Quran with Burmese translation - Surah An-Nisa’ ayat 173 - النِّسَاء - Page - Juz 6
﴿فَأَمَّا ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ فَيُوَفِّيهِمۡ أُجُورَهُمۡ وَيَزِيدُهُم مِّن فَضۡلِهِۦۖ وَأَمَّا ٱلَّذِينَ ٱسۡتَنكَفُواْ وَٱسۡتَكۡبَرُواْ فَيُعَذِّبُهُمۡ عَذَابًا أَلِيمٗا وَلَا يَجِدُونَ لَهُم مِّن دُونِ ٱللَّهِ وَلِيّٗا وَلَا نَصِيرٗا ﴾
[النِّسَاء: 173]
﴿فأما الذين آمنوا وعملوا الصالحات فيوفيهم أجورهم ويزيدهم من فضله وأما الذين﴾ [النِّسَاء: 173]
Ba Sein ၁၇၃။ ထိုအခါ အကြင်သူတို့သည် ယုံကြည်မှုတရားကို လက်ကိုင်ထားလျက် သုစရိုက်ကောင်းမှုများကို ပွားများ၏။ ထိုသူတို့အား အလ္လာဟ်မြတ်သည် သူတို့၏အကျိုးဆက်မည်သော လုပ်ခများကို ပြည့်စုံစွာ ပေးသနားတော်မူလိမ့်မည်။ ထိုပြင် အသျှင်မြတ်၏ အနန္တကောင်းကြီးမင်္ဂလာတော်မှ အပိုဆုကိုလည်း ပေးသနားတော်မူလိမ့်မည်။ အကြင်သူတို့သည် အသျှင်မြတ်၏ အမှုတော်ထမ်းခြင်းကို ယုတ်ညံ့ သည်ဟုထင်မှတ်၍ မာန်မာနကြီး၏။ သူတို့ကို အလ္လာဟ်အသျှင်မြတ်သည် အလွန်ပြင်းပြ နာကျင်ဖွယ်သောအပြစ်ဒဏ် ခတ်တော်မူလိမ့်မည်။ သူတို့သည် မိမိတို့အား အလ္လာဟ်အသျှင်မြတ်မှတစ်ပါး သူတို့ကို စောင့်ရှောက်သူ အဆွေခင်ပွန်း ကိုသော်လည်းကောင်း၊ ကူညီသူကိုသော်လည်းကောင်း ရရှိကြလိမ့်မည် မဟုတ်ပေ။ |
Ghazi Mohammad Hashim တစ်ဖန် ထိုအရှင်မြတ်သည် ‘အီမာန်’ သဒ္ဒါတရားထားရှိ၍ ကောင်းမြတ်သောကိုယ်ကျင့်တရားများ ဆောက်တည်ကြကုန်သောသူတို့အား ၎င်းတို့၏ကုသိုလ်အကျိုးတို့ကို အပြည့်အစုံ ပေးသနားတော်မူအံ့။ ၎င်းပြင် မိမိကျေးဇူးတော်ဖြင့်လည်း ထိုသူတို့အား ပိုမိုချီးမြှင့်တော်မူအံ့။ သို့ရာတွင် အကြင်သူတို့သည် (ထိုအရှင်မြတ်၏ကျွန်ဖြစ်ခြင်းကို) ရွံ့ရှာစက်ဆုပ်၍ မာန်မာနထောင်လွှားခဲ့ကြ၏။ ထိုသူတို့ကို ထိုအရှင်မြတ်သည် ပြင်းပြနာကျင်ဖွယ်ရာဖြစ်သော အပြစ်ဒဏ်ကို ပေးတော်မူလတ္တံ့။ ၎င်းပြင် ထိုသူတို့သည် မိမိတို့အဖို့ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြား မည်သူတစ်ဦးတစ်ယောက်ကိုမျှ အဆွေခင်ပွန်းအဖြစ်နှင့်လည်းကောင်း၊ ကူညီစောင်မမည့်သူအဖြစ်လည်းကောင်း တွေ့ရှိကြရမည်မဟုတ်ချေ။ |
Hashim Tin Myint ထို့နောက် အရှင်မြတ်သည် အီမာန်ယုံကြည်ကြပြီး ကောင်းမြတ်သောလုပ်ရပ်များကို ပြုမူကြသူများအား သူတို့၏အကျိုးကို အပြည့်အဝ ပေးသနားတော်မူမည်။ ၎င်းပြင် အရှင်မြတ်၏ကျေးဇူးတော်နှင့် သူတို့အား ပိုပြီးချီးမြှင့်တော်မူမည်။ သို့ရာတွင် အကြင်သူများသည် (အရှင်မြတ်၏ကျွန်ဖြစ်ခြင်းအား) သေးသိမ်သည်ဟုထင်ပြီး မာနထောင်ခဲ့ကြသည်။ ထိုသူများအား အရှင်မြတ်သည် အလွန်နာကျင်စေသော အပြစ်ဒဏ်ကို ပေးတော်မူမည်။ ထို့ပြင် သူတို့သည် သူတို့အတွက် အလ္လာဟ်အရှင်မြတ်မှလွဲ၍ မည်သူ့ကိုမှ မိတ်ဆွေအဖြစ်နှင့် ကူညီမည့်သူအဖြစ် တွေ့ရှိကြရမည် မဟုတ်ပေ။ |