×

ထို့ပြင် ငါအရှင်မြတ်သည် သူနှင့်သူ့မိသားစုအသိုင်းအဝိုင်းအတွက်လည်းကောင်း၊ သူတို့နှင့်အတူ ရှိသော အလားတူနောက်လိုက်များအတွက်လည်းကောင်း၊ အရှင့်ထံတော်မှ ကရုဏာတော် (ကျမ်းတော်) ကို ချီမြှင့်ပေးအပ်တော်မူပြီး (ယင်းကရုဏာတော်သည်) 38:43 Burmese translation

Quran infoBurmeseSurah sad ⮕ (38:43) ayat 43 in Burmese

38:43 Surah sad ayat 43 in Burmese (البورمية)

Quran with Burmese translation - Surah sad ayat 43 - صٓ - Page - Juz 23

﴿وَوَهَبۡنَا لَهُۥٓ أَهۡلَهُۥ وَمِثۡلَهُم مَّعَهُمۡ رَحۡمَةٗ مِّنَّا وَذِكۡرَىٰ لِأُوْلِي ٱلۡأَلۡبَٰبِ ﴾
[صٓ: 43]

ထို့ပြင် ငါအရှင်မြတ်သည် သူနှင့်သူ့မိသားစုအသိုင်းအဝိုင်းအတွက်လည်းကောင်း၊ သူတို့နှင့်အတူ ရှိသော အလားတူနောက်လိုက်များအတွက်လည်းကောင်း၊ အရှင့်ထံတော်မှ ကရုဏာတော် (ကျမ်းတော်) ကို ချီမြှင့်ပေးအပ်တော်မူပြီး (ယင်းကရုဏာတော်သည်) မြော်မြင်ချင့်ချိန်နားလည်နိုင်စွမ်းရှိသော ပညာရှင်အပေါင်းတို့အတွက် သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာပင် ဖြစ်၏။

❮ Previous Next ❯

ترجمة: ووهبنا له أهله ومثلهم معهم رحمة منا وذكرى لأولي الألباب, باللغة البورمية

﴿ووهبنا له أهله ومثلهم معهم رحمة منا وذكرى لأولي الألباب﴾ [صٓ: 43]

Ba Sein
၄၃။ ထို့အပြင်ငါသည် မိမိ၏ မဟာဂရုဏာတော်ဖြင့် တမန်တော်အိုင်ယူး(ဘ်)အား ၎င်း၏ အိမ်သူအိမ်သားကိုသော် လည်းကောင်း၊ သူတို့နှင့်တူသူများကိုသော်လည်းကောင်း၊ ပေးသနားတော်မူ၏၊ ယင်းသို့ပေးသနားတော်မူခြင်း ကား ငါ့ထံမှ ကောင်းကြီးမင်္ဂလာတော်ဖြစ်၏၊ အသိဉာာဏ်ရှိသူတို့အဖို့ အမှတ်သညာလည်းဖြစ်၏။
Ghazi Mohammad Hashim
ထို့ပြင် ငါအရှင်မြတ်သည် မိမိအထံတော်မှ ကရုဏာတော်ဖြင့်လည်းကောင်း၊ အသိဉာဏ်ရှိသူတို့ သတိရစေခြင်းငှာလည်းကောင်း၊ ထို "အိုက်ယူဗ်" အား ၎င်း၏ အိမ်သူအိမ်သားတို့ကို ချီးမြှင့်တော်မူသည့်အပြင် ထိုအိမ်သူအိမ်သားတို့နှင့် အညီအမျှ(ဖြစ်သောဦးရေ)ကိုလည်း ၎င်းတို့နှင့်အတူ (ထပ်လောင်း၍) ချီးမြှင့်ပေးသနားတော်မူခဲ့၏။
Hashim Tin Myint
ထို့ပြင် ငါအရှင်မြတ်သည် အရှင်မြတ်ထံ‌တော်မှ ကရုဏာ‌တော်နှင့်၊ အသိဉာဏ်ရှိသည့်သူများ သတိရ‌စေရန်အတွက် ၎င်းအား ၎င်း၏အိမ်သူအိမ်သားများကို ‌ပေးသနား‌တော်မူသည့်အပြင် ထို(အ‌ရေအတွက်)နှင့်အညီကိုလည်း ၎င်းတို့နှင့်အတူ ထပ်မံ‌ပေးသနား‌တော်မူခဲ့သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek