×

သို့ဖြစ်၍ အလ္လာဟ်အရှင်မြတ်ကို ယုံကြည်သူတို့မှာမူ (ထိုကျမ်းတော်အတိုင်း နာခံဘဝဆောက်တည်နိုင်ရန်အတွက်) ယင်းကို စွဲမြဲမြဲမြံစွာ အမိအရ ဆုပ်ကိုင်ထားသောကြောင့် သူတို့အား အရှင့်ထံတော်မှဖြစ်သော ကရုဏာတော်၌ 4:175 Burmese translation

Quran infoBurmeseSurah An-Nisa’ ⮕ (4:175) ayat 175 in Burmese

4:175 Surah An-Nisa’ ayat 175 in Burmese (البورمية)

Quran with Burmese translation - Surah An-Nisa’ ayat 175 - النِّسَاء - Page - Juz 6

﴿فَأَمَّا ٱلَّذِينَ ءَامَنُواْ بِٱللَّهِ وَٱعۡتَصَمُواْ بِهِۦ فَسَيُدۡخِلُهُمۡ فِي رَحۡمَةٖ مِّنۡهُ وَفَضۡلٖ وَيَهۡدِيهِمۡ إِلَيۡهِ صِرَٰطٗا مُّسۡتَقِيمٗا ﴾
[النِّسَاء: 175]

သို့ဖြစ်၍ အလ္လာဟ်အရှင်မြတ်ကို ယုံကြည်သူတို့မှာမူ (ထိုကျမ်းတော်အတိုင်း နာခံဘဝဆောက်တည်နိုင်ရန်အတွက်) ယင်းကို စွဲမြဲမြဲမြံစွာ အမိအရ ဆုပ်ကိုင်ထားသောကြောင့် သူတို့အား အရှင့်ထံတော်မှဖြစ်သော ကရုဏာတော်၌ ဝင်ရောက် ခိုလှုံခွင့်ပေးသနားတော်မူပြီး အရှင့်ကျေးဇူးတော်ဖြစ်သော အရှင့်ဆီသို့ ဦးတည်စေသော ဖြောင့်မတ်မှန်ကန်တည်တံ့သည့် အရှင့်လမ်းစဉ်အတိုင်း ဘဝခရီးလျှောက်လှမ်းနိုင်ရန် လမ်းညွှန်တော်မူလိမ့်မည်။

❮ Previous Next ❯

ترجمة: فأما الذين آمنوا بالله واعتصموا به فسيدخلهم في رحمة منه وفضل ويهديهم, باللغة البورمية

﴿فأما الذين آمنوا بالله واعتصموا به فسيدخلهم في رحمة منه وفضل ويهديهم﴾ [النِّسَاء: 175]

Ba Sein
၁၇၅။ အကြင်သူတို့သည် အလ္လာဟ်အသျှင်မြတ်ကို ယုံကြည်ကြ၏။ မြဲမြံစွာ ဆည်းကပ်ကြ၏။ ထိုသူတို့အား အလ္လာဟ်အသျှင်မြတ်သည် မိမိ၏ မဟာကရုဏာတော် အနန္တကောင်းကြီးမင်္ဂလာတော်အတွင်းသို့ ဝင်စေတော်မူလိမ့်မည်။ အထံတော်သို့ ဖြောင့်တန်းစွာလာသော လမ်းတော်ကြီးကိုလည်း ပြသတော် မူလိမ့်မည်။
Ghazi Mohammad Hashim
သို့ဖြစ်ပေရာ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်၍ ထိုအရှင်မြတ် (၏ ဒီန်သာသနာတော် အစ္စလာမ်) ကို မြဲမြံခိုင်ခံ့စွာ ဖက်ကိုင်ထားရှိကြကုန်၏။ သို့ဖြစ်လျှင် ထိုသူတို့အား မကြာမြင့်မီ ထိုအရှင်မြတ်သည် မိမိကရုဏာတော် (တည်းဟူသော ‘ဂျန္နတ်’ အမတသုခဘုံ) နှင့် ကျေးဇူးတော်တွင်းသို့ ဝင်ရောက်စေတော်မူအံ့။ ၎င်းပြင် ထိုအရှင်မြတ်သည် ယင်းသူတို့အား မိမိအထံတော်သို့ (ရောက်ရှိနိုင်ရန်) ဖြောင့်မတ်သော (တရား) လမ်းကိုလည်း ညွှန်ပြတော်မူလတ္တံ့။
Hashim Tin Myint
သို့ဖြစ်ရာ အကြင်သူများသည် အလ္လာဟ်အရှင်မြတ်အား ယုံကြည်၍ အရှင်မြတ်(၏သာသနာ အစ္စလာမ်)ကို စွဲမြဲစွာဆုပ်ကိုင်ထားကြလျှင် ထိုသူများအား မကြာမီ အရှင်မြတ်သည် အရှင်မြတ်၏ကရုဏာ အသနား‌တော်(ဖြစ်‌သော ဂျန္နသ်သုခဘုံ)နှင့် အရှင်မြတ်၏‌ကျေးဇူး‌တော်ထဲသို့ ဝင်‌ရောက်‌စေ‌တော်မူမည်။ ထို့ပြင် အရှင်မြတ်သည် ထိုသူများအား အရှင်မြတ်ထံ‌တော်(‌ရောက်ရှိရန်) ‌ဖြောင့်မတ်‌သော(တရား)လမ်းကိုလည်း ညွှန်ကြားပြသပို့‌ဆောင်‌တော်မူမည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek