×

ထိုသို့မဖြစ်ရလေအောင် အလ္လာဟ်အရှင်မြတ်၏လွတ်ငြိမ်းချမ်းသာခွင့်ကိုသာ အသနားခံ ဆုပန်လော့။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် (လူသားတို့၏စွမ်းရည်တိမ်ကောစေသည့် ပြဿနာအားလုံးကို ဖြေရှင်းနိုင်သည့် လမ်းညွှန်များ ချမှတ်ပေးအပ်တော်မူသော်လည်း လူသားတို့၏ချွတ်ချော်မှားယွင်းမှုများကို) 4:106 Burmese translation

Quran infoBurmeseSurah An-Nisa’ ⮕ (4:106) ayat 106 in Burmese

4:106 Surah An-Nisa’ ayat 106 in Burmese (البورمية)

Quran with Burmese translation - Surah An-Nisa’ ayat 106 - النِّسَاء - Page - Juz 5

﴿وَٱسۡتَغۡفِرِ ٱللَّهَۖ إِنَّ ٱللَّهَ كَانَ غَفُورٗا رَّحِيمٗا ﴾
[النِّسَاء: 106]

ထိုသို့မဖြစ်ရလေအောင် အလ္လာဟ်အရှင်မြတ်၏လွတ်ငြိမ်းချမ်းသာခွင့်ကိုသာ အသနားခံ ဆုပန်လော့။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် (လူသားတို့၏စွမ်းရည်တိမ်ကောစေသည့် ပြဿနာအားလုံးကို ဖြေရှင်းနိုင်သည့် လမ်းညွှန်များ ချမှတ်ပေးအပ်တော်မူသော်လည်း လူသားတို့၏ချွတ်ချော်မှားယွင်းမှုများကို) လွတ်ငြိမ်း ချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အာလုံးအပေါ် အစဉ် သနားကြင်နာညှတာတော်မူသော အကြင်နာရှင်ပင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: واستغفر الله إن الله كان غفورا رحيما, باللغة البورمية

﴿واستغفر الله إن الله كان غفورا رحيما﴾ [النِّسَاء: 106]

Ba Sein
၁ဝ၆။ ထို့ပြင် အလ္လာဟ်အသျှင်မြတ်၏ အပြစ်လွှတ်ခြင်းကို ရှာမှီးလော့။ အလ္လာဟ်အသျှင်မြတ်သည် အမြဲတစေ အပြစ်လွှတ်တော်မူ၏။ ကောင်းကြီးမင်္ဂလာပေးသနားတော်မူ၏။
Ghazi Mohammad Hashim
၎င်းပြင် အသင်သည် အလ္လာဟ်အရှင်မြတ်အထံတော်၌ (အပြစ်မှ) လွတ်ငြိမ်းချမ်းသာခွင့်ကို လျှောက်ထားပန်ကြားပါလေ။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန် သနားကြင်နာ ညှာတာတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။
Hashim Tin Myint
ထို့ပြင် အသင်(တမန်‌တော်)သည် အလ္လာဟ်အရှင်မြတ်ထံတွင် လွတ်ငြိမ်းချမ်းသာခွင့် ‌တောင်းခံပါ၊* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek