Quran with Burmese translation - Surah An-Nisa’ ayat 63 - النِّسَاء - Page - Juz 5
﴿أُوْلَٰٓئِكَ ٱلَّذِينَ يَعۡلَمُ ٱللَّهُ مَا فِي قُلُوبِهِمۡ فَأَعۡرِضۡ عَنۡهُمۡ وَعِظۡهُمۡ وَقُل لَّهُمۡ فِيٓ أَنفُسِهِمۡ قَوۡلَۢا بَلِيغٗا ﴾
[النِّسَاء: 63]
﴿أولئك الذين يعلم الله ما في قلوبهم فأعرض عنهم وعظهم وقل لهم﴾ [النِّسَاء: 63]
Ba Sein ၆၃။ အလ္လာဟ်အသျှင်မြတ်သည် သူတို့၏စိတ်နှလုံးများအတွင်းရှိ လျှို့ဝှက်သောအရာများကို သိမြင်တော် မူ၏။ ထို့ကြောင့် သူတို့ကို ခုခံလော့။ ဆုံးမသွန်သင်လော့။ သူတို့၏ စိတ်နှလုံးများအကြောင်းကို ဘွင်းဘွင်းကြီးဟောကြားလော့။ |
Ghazi Mohammad Hashim ဤသူတို့ကား၊ အကြင်သူများပင်တည်း။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏စိတ်တွင်း၌ ရှိသမျှတို့ကို သိရှိတော်မူလေသည်။ သို့ဖြစ်ပေရာ အသင်သည် ထိုသူတို့ (၏အပြစ်များ) ကို လျစ်လျူရှု၍ နေပါလေ။ သို့ရာတွင် အသင်သည် ၎င်းတို့အား ဆုံးမပဲ့ပြင်၍ပေးပါလေ။ ထိုမှတစ်ပါး အသင်သည် ၎င်းတို့အား ၎င်းတို့နှင့်ပတ်သက်၍ ထိရောက်စွဲမြဲသော (တရား) စကားကိုလည်း ပြောကြားပါလေ။ |
Hashim Tin Myint ဤသူများသည် အကြင်သူ(မုနာဖိက်)များပင်ဖြစ်သည်၊ ထိုသူများ၏စိတ်နှလုံးများထဲတွင်ရှိသည်များကို အလ္လာဟ်အရှင်မြတ်သည် သိတော်မူသည်။ သို့ဖြစ်ရာ အသင်(တမန်တော်)သည် သူတို့အား လျစ်လျူရှုနေပါ။ ၎င်းပြင် သူတို့အား ဆိုဆုံးမပါ။ ထို့ပြင် အသင်သည် သူတို့အား သူတို့၏စိတ်နှလုံးများထဲသက်ဆင်းမည့် ထိရောက်သောစကားမျိုးကို ပြောဆိုပါ။ |