×

(ထိုအရှင်မြတ်သည်သာလျှင်) မိုးကောင်းကင်များနှင့်မြေကမ္ဘာကိုလည်းကောင်း၊ ယင်းတို့နှစ်ခုကြား၌ ရှိသမျှတို့ကိုလည်းကောင်း၊ ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသောအရှင်မြတ်၊ လူ သားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင် 38:66 Burmese translation

Quran infoBurmeseSurah sad ⮕ (38:66) ayat 66 in Burmese

38:66 Surah sad ayat 66 in Burmese (البورمية)

Quran with Burmese translation - Surah sad ayat 66 - صٓ - Page - Juz 23

﴿رَبُّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَيۡنَهُمَا ٱلۡعَزِيزُ ٱلۡغَفَّٰرُ ﴾
[صٓ: 66]

(ထိုအရှင်မြတ်သည်သာလျှင်) မိုးကောင်းကင်များနှင့်မြေကမ္ဘာကိုလည်းကောင်း၊ ယင်းတို့နှစ်ခုကြား၌ ရှိသမျှတို့ကိုလည်းကောင်း၊ ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသောအရှင်မြတ်၊ လူ သားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင် နင်းလွှမ်းမိုး တော်မူသောအရှင်၊ (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးအပ်တော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: رب السموات والأرض وما بينهما العزيز الغفار, باللغة البورمية

﴿رب السموات والأرض وما بينهما العزيز الغفار﴾ [صٓ: 66]

Ba Sein
၆၆။ အရှင်မြတ်သည် ကမ္ဘာမြေပြင်မိုးကောင်းကင်နှင့် မိုးမြေအကြားရှိရှိသမျှတို့ကို သိမ်းရုံးစိုးပိုင်တော်မူ၏၊ အနန္တ တန်ခိုးတော်သခင်၊ အပြစ်လွှတ်တော်မူသောအရှင်ဖြစ်တော်မူ၏။
Ghazi Mohammad Hashim
(ထိုအရှင်မြတ်သည်သာလျှင်)မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ယင်းမိုးကောင်းကင်များနှင့် ပထဝီမြေ၏အကြား၌ ရှိသမျှတို့ကိုလည်းကောင်း၊ ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ တန်ခိုးအာနုဘော်နှင့် ပြည့်စုံတော်မူသောအရှင်၊ အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသောအရှင် ဖြစ်တော်မူ၏။
Hashim Tin Myint
(ထိုအရှင်ပင်) မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီအပြင် ထိုနှစ်ခုကြားတွင် ရှိသမျှအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ အကြိမ်ကြိမ်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek