×

ဤသည် ငါအရှင်မြတ်ထံမှ အသင် (တမန်တော်) အပေါ်ဝယ် ယင်း၏အာယသ်သက်သေလက္ခဏာတော်များကို (အသိဉာဏ် သတိတရားနှင့်တာဝန်သိစိတ်ရှိသူ အားလုံးက) ချင့်ချိန်တွေးဆ၍ ဆင်ခြင် သုံးသပ် 38:29 Burmese translation

Quran infoBurmeseSurah sad ⮕ (38:29) ayat 29 in Burmese

38:29 Surah sad ayat 29 in Burmese (البورمية)

Quran with Burmese translation - Surah sad ayat 29 - صٓ - Page - Juz 23

﴿كِتَٰبٌ أَنزَلۡنَٰهُ إِلَيۡكَ مُبَٰرَكٞ لِّيَدَّبَّرُوٓاْ ءَايَٰتِهِۦ وَلِيَتَذَكَّرَ أُوْلُواْ ٱلۡأَلۡبَٰبِ ﴾
[صٓ: 29]

ဤသည် ငါအရှင်မြတ်ထံမှ အသင် (တမန်တော်) အပေါ်ဝယ် ယင်း၏အာယသ်သက်သေလက္ခဏာတော်များကို (အသိဉာဏ် သတိတရားနှင့်တာဝန်သိစိတ်ရှိသူ အားလုံးက) ချင့်ချိန်တွေးဆ၍ ဆင်ခြင် သုံးသပ် နိုင်ရန်အတွက်လည်းကောင်း၊ မြော်မြင်ချင့်ချိန်နားလည်နိုင်စွမ်းရှိသော ပညာရှင်အပေါင်းတို့က သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟနိုင်ရန် အတွက်လည်းကောင်း၊ ချမှတ်ပေးအပ်တော်မူသည့် ကျက်သ ရေမင်္ဂလာနှင့်ပြည့်စုံသော ကျမ်းတစ်စောင်ပင် ဖြစ်၏။

❮ Previous Next ❯

ترجمة: كتاب أنـزلناه إليك مبارك ليدبروا آياته وليتذكر أولو الألباب, باللغة البورمية

﴿كتاب أنـزلناه إليك مبارك ليدبروا آياته وليتذكر أولو الألباب﴾ [صٓ: 29]

Ba Sein
၂၉။ အို-တမန်တော်၊ ဤကျမ်းမြတ်ကုရ်အာန်ကို သင့်အား ငါထုတ်ပြန်ချပေးသနားတော်မူ၏၊ ဤကျမ်းတော်မြတ် သည် ကောင်းကြီးမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံ၏၊ သို့ထုတ်ပြန်ပို့ချပေးသနားတော်မူသည်မှာ လူသားအပေါင်း တို့သည် ကျမ်းတော်မြတ်၏ ဂါထာတော်များကို စဉ်းစားဆင်ခြင်ဖို့ရာသော်လည်းကောင်း၊ အသိဉာာဏ်ရှိသူတို့ တွေးတော်သုံးသပ်ဖို့ရာသော်လည်းကောင်း ဖြစ်၏။
Ghazi Mohammad Hashim
(ဤသည်)အသင့်ထံသို့ ငါအရှင်မြတ်ချပေးတော်မူခဲ့သော ကျမ်းဂန်တစ်စောင်ဖြစ်၏။ "ဗရ်ကတ်" မင်္ဂလာနှင့်ပြည့်စုံ၏။ (ယင်းကျမ်းဂန်ကို ချပေးတော်မူခြင်းကား) လူတို့သည် ယင်းကျမ်းဂန်၏ အာယတ်တော်များကို စဉ်းစားဆင်ခြင်ကြအံ့သော ငှာလည်းကောင်း၊ အသိအမြင်ရှိသောသူတို့သည် တရားရယူကြအံ့သော အကျိုးငှာလည်းကောင်း၊ ဖြစ်ပေသတည်း။
Hashim Tin Myint
(ဤသည်) အသင်၏ထံသို့ ငါအရှင်မြတ်ချ‌ပေး‌တော်မူခဲ့‌သော ဗရကသ်မဂင်္လာနှင့် ပြည့်စုံသည့် ကျမ်းတစ်ကျမ်းဖြစ်သည်။ လူများသည် ထိုကျမ်း၏အာယသ်‌တော်များကို စဉ်းစားကြရန်နှင့် အသိဉာဏ်ရှိသည့်သူများသည် တရားရယူကြရန်အတွက် (ချ‌ပေး‌တော်မူခြင်း)ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek