×

အို၊ လူသားအပေါင်းတို့၊ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသည့် အရှင်မြတ်ထံတော်မှ သင်တို့ထံ ယုံကြည်လောက်သော အထောက်အထားတော် (ဖြစ်သည့်ကျမ်းတော်မြတ်ကုရ်အာန်) အား ဧကန်မုချ 4:174 Burmese translation

Quran infoBurmeseSurah An-Nisa’ ⮕ (4:174) ayat 174 in Burmese

4:174 Surah An-Nisa’ ayat 174 in Burmese (البورمية)

Quran with Burmese translation - Surah An-Nisa’ ayat 174 - النِّسَاء - Page - Juz 6

﴿يَٰٓأَيُّهَا ٱلنَّاسُ قَدۡ جَآءَكُم بُرۡهَٰنٞ مِّن رَّبِّكُمۡ وَأَنزَلۡنَآ إِلَيۡكُمۡ نُورٗا مُّبِينٗا ﴾
[النِّسَاء: 174]

အို၊ လူသားအပေါင်းတို့၊ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသည့် အရှင်မြတ်ထံတော်မှ သင်တို့ထံ ယုံကြည်လောက်သော အထောက်အထားတော် (ဖြစ်သည့်ကျမ်းတော်မြတ်ကုရ်အာန်) အား ဧကန်မုချ ရောက်စေတော်မူခဲ့ပြီ ဖြစ်၏။ ထိုကျမ်းတော်ကို ငါအရှင်မြတ်က သင်တို့အပေါ် ရှင်းလင်းထင်ရှားပြီး ကြည်လင်ပြတ်သားသော အလင်းတော်အဖြစ် ချမှတ်ပေးအပ်တော်မူခြင်း ဖြစ်၏။

❮ Previous Next ❯

ترجمة: ياأيها الناس قد جاءكم برهان من ربكم وأنـزلنا إليكم نورا مبينا, باللغة البورمية

﴿ياأيها الناس قد جاءكم برهان من ربكم وأنـزلنا إليكم نورا مبينا﴾ [النِّسَاء: 174]

Ba Sein
၁၇၄။ အို-လူသားတို့ သင်တို့၏အသျှင်သခင်အထံတော်မှ သက်သေသာဓကစ်ပါး သင်တို့ထံသို့ ယခု ကျရောက်လာပြီး။ ငါအသျှင်မြတ်သည် သင်တို့ထံသို့ အလွန်ကြည်လင်တောက်ပသော ရောင်ခြည် တော်ကို ချပေးတော်မူပြီ။
Ghazi Mohammad Hashim
အို- လူခပ်သိမ်းတို့၊ အသင်တို့အား မွေးမြူတော်မူသော အရှင်မြတ်၏အထံတော်မှ အသင်တို့ထံသို့ ခိုင်လုံသောသက်သေသာဓကတစ်ရပ် (ဖြစ်သော နဗီတမန်တော်မုဟမ္မဒ် (ဆွ) သည် ဧကန်မလွဲ ရောက်ရှိလာခဲ့ချေပြီ။ ၎င်းပြင် ငါအရှင်မြတ်သည် အသင်တို့ထံသို့ ထင်ရှားလှစွာသော အလင်းရောင် (ဖြစ်သော ကုရ်အာန်ကျမ်းတော်မြတ်) ကိုလည်း ချပေးသနားတော်မူခဲ့ချေပြီ။
Hashim Tin Myint
အို- လူသားအ‌ပေါင်းတို့၊* အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ အသင်တို့ထံသို့ ခိုင်လုံ‌သော သက်‌သေအ‌ထောက်အထားတစ်ခု* (ဖြစ်သည့် တမန်‌တော်မုဟမ္မဒ်-ဆွ)သည် အမှန်စင်စစ် ‌ရောက်လာခဲ့ပြီဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့ထံသို့ ထင်ရှား‌သောအလင်း‌ရောင်* (ဖြစ်သည့် ကုရ်အာန်)ကိုလည်း ချ‌ပေး‌တော်မူခဲ့သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek