Quran with Burmese translation - Surah sad ayat 30 - صٓ - Page - Juz 23
﴿وَوَهَبۡنَا لِدَاوُۥدَ سُلَيۡمَٰنَۚ نِعۡمَ ٱلۡعَبۡدُ إِنَّهُۥٓ أَوَّابٌ ﴾
[صٓ: 30]
﴿ووهبنا لداود سليمان نعم العبد إنه أواب﴾ [صٓ: 30]
Ba Sein ၃၀။ ငါသည် တမန်တော်ဒါဝတ်(ဒ်)အား စိုလိုင်မံခေါ် သားကောင်းရတနာကို ပေးသနားတော်မူ၏၊ မှတ်သားကြလော့၊ သူသည် အလ္လာဟ်အရှင်မြတ်ကို အမြဲဝတ်ပြု၍ မိမိအပြစ်များကို ဝန်ချတောင်းပန်၏။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး ငါအရှင်မြတ်သည်(နဗီတမန်တော်)"ဒါဝူဒ်"အား(နဗီတမန်တော်)"စုလိုင်မာန်"ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ဧကန်မလွဲ ထို "စုလိုင်မာန်" သည် (ငါအရှင်မြတ်အထံတော်သို့) လွန်စွာ ပြန်လှည့်သူပင် ဖြစ်ခဲ့လေ၏။ |
Hashim Tin Myint ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်)ဒါဝူဒ်အတွက် (တမန်တော်)စုလိုင်မာန်ကို ပေးတော်မူခဲ့သည်။ (၎င်းတမန်တော် စုလိုင်မာန်သည်) အဘယ်မျှ ကောင်းလိုက်သည့်ကျွန်လဲ။ အမှန်စင်စစ် (တမန်တော်)စုလိုင်မာန်သည် (ငါအရှင်မြတ်ဘက်သို့) အလွန်ပြန်လှည့်သူဖြစ်သည်။ |