Quran with Burmese translation - Surah An-Nisa’ ayat 107 - النِّسَاء - Page - Juz 5
﴿وَلَا تُجَٰدِلۡ عَنِ ٱلَّذِينَ يَخۡتَانُونَ أَنفُسَهُمۡۚ إِنَّ ٱللَّهَ لَا يُحِبُّ مَن كَانَ خَوَّانًا أَثِيمٗا ﴾
[النِّسَاء: 107]
﴿ولا تجادل عن الذين يختانون أنفسهم إن الله لا يحب من كان﴾ [النِّسَاء: 107]
Ba Sein ၁ဝ၇။ ထို့ပြင် မိမိကိုယ်ကိုမိမိတို့ လှည့်စားသောသူတို့အတွက် မှတ်သားလော့။ အလ္လာဟ်အသျှင်မြတ်သည် သစ္စာဖောက်၍ ပြစ်မှုကျူးလွန်သူကို ချစ်ခင်တော်မမူပေ။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး မိမိကိုယ်ကို လိမ်လည်လှည့်ဖြားသူတို့ဘက်မှ အသင်သည် ပြောဆိုခြင်းမပြုလေနှင့်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်သစ္စာမဲ့သူ၊ အလွန် ပြစ်မှုဒုစရိုက်ကျူးလွန်သူတို့ကို နှစ်သက်တော်မမူချေ။ |
Hashim Tin Myint ထို့ပြင် မိမိကိုယ်မိမိ လိမ်လည်လှည့်ဖြားသူများဘက်မှ* အသင်သည် ခုခံပြောဆိုခြင်းမပြုပါနှင့်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်သစ္စာမဲ့ပြီး မကောင်းမှု၌ နစ်မွန်းနေသူများကို နှစ်သက်တော်မမူပေ။ |