော်မူရန် ဆုတောင်းခြင်းဖြင့်) လည်းကောင်း၊ နဗီတမန်တော်မြတ်အပေါ်ဝယ် ကောင်းချီးမင်္ဂလာနှင့်မေတ္တာထားကြ၏။ အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သင်တို့သည်လည်း ထိုနဗီတမန်တော်မြတ်အပေါ်ဝယ် (သင်တို့၏ကိုယ်စိတ်နှလုံးကို အရှင့်ထံအပ်နှံလျက်) ငြိမ်းချမ်းစေသော ငြိမ်းချမ်းမှုအတိဖြင့် (စလာမ်) မေတ္တာပို့သကြလော့။

❮ Previous Next ❯

ترجمة: إن الله وملائكته يصلون على النبي ياأيها الذين آمنوا صلوا عليه وسلموا, باللغة البورمية

﴿إن الله وملائكته يصلون على النبي ياأيها الذين آمنوا صلوا عليه وسلموا﴾ [الأحزَاب: 56]

Ba Sein
၅၆။ မှတ်သားကြလော့၊ အို-ယုံကြည်သူအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်နှင့် ကောင်းကင်တမန်တော်တို့သည် အလ္လာဟ်အရှင်မြတ်၏ တမန်တော်အပေါ်သို့ ကောင်းကြီးမင်္ဂလာမေတ္တာပို့သကြ၏၊ သင်တို့သည် တမန်တော် အပေါ်သို့ ကောင်းကြီးမင်္ဂလာပြုတော်မူရန် ဆုတောင်းကြလော့၊ တမန်တော်အား တွေ့သောအခါ ရိုသေ လေးမြတ်စွာနှုတ်ဆက်ကြလော့။
Ghazi Mohammad Hashim
ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ မလာအိကဟ် ကောင်းကင် တမန်များသည်လည်းကောင်း၊ နဗီတမန်တော်မြတ် အပေါ်ဝယ်ကောင်းချီးမင်္ဂလာ ပို့သကြကုန်၏။ အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည်လည်း ထိုနဗီတမန်တော်မြတ်အပေါ်ဝယ် ကောင်းချီးမင်္ဂလာ ပို့သခြင်းကိုလည်းကောင်း၊ လွန်စွာ စလာမ် မေတ္တာပို့သခြင်းကိုလည်းကောင်းပြုကြ လေကုန်။
Hashim Tin Myint
အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏‌ကောင်းကင်တမန်များသည် တမန်‌တော်၏အ‌ပေါ်တွင် ‌ကောင်းချီးမဂင်္လာပို့သ‌နေကြသည်။ အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည်လည်း ထိုတမန်‌တော်၏အ‌ပေါ်တွင် ‌ကောင်းချီးမဂင်္လာပို့သခြင်းနှင့် စလာမ်‌မေတ္တာပို့သခြင်းကို လွန်စွာပြုလုပ်ကြပါ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek