Quran with Burmese translation - Surah An-Nisa’ ayat 105 - النِّسَاء - Page - Juz 5
﴿إِنَّآ أَنزَلۡنَآ إِلَيۡكَ ٱلۡكِتَٰبَ بِٱلۡحَقِّ لِتَحۡكُمَ بَيۡنَ ٱلنَّاسِ بِمَآ أَرَىٰكَ ٱللَّهُۚ وَلَا تَكُن لِّلۡخَآئِنِينَ خَصِيمٗا ﴾
[النِّسَاء: 105]
﴿إنا أنـزلنا إليك الكتاب بالحق لتحكم بين الناس بما أراك الله ولا﴾ [النِّسَاء: 105]
Ba Sein ၁ဝ၅။ အို-တမန်တော် မှတ်သားလော့။ သင်သည် အလ္လာဟ်အသျှင်မြတ် ချပေးသနားတော်မူသော ဤကုရ်အာန်ကျမ်းတော်ဖြင့် လူသားတို့အလယ်တွင် စီရင်ဆုံးဖြတ်နိုင်စေရန် ငါသည် သင့်အား ဤကျမ်းတော်မြတ်ကို မုချဧကန် ထုတ်ပြန်ချပေးသနားတော်မူ၏။ သင်သည် သစ္စာဖောက်တို့အတွက် တောင်းပန်သူတစ်ဦးမဖြစ်လင့်။ |
Ghazi Mohammad Hashim (အို- နဗီတမန်တော်) အသင်သည် လူတို့၏စပ်ကြားဝယ် အလ္လာဟ်အရှင်မြတ်က အသင့်အားပြသတော်မူသည့်အတိုင်း စီရင်ဆုံးဖြတ်ခြင်းငှာ၊ ငါအရှင်မြတ်သည် အသင်၏ထံသို့ ကျမ်းမြတ်ကုရ်အာန်ကို မှန်ကန်မှုနှင့်တကွ ချပေးသနားတော်မူခဲ့၏။ ၎င်းပြင် အသင်သည် သစ္စာဖောက် လိမ်လည်လှည့်ဖြား အလွဲသုံးစားပြုသူများဘက်မှ ကာကွယ်ချေပပြောဆိုသူ မဖြစ်ပါလေနှင့်။ |
Hashim Tin Myint အသင်(တမန်တော်)သည် လူများကြားတွင် အလ္လာဟ်အရှင်မြတ်အနေနှင့် အသင့်အား ပြသတော်မူသည့်အတိုင်း စီရင်ဆုံးဖြတ်ရန်* ငါအရှင်မြတ်သည် အသင်၏ထံသို့ မှန်ကန်မှုနှင့်တကွ ကျမ်းမြတ်ကုရ်အာန်ကို အမှန်ပင် ချပေးသနားတော်မူခဲ့သည်။ ထို့ပြင် အသင်သည် သစ္စာဖောက်လိမ်လည်လှည့်ဖြား အလွဲသုံးစားလုပ်သောသူများဘက်မှ ကာကွယ်ချေပပြောဆိုသူ မဖြစ်လေနှင့်။ |